ဗဟုသုတ

“ကိုယ်တိုင်ချက်ပြီး အလှူလုပ်ချင်သူများအတွက် လက်ဖက်ထမင်း.၊.ခေါက်ဆွဲကြော် ၊ထမင်းကြော်၊ ကြာဇံကြော် လူ ၁၀၀ စာ ချက်နည်း”

အလှူလုပ်ချင်သူများအတွက် လက်ဖက်ထမင်း..🥗ခေါက်ဆွဲကြော်🍜 ထမင်းကြော်🍜 ကြာဇံကြော်🥗အိုးကြီး လူ၁၀၀စာ ချက်နည်း . . .

(၁) လက်ဖက်ထမင်း

လက်ဖက် ခရမ်းချဥ်သီး ကြက်သွန်ဖြူ ဂေါ်ဖီ အ​ကြော်စုံ ဆီ ထမင်း ပုစွန်ခြောက် နှမ်း ငံပြာရည် ကြက်သားမှုန့်

သံပုရာရည် အကုန်ရောသုပ်ပါ ဘဲဥကြော်ပြီး အပေါ်မှတင်ပါ။ တစ်ခါတည်းမနယ်ရ ၃ခါခွဲပြီးသုပ်ပါ။

လက်ဖက် ၄၀သား

ထမင်းချက်ပြီးသား ၅ပြည်ခွဲ

ဆီ ၂လီတာ

ခရမ်းချဥ်သီး အလုံး၅၀

ဂေါ်ဖီ ၁ထုပ်

အ​ကြော်စုံ ၇ဝသား

ပုစွန်ခြောက် ၃၀သား

ငံပြာရည် ထမင်းစားဇွန်း ၂၅

ကြက်သားမှုန့် အထုပ်သေး ၂ထုပ်ခွဲ

သံပုရာသီး ၂၀

နှမ်း ၂၀ သား

ငရုတ်စိမ်း ၅၀သား

ကြက်သွန်ဖြူ ၂၀သား

ဘဲဥ အလုံး၁၀၀

(၂) ခေါက်ဆွဲကြော်

ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ

ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ

ခေါက်ဆွဲကို ပဲငံပြာရည် ခရုဆီ ဆား ကြက်သားမှုန့် သကြား ထည့်ပြီးနယ်ပါ ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ ရေအနည်းငယ်ထည့်ပြီး

အသားကျက် ရေခမ်းကြော်ပါ ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ အသီးရွက်အိပြီဆိုမှ ​ခေါက်ဆွဲထည့်ကြော်ပါ

ခေါက်ဆွဲကြော်နေစဥ်အောက်ခြေမတူးစေရန် ရေအနည်းငယ်ထည့်ထည့်ပြီး ကြော်ပေးပါ မီးမပြင်းရပါ

တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ

တရုတ်နံနံအုပ်ပါ

ခေါက်ဆွဲ ၅ပိသာ

ဂေါ်ဖီ ၂ထုပ်

မုန်လာဥ ၁ပိသာခွဲ

တရုတ်နံနံ ၄၀၀ဖိုး

ပဲငံပြာရည်ဗူးသေး ၂ဗူး

သကြား ၂၅သား

ဆား ထမင်းစားဇွန်း ၂၀

ခရုဆီဗူးသေး ၂ဗူး

ကြက်သား ၅၀ သား

ဆီ ၃လီတာ

ကြက်သားမှုန့်အထုပ်သေး ၁ထုပ်ခွဲ

ဘဲဥ ၅၀လုံး

အချဥ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ဂေါ်ဖီ၁ထုပ်ဝက် ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ

(၃) ထမင်းကြော်

ဗူး၁၀၀အတွက် ဘဲဥအလုံး၁၀၀ကြော်ထားပါ

ချက်ပြီးသားထမင်း ကြက်သွန်နီ ပဲငံပြာရည် ဆား သကြား ကြက်သားမှုန့် ခရုဆီ ငရုတ်ကောင်းထည့်ပြီးရောနယ်ပါ ဆီဆူဆူထဲ ဘဲဥ ၇လုံး ထည့်ပြီးမွှေကြော်ပါ ဘဲဥအသားမာမာလေးဖြစ်မှ နယ်ထားတဲ့ထမင်းရောထည့်ကြော်ပါ မီးမပြင်းရပါ ပြီးမှအပေါ်ကနေဘဲဥကြော်အုပ်ပါ

ထမင်း ၆ပြည်

ဆီ ၂လီတာ

ကြက်သွန်နီ ၁၀လုံး

ပဲငံပြာရည်ဗူးသေး ၁ပုလင်း

ဆား ထမင်းစားဇွန်း ၂၀

အချိုမှုန့် အထုပ်သေး ၂ထုပ်

ခရုဆီ ထမင်းစားဇွန်း ၂၀

သကြား ၁၀ သား

ငရုတ်ကောင်းဗူးသေး ၁ဗူး

ဘဲဥ အလုံး ၁၀၀ + အိုးထဲရောကြော်ဖို့ ၇လုံး

အချဥ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ဂေါ်ဖီ၁ထုပ်ဝက် ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ

(၄) ကြာဇံကြော်

ဘဲဥကို ကြော်ပြီး ကတ်ကြေးဖြင့်ညှပ်ထားပါ

ကြက်သားကိုအတုံးသေးသေးလေးတုံးထားပါ

ကြာဇံကိုနာရီဝက်ရေကြိုစိမ်ထားပါ ကြာဇံသားပွလာပြီဆိုဇကာနဲ့ဆယ်ပြီးရေစစ်ထားပါ ရေကုန်သလောက်ရှိပြီဆို ပဲငံပြာရည် ခရုဆီ ဆား သကြား ငရုတ်ကောင်းထည့်ပြီးနယ်ပါ ဆီဆူဆူထဲ ကြက်သားအတုံးသေးများထည့်ကြော်ပါ ရေအနည်းငယ်ထည့်ပြီး အသားကျက် ရေခမ်းကြော်ပါ ကြက်သားကျက်လောက်ပြီဆိုမှ ဂေါ်ဖီ နဲ့ မုန်လာဥထည့်ကြော်ပါ အသီးရွက်အိပြီဆိုမှ ကြာဇံထည့်ကြော်ပါ တရုတ်နံနံအုပ်ပါ

ကြော်နေစဥ်အောက်ခြေမတူးစေရန် ရေအနည်းငယ်ထည့်ထည့်ပြီး ကြော်ပေးပါ မီးမပြင်းရပါ

တစ်ပွဲစာပြင်ပြီး အပေါ်မှတစ်ပွဲစာဘဲဥကြော်ညှပ်ထည့်ပါ

ကြာဇံအစိတ်သားထုပ် ၂၀ထုပ်

ဂေါ်ဖီ ၂ထုပ်

မုန်လာဥ ၁ပိသာခွဲ

တရုတ်နံနံ ၄၀၀ဖိုး

ပဲငံပြာရည်ဗူးသေး ၂ဗူး

သကြား ၂၅သား

ဆား ထမင်းစားဇွန်း ၂၀

အချိုမှုန့် အထုပ်သေး ၂ထုပ်

ခရုဆီဗူးသေး ၂ဗူး

ကြက်သား ၅၀ သား

ဆီ ၃လီတာ

ငရုတ်ကောင်း ဗူးသေး၁ဗူး

ဘဲဥ ၅၀လုံး

အချဥ်အတွက်ကတော့ ကြက်သွန်နီအလုံး၂၀ ဂေါ်ဖီ၁ထုပ်ဝက် ငရုတ်သီး၅၀ သား ပါးပါးလှီးထည့်ပြီး သံပုရာရည်ဗူးသေး ၂ဗူးထည့်နယ်ပါ

အချိုမှုန့်မသုံးချင်ရင်ကြက်သားမှုန့်အစားထိုးသုံးပါ

အရသာအပေါ့အငန်အတွက်လိုသလိုထပ်မံပြုပြင်နိုင်ပါသည် အကြမ်းဖျင်းတွက်ထားသလောက်ချရေးပြလိုက်ပါတယ်

Credit post Thin Phyu Soe

Credit photo Original owner