Local News
သားငယ်က ကားထဲတွင်ပိတ်မိပြီး အသက်အန္တရာယ်စိုးရိမ်ရချိန်တွင် မှန်ခွဲပြီးကယ်ဆယ်ရန်ကြိုးစားရာ BMWကားကြီးပျက်စီးသွားမှာစိုးလို့ ငြင်းဆန်ခဲ့သည့်မိခင်
သားငယ်က ကားထဲတွင်ပိတ်မိပြီးအပူလောင်ကာ အသက်အန္တရာယ်စိုးရိမ်ရချိန်တွင် မှန်ခွဲပြီးကယ်ဆယ်ရန်ကြိုးစားရာ BMWကားကြီးပျက်စီးသွားမှာစိုးလို့ ငြင်းဆန်ခဲ့သည့်မိခင်
လူကြီးမိဘများအနေဖြင့် သားငယ်သမီးငါ်လေးတွေကို ကားထဲတွင် မထားခဲ့ရန်မှာ လွန်စွာအရေးကြီးလှပေသည်။ ကားကိုနေရောင်အောက်၌ ရပ်ထားချိန်တွင် အပူလွန်ကဲပြီး ကားထဲတွင်ရှိနေပါက ကလေးတို့အတွက် စိုးရိမ်ရတာဖြစ်ပါတယ်။
ယခုတွင်လည်း တရုတ် မိခင်တစ်ဦးဟာ ၃နှစ်အရွယ်သားကို ကားထဲထားခဲ့ရာမှ တံခါးလော့ကျသွားပြီး ပိတ်မိနေခဲ့ပါတယ်။ထို့နောက် အချိန်ကြာလာသောအခါ ကလေးကအပူလွန်ပြီး ကျယ်လောင်စွာအော်နေခဲ့ပါတယ်။ထိုအခါဘေးပတ်ဝန်းကျင်ရှိလူများကကားမှန်ခွဲပြီးကယ်ဆယ်ဖို့ကြိုးပမ်းရာ မိခင်က BMWကားကြီးပျက်စီးသွားမှာ စိုးရိမ်သည့်အတွက် ခွင့်ပြုခဲ့ခြင်းမရှိခဲ့ပေ။
နောက်ပိုင်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရောက်ရှိလာခဲ့ပြီး ကလေးငယ်အတွက် စိုးရိမ်ရသည့် အခြေအနေရှိနေသောကြောင့် မိခင်၏စကားကို နားမထောင်ဘဲ ကားမှန်ခွဲပြီး ကယ်ဆယ်ခဲ့ပါတယ်။
Zawgyi
crd