Local News

မိမိသုံးဖို့ ငွေကျပ် နှစ်ထောင်ကျပ်သာ ဖယ်ပြီး ကျန်ရှိတဲ့သိန်းပေါင်းများစွာ အကုန် လှူဒါန်းခဲ့တဲ့ အလှူရှင်

မြန်မာလူမျိုးအများစုဟာ အလှူအတန်းရက်ရောကြတာ အစဥ်အလာတစ်ခုလိုဖြစ်နေပါပြီ။ ယခုလည်း ဦးသန်းစိန် အမည်ရှိ အမျိုးသားတစ်ဦးဟာ သူပင်ပန်းစွာကြိုးစားရှာဖွေခဲ့တဲ့ ငွေများအားလုံးကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဦးသန်းစိန် ဟာ အဝီစိတွင်း စက်ရေတွင်း အငှားလိုက်တူးပေးပြီး ရေတွင်းတူးခအနေနဲ့ ရရှိသမျှငွေများကို ခြစ်ခြစ်ကုတ်ကုတ်စုဆောင်းထားခဲ့တာဖြစ်ပါတယ်။

သူဟာ ခြိုးခြံချွေတာစွာ စားသောက်နေထိုင်ပြီးစုဆောင်းခဲ့တာ စုစုပေါင်း ငွေ ၄၅၀,၂၀၀ဝ ကျပ် (လေးဆယ့်ငါးသိန်းနှစ်ထောင်ကျပ်) ရရှိခဲ့ပါတယ်။

ထိုငွေထဲမှ (၂၀၀ဝ)ကျပ် ကိုသာ သုံးစွဲရန် ချန်ထားခဲ့ပြီးကျန်ရှိတဲ့ လေးဆယ့်ငါးသိန်း ကျပ်ကိုစလင်းမြို့ သာသနဟိတနေ့စဉ်အရုဏ်ဆွမ်းလောင်းအသင်းကြီးသို့ ရာသက်ပန် ငွေပင်ငွေရင်း ပဒေသာပင်အဖြစ် စိုက်ထူလှူဒါန်းခဲ့ကြောင်းသိရပါတယ်။

သူ့ရဲ့ ဒါနကုသိုလ်ကို ပရိတ်သတ်တွေအနေနဲ့လည်း သာဓုအနုမောဒနာခေါ်ဆိုနိုင်စေရန် ဖော်ပြပေးလိုက်ရပါတယ်။