Local News

မိဘတွေကိုလုံးဝလှည့်မကြည့်တဲ့သားသမီးတွေကြောင့် တဲစုတ်လေးထဲမှာသာ ချို့တဲ့စွာနေထိုင်နေရတဲ့ အဘိုးအဘွား

မိဘတွေကိုလုံးဝလှည့်မကြည့်တဲ့သားသမီးတွေကြောင့် တဲစုတ်လေးထဲမှာသာ ချို့တဲ့စွာနေထိုင်နေရတဲ့ အဘိုးအဘွား

ဖိလစ်ပိုင်နိုင်ငံ ၊ မနီလာမြို့ မှာနေထိုင်တဲ့ အဘိုးအဘွားစုံတွဲဟာ ၎င်းတို့ရဲ့ခက်ခဲလွန်းလှတဲ့အဖြစ်အပျက်ကိုရေဒီယိုအစီအစဉ်တင်ဆက်သူကတွေ့ရှိခဲ့ပြီးနောက် ၊ social media ပေါ်မှာ အတော်လေးကို လူပြောများတဲ့အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ် ။ အဆိုပါစုံတွဲမှာ သားသမီး 4 ယောက်ရှိပါတယ် ၊ သို့ပေမဲ့လည်း သားသမီး 3 ယောက်က မိဘကို လုံးဝလှည့်မကြည့်သလို ၊ ဂရုလည်းမစိုက်ကြပါဘူး ။

ဒါကြောင့် ကျန်ရှိနေတဲ့ သား 1 ဦးထံ မှီခိုပြီး နေထိုင်နေကြရတာပါ ။ သို့ပေမဲ့လည်း အဆိုပါ သားဖြစ်သူကလည်း လက်ရှိအချိန်မှာ ကိုယ်ပိုင်မိသားစု ရရှိသွားပြီဖြစ်လို့ ၎င်းတို့ကိုမထောက်ပံ့နိုင်တော့ဘဲ ၊ အလုပ်ရှင်ရဲ့နေအိမ်မှာသာ နေထိုင်နေလျက်ရှိပါတယ် ။ဒါကြောင့်အဘိုးအဘွားလင်မယားနှစ်ယောက်ဟာ ၎င်းတို့သက်နိုင်သလောက်နေထိုင်လို့ရတဲ့ တဲစုတ်လေးထဲမှာသာနေထိုင်နေရပြီး ၊ အချို့နေ့တွေဆိုရင်စားစရာမရှိတဲ့အထိဆာလောင်ချို့တဲ့စွာ နေထိုင်ခဲ့ကြရပါတယ် ။

ရေဒီယိုအစီအစဉ်တင်ဆက်သူက မမျှော်လင့်ဘဲအဆိုပါတဲစုတ်လေးထဲမှာအဘိုးအဘွားကိုတွေ့ရှိပြီးနောက် ယခုလိုမေးမြန်းစုံစမ်းခဲ့တာဖြစ်ပါတယ် ။ အဘိုးအဘွားကတော့ ‘ ငါတို့ ငွေလိုပါတယ် ၊ ဒါပေမဲ့ သားသမီးတွေထံကပိုက်ဆံတော့မတောင်းပါဘူး ၊သူတို့ဆီကစာလေးတစ်စောင်ပဲမျှော်လင့်မိပါတယ် ၊ သူတို့ကိုလည်း စိတ်မဆိုးပါဘူး ၊ ကလေးတွေကို သတိရပြီး နောက်တစ်ကြိမ် ပြန်ဆုံတွေ့ချင်ရုံလေးပါ ‘ ဆိုပြီး ပြောဆိုသွားခဲ့ပါတယ် ။

Zawgyi

မိဘေတြကိုလုံးဝလွည့္မၾကည့္တဲ့သားသမီးေတြေၾကာင့္ တဲစုတ္ေလးထဲမွာသာ ခ်ိဳ႕တဲ့စြာေနထိုင္ေနရတဲ့ အဘိုးအဘြား

ဖိလစ္ပိုင္ႏိုင္ငံ ၊မနီလာၿမိဳ႕ မွာေနထိုင္တဲ့ အဘိုးအဘြားစုံတြဲဟာ ၎တို႔ရဲ႕ ခက္ခဲလြန္းလွတဲ့ အျဖစ္အပ်က္ကို ေရဒီယိုအစီအစဥ္တင္ဆက္သူကေတြ႕ရွိခဲ့ၿပီးေနာက္ ၊ social media ေပၚမွာ အေတာ္ေလးကို လူေျပာမ်ားတဲ့အေၾကာင္းအရာတစ္ခုျဖစ္လာခဲ့ပါတယ္ ။ အဆိုပါစုံတြဲမွာ သားသမီး 4 ေယာက္ရွိပါတယ္ ၊ သို႔ေပမဲ့လည္း သားသမီး 3 ေယာက္က မိဘကို လုံးဝလွည့္မၾကည့္သလို ၊ ဂ႐ုလည္းမစိုက္ၾကပါဘူး ။

ဒါေၾကာင့္ က်န္ရွိေနတဲ့ သား 1 ဦးထံ မွီခိုၿပီး ေနထိုင္ေနၾကရတာပါ ။ သို႔ေပမဲ့လည္း အဆိုပါ သားျဖစ္သူကလည္း လက္ရွိအခ်ိန္မွာ ကိုယ္ပိုင္မိသားစု ရရွိသြားၿပီျဖစ္လို႔ ၎တို႔ကိုမေထာက္ပံ့ႏိုင္ေတာ့ဘဲ ၊ အလုပ္ရွင္ရဲ႕ေနအိမ္မွာသာ ေနထိုင္ေနလ်က္ရွိပါတယ္ ။ဒါေၾကာင့္အဘိုးအဘြားလင္မယားႏွစ္ေယာက္ဟာ ၎တို႔သက္ႏိုင္သေလာက္ေနထိုင္လို႔ရတဲ့ တဲစုတ္ေလးထဲမွာသာေနထိုင္ေနရၿပီး ၊ အခ်ိဳ႕ေန႔ေတြဆိုရင္ စားစရာမရွိတဲ့အထိ ဆာေလာင္ခ်ိဳ႕တဲ့စြာ ေနထိုင္ခဲ့ၾကရပါတယ္ ။

ေရဒီယိုအစီအစဥ္တင္ဆက္သူက မေမွ်ာ္လင့္ဘဲ အဆိုပါတဲစုတ္ေလးထဲမွာ အဘိုးအဘြားကိုေတြ႕ရွိၿပီးေနာက္ ယခုလိုေမးျမန္းစုံစမ္းခဲ့တာျဖစ္ပါတယ္ ။အဘိုးအဘြားကေတာ့ ‘ ငါတို႔ ေငြလိုပါတယ္ ၊ ဒါေပမဲ့ သားသမီးေတြထံက ပိုက္ဆံေတာ့မေတာင္းပါဘူး ၊ သူတို႔ဆီက စာေလးတစ္ေစာင္ပဲ ေမွ်ာ္လင့္မိပါတယ္ ၊ သူတို႔ကိုလည္း စိတ္မဆိုးပါဘူး ၊ ကေလးေတြကို သတိရၿပီး ေနာက္တစ္ႀကိမ္ ျပန္ဆုံေတြ႕ခ်င္႐ုံေလးပါ ‘ ဆိုၿပီး ေျပာဆိုသြားခဲ့ပါတယ္ ။

crd