ဗဟုသုတ

၅၀၀ ကျပ်တန် ထမင်းဆိုင်၊ ရေတက်ငါးစင်ရိုင်းနှယ် လှူတော့ လှူတယ် လွဲနေတဲ့ ရွှေမြန်မာများ (လှူတတ်ကြပါစေ လှူနိုင်ကြပါစေ )

၅၀၀ ကျပ်တန် ထမင်းဆိုင်၊ ရေတက်ငါးစင်ရိုင်းနဲ့ လှူတော့ လှူတယ် လွဲနေတဲ့ ရွှေမြန်မာများ လှူတတ်ကြပါစေ လှူနိုင်ကြပါစေ

ရေးသားသူ – တင်ညွန့်

ကျွန်တော်တို့ မြန်မာတွေကို ရေတက် ငါးစင်ရိုင်းနှင့် နှိုင်းခြင်းခံရလျှင် နာပါသည်။ အဘယ်ကြောင့်နည်းဘာမဆို ဝုန်းဝုန်းဆိုပြီးလိုက်လုပ်ကြ၊ ပြီးလျှင်ရပ်သွားကြဆိုသည့် သဘောဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ကျွန်တော် မခံချင်။

သို့သော် ပြောစရာကား ဖြစ်နေသည်နေ့လယ်စာသေတ္တာတွေကို တီထွင်ကြသည်။ အပြိုင်အဆိုင် လမ်းဘေးတွေမှာ သေတ္တာလှလှလေးတွေကိုထား၊မုန့်တွေထည့်၊ ရေသန့်ဘူးတွေထည့်ကြသည်။ သို့သော် ယူပြန်တော့လည်း ဓာတ်ပုံတွေရိုက်ကာ အရှက်ခွဲကြပြန်သည်။ယူသူတွေကလည်းအခွင့်အရေးတစ်ခုဟု ယူဆကာ မညှာမတာယူကြ သည်။ နောက်လူအတွက် ကိုယ်ချင်းစာစိတ်မထား။ ဤသည်ကို မြန်မာ့စိတ်ထားဟု ပြောခြင်း အပေါ်လည်း ခံပြင်းမိသည်။

ဆင်းရဲကြသည်။ ပညာမဲ့ကြသည်။စဉ်းစားတွေးခေါ်ခြင်းမပြုနိုင်။ကျောင်းတွေကမသင်။ မျှဝေခြင်း၊ကူညီခြင်း၊ပေးဝေခြင်းကိုစိတ်ထားရှိသူတွေကလုပ်ကြသော်လည်း ထိုသို့သော စိတ်ထားမရှိသူတွေက များနေသောအခါတွင် ကုသိုလ်ကအကုသိုလ်ဖြစ်ကုန်သည်။နောက်တစ်ခါ လာပြန်သည် ၅၀၀ တန် နေ့လယ်စာအစီအစဉ်။ သာဓုခေါ်မိသည်။

မရှိသူတွေအတွက် စားကြပါစေဆိုသည့် စေတနာဖြင့် ၅၀၀ မျှမကတန်သော ထမင်းနှင့် ဟင်းများကို ၅၀၀ ကျပ်နှင့် ရောင်းကြသည်။ မြန်မာစကားတွင် မလှူတတ်လျှင်ဈေးရောင်းဆိုသည့် အဆိုလေးတစ်ခုရှိသည်။ ဟိုနေရာလည်းရောင်း၊ သည်နေရာလည်းရောင်း၊ တန်းစီကာ အားပေးကြသည်မှာ ဝမ်းသာပီတိဖြစ်မိ ပါသည်။

သို့သော် တဖြည်းဖြည်း မှိန်ကုန်သည်။ မှိန်ပြီးလျှင် နေ့လယ်စာသေတ္တာတွေလို ပျောက်သွားမည်ကိုစိုးရိမ်မိသည်။ မြန်မာတွေစေတနာထက်သန်ကြပါသည်။ အလှူအတန်း ရက်ရောကြပါသည်။ သို့သော် ရေရှည်ခံမည့်၊ အကျိုးလည်း တကယ်ရှိမည့် အလှူမျိုးကို စဉ်းစားကြစေချင်သည်။ကျွန်တော်က လမ်းလျှောက်ပြီးပြန်လာလျှင် ထမင်းကြော်စားလေ့ရှိသည်။

ထမင်းကြော်ဆိုင်တွင် ကြက်ဥကြော်နှင့်ပင် ၈၀၀ ကျပ်ဖြစ်နေသည်။ အသားနှင့်ဆိုလျှင် ၁၀၀၀ကျပ်ယူသည်။ ဈေးတွေတက်ကုန်သည်။ မုန့်ဟင်းခါးတစ်ပွဲက အကြော်မပါ တစ်ပွဲ ၅၀၀ ဖြစ်လာသည်။ မဝသဖြင့် ပါဆယ်ဆွဲလာ၊ အိမ်ရောက်မှ ထမင်းနှင့်ရောကာစားရသည်။

ထိုသို့သော အချိန်မျိုးတွင် ထမင်းတစ်ပွဲ ၅၀၀ ရောင်းခြင်းမှာ တော်ရုံစေတနာ၊ တော်ရုံမေတ္တာနှင့်မရနိုင်ပါ။ သို့သော်စားသူကစားသွားပြီး နောက်ပိုင်းရေရှည်တောင့်မခံနိုင်လျှင် ရည်ရွယ်ချက်ကောင်းသော စေတနာအလှူမှာ ပျက်သွားပါက ရှက်စရာဖြစ်တော့မည်။နည်းလမ်းရှာသင့်ပြီ။ကျွန်တော်တို့ မြန်မာတွေ ယခုမှ ပိုပြီးညီညွတ်လာကြသည်။ သွေးစည်းလာကြသည်။ လက်တွဲလာကြ သည်။

သို့သော် ရေရှည်အကျိုးကို မျှော်ကိုးကြလျှင်ကောင်းမည်ထင်ပါသည်။ ရေရှည်အကျိုးရှိမည့်အလှူမျိုးကိုလှူကြစေချင်သည်။ကြားဖူးဖတ်ဖူးသည့် အကြောင်းအရာတစ်ခုကို မျှဝေချင်ပါသည်။ ဘရာဇီးလ်နိုင်ငံတွင် အလွန်ချမ်းသာသောသူဌေးကြီးတစ်ယောက်ရှိသည်။ သူကတစ်နေ့တွင် ဤသို့ ကြေညာချက်ထုတ်ပြန်သည်။

“ကျွန်ုပ်ပိုင်ဆိုင်သော ဒေါ်လာ သန်းချီတန်သည့် ဘင့်တ်လေကားအား ကျွန်ုပ်သေလျှင် မြေကြီးထဲ၌ အတူတူမြှုပ်ပါမည်။ နောင်ဘဝတွင်ကျွန်ုပ်အနေဖြင့် ထိုကားကိုစီးနိုင်ရန်ဖြစ်သည်” ဟူ၏။ထိုသတင်းကိုကြားသည့်အခါတွင်မီဒီယာတွေကလည်း သူ့ကိုအာရုံစိုက်လာကြသည်။ ထို့ပြင်ဝေဖန်မှုတွေကလည်း မြင့်တက်လာသည်။“သက်သက်ဖြုန်းတီးတာပဲ”“ဒီလောက်အဖိုးတန်တာကြီးကို ရောင်းပြီးတော့ လှူခဲ့ပါလား”“သေရင်ကိုယ့်နောက်ပါမှာလား”စသည်ဖြင့် အမျိုးမျိုးပြောဆိုကြပါသည်။ထို့ကြောင့် သူဌေးကြီးသည် မီဒီယာနှင့်တွေ့ဆုံပွဲကို တစ်နေ့တွင် ပြုလုပ်သည်။ မီဒီယာတွေရော လူတွေကရော စိတ်ဝင်စားစွာဖြင့် ရှင်းလင်းပွဲလုပ်မည့် သင်္ချိုင်းကို ရောက်လာကြသည်။

သင်္ချိုင်းတွင် ကားတစ်စီးစာဝင်ဆန့်မည် မြေကျင်းကြီးကို တူးထားသည်။ သူနှင့်အတူ မြှုပ်နှံပေးရန် ဆိုသည့် ဘင့်တ်လေ ကားကြီးကိုလည်း မြေကျင်းအနီးတွင် ပြသထားသည်။သူဌေးကြီးက ရောက်လာပြီး “ကျုပ် … ဒီဒေါ်လာသန်းချီတန်တဲ့ ကားကြီးကို တကယ်ပဲ မြေထဲမြှုပ်မယ်ထင်ကြသလား” သူ့မေးခွန်းကြောင့် အားလုံး စိတ်ဝင်စားကာ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ သူကဆက်ပြောသည်“ကျုပ် ဒီကားကြီးကိုအတူတူမြှုပ်မယ်ပြောတော့ခင်ဗျားတို့ ပြစ်တင်ဝေဖန်ကြတယ်လေ … ဒေါ်လာ တစ်သန်းတန်ကားကြီးကို ဘာဖြစ်လို့ မြှုပ်မှာလဲ … အဓိပ္ပာယ်မရှိဘူးပေါ့”သူက နားလိုက်ပြီးမှ ဆက်ပြောသည် “ခင်ဗျားတို့လည်း အဖိုးတန်တာတွေကို အလကား မြေမြှုပ်ပစ်နေကြတာပဲ မဟုတ်လား”

မီဒီယာသမားများကို စိတ်ဝင်စားသဖြင့် မေးကြသည်။ “သူဌေးကြီး ဘာတွေကို အလကားမြှုပ်ပစ်နေကြလို့လဲ”“နှလုံးတွေ၊ အသည်းတွေ၊အဆုတ်တွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေလေ … သေပြီပဲဗျာ ခင်ဗျားတို့ ဘာဖြစ်လို့ အလကားဖြစ်အောင် လုပ်ကြတာလဲ။လောကကြီးမှာ အသည်း၊ နှလုံး၊ကျောက်ကပ်၊ မျက်လုံး တွေကို အစားထိုးဖို့ စောင့်နေတဲ့သူတွေ အများကြီးဗျ။ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာ အစိတ် အပိုင်းတွေဟာ လိုအပ်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးပါတယ်။ သေသူက သေသွားပြီဆိုပေမယ့် … ကယ်တင်နိုင်တဲ့ အသက်တွေ အများကြီးပါ”

အမှန်တော့သူဌေးကြီးသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းရန်အတွက် ထိုသို့ပွဲဖြစ်ရန် စီစဉ်ခြင်း ဖြစ်သည်။မည်သူ့ကိုလှူသင့်သည် မည်မျှလှူသင့်သည် မည်သို့လှူသင့်သည် မည်သည့်နေရာကိုလှူသင့်သည် ပြောစရာမလိုဟုထင်ပါသည်။သို့သော် လှူသင့်လှူထိုက်သောအလှူ၊ကူသင့်ကူထိုက်သောအလှူ ပေးသင့် ပေးထိုက်သောအလှူ၊ ကျွေးသင့် ကျွေးထိုက်သောအလှူမျိုး ဖြစ်လျှင် ပိုကောင်းမည်ထင်ပါသည်။

ရေနစ်သူအတွက် ကောက်ရိုးလေးတစ်မျှင် ဖြစ်လျှင် ပိုကောင်းပါသည်ရေရှည်အကျိုး မျှော်ကိုးကြပါ ရောက်သင့်သည့်နေရာ ရောက်ပါစေ လိုသည့်နေရာတွေကို လိုအပ်တာတွေရောက်ပါစေ လှူတတ်ကြပါစေကြောင်း ဆုတောင်းပါသည်။

တင်ညွန့် ၄.၁.၂၀၂၂

ZAWGYI

၅၀၀ ကျပ်တန် ထမင်းဆိုင်၊ ရေတက်ငါးစင်ရိုင်းနဲ့ လှူတော့ လှူတယ် လွဲနေတဲ့ ရွှေမြန်မာများ လှူတတ်ကြပါစေ လှူနိုင်ကြပါစေ

ရေးသားသူ – တင်ညွန့်

ကျွန်တော်တို့ မြန်မာတွေကို ရေတက် ငါးစင်ရိုင်းနှင့် နှိုင်းခြင်းခံရလျှင် နာပါသည်။ အဘယ်ကြောင့်နည်းဘာမဆို ဝုန်းဝုန်းဆိုပြီး လိုက်လုပ်ကြ၊ ပြီးလျှင် ရပ်သွားကြဆိုသည့် သဘောဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ကျွန်တော် မခံချင်။

သို့သော် ပြောစရာကား ဖြစ်နေသည်နေ့လယ်စာသေတ္တာတွေကို တီထွင်ကြသည်။ အပြိုင်အဆိုင်လမ်းဘေးတွေမှာ သေတ္တာလှလှလေးတွေကိုထား၊ မုန့်တွေထည့်၊ ရေသန့်ဘူးတွေထည့်ကြသည်။ သို့သော် ယူပြန်တော့လည်း ဓာတ်ပုံတွေရိုက်ကာအရှက်ခွဲကြပြန်သည်။ ယူသူတွေကလည်းအခွင့်အရေးတစ်ခုဟု ယူဆကာ မညှာမတာယူကြ သည်။ နောက်လူအတွက် ကိုယ်ချင်းစာစိတ်မထား။ ဤသည်ကို မြန်မာ့စိတ်ထားဟု ပြောခြင်းအပေါ်လည်း ခံပြင်းမိသည်။

ဆင်းရဲကြသည်။ ပညာမဲ့ကြသည်။စဉ်းစားတွေးခေါ်ခြင်းမပြုနိုင်။ကျောင်းတွေကမသင်။မျှဝေခြင်း၊ကူညီခြင်း၊ ပေးဝေခြင်းကိုစိတ်ထားရှိသူတွေကလုပ်ကြသော်လည်း ထိုသို့သော စိတ်ထားမရှိသူတွေက များနေသောအခါတွင် ကုသိုလ်က အကုသိုလ်ဖြစ်ကုန်သည်။နောက်တစ်ခါ လာပြန်သည် ၅၀၀တန် နေ့လယ်စာအစီအစဉ်။ သာဓုခေါ်မိသည်။ မရှိသူတွေအတွက် စားကြပါစေဆိုသည့် စေတနာဖြင့် ၅၀၀ မျှမကတန်သောထမင်းနှင့် ဟင်းများကို ၅၀၀ ကျပ်နှင့် ရောင်းကြသည်။ မြန်မာစကားတွင် မလှူတတ်လျှင်ဈေးရောင်းဆိုသည့် အဆိုလေးတစ်ခုရှိသည်။ ဟိုနေရာလည်းရောင်း၊ သည်နေရာလည်းရောင်း၊ တန်းစီကာ အားပေးကြသည်မှာ ဝမ်းသာပီတိဖြစ်မိ ပါသည်။

သို့သော် တဖြည်းဖြည်း မှိန်ကုန်သည်။ မှိန်ပြီးလျှင် နေ့လယ်စာသေတ္တာတွေလို ပျောက်သွားမည်ကိုစိုးရိမ်မိသည်။ မြန်မာတွေစေတနာထက်သန်ကြပါသည်။ အလှူအတန်းရက်ရောကြပါသည်။သို့သော်ရေရှည်ခံမည့်၊အကျိုးလည်းတကယ်ရှိမည့်အလှူမျိုးကို စဉ်းစားကြစေချင်သည်။ ကျွန်တော်ကလမ်းလျှောက်ပြီးပြန်လာလျှင် ထမင်းကြော်စားလေ့ရှိသည်။ ထမင်းကြော်ဆိုင်တွင် ကြက်ဥကြော်နှင့်ပင် ၈၀၀ကျပ်ဖြစ်နေသည်။အသားနှင့်ဆိုလျှင် ၁၀၀၀ကျပ်ယူသည်။ ဈေးတွေတက် ကုန်သည်။ မုန့်ဟင်းခါးတစ်ပွဲက အကြော်မပါ တစ်ပွဲ ၅၀၀ ဖြစ်လာသည်။ မဝသဖြင့် ပါဆယ်ဆွဲလာ၊ အိမ်ရောက်မှ ထမင်းနှင့်ရောကာစားရသည်။

ထိုသို့သော အချိန်မျိုးတွင် ထမင်းတစ်ပွဲ ၅၀၀ ရောင်းခြင်းမှာ တော်ရုံစေတနာ၊ တော်ရုံမေတ္တာနှင့်မရနိုင်ပါ။ သို့သော်စားသူကစားသွားပြီး နောက်ပိုင်းရေရှည်တောင့်မခံနိုင်လျှင် ရည်ရွယ်ချက်ကောင်းသော စေတနာအလှူမှာ ပျက်သွားပါကရှက်စရာဖြစ်တော့မည်။ နည်းလမ်းရှာသင့်ပြီ။ကျွန်တော်တို့ မြန်မာတွေ ယခုမှ ပိုပြီးညီညွတ်လာကြသည်။ သွေးစည်းလာကြသည်။ လက်တွဲလာကြ သည်။

သို့သော် ရေရှည်အကျိုးကိုမျှော်ကိုးကြလျှင်ကောင်းမည်ထင်ပါသည်။ ရေရှည်အကျိုးရှိမည့် အလှူမျိုးကိုလှူကြစေချင်သည်။ကြားဖူးဖတ်ဖူးသည့် အကြောင်းအရာတစ်ခုကို မျှဝေချင်ပါသည်။ ဘရာဇီးလ်နိုင်ငံတွင် အလွန်ချမ်းသာသော သူဌေးကြီးတစ်ယောက်ရှိသည်။ သူကတစ်နေ့တွင် ဤသို့ကြေညာချက်ထုတ်ပြန်သည်။

“ကျွန်ုပ်ပိုင်ဆိုင်သော ဒေါ်လာ သန်းချီတန်သည့် ဘင့်တ်လေကားအား ကျွန်ုပ်သေလျှင် မြေကြီးထဲ၌ အတူတူမြှုပ်ပါမည်။ နောင်ဘဝတွင်ကျွန်ုပ်အနေဖြင့် ထိုကားကိုစီးနိုင်ရန်ဖြစ်သည်” ဟူ၏။ထိုသတင်းကိုကြားသည့်အခါတွင် မီဒီယာတွေကလည်း သူ့ကိုအာရုံစိုက်လာကြသည်။ ထို့ပြင်ဝေဖန်မှုတွေကလည်း မြင့်တက်လာသည်။“သက်သက်ဖြုန်းတီးတာပဲ”“ဒီလောက်အဖိုးတန်တာကြီးကို ရောင်းပြီးတော့ လှူခဲ့ပါလား”“သေရင်ကိုယ့်နောက်ပါမှာလား”စသည်ဖြင့် အမျိုးမျိုးပြောဆိုကြပါသည်။ထို့ကြောင့် သူဌေးကြီးသည် မီဒီယာနှင့်တွေ့ဆုံပွဲကို တစ်နေ့တွင် ပြုလုပ်သည်။ မီဒီယာတွေရော လူတွေကရော စိတ်ဝင်စားစွာဖြင့် ရှင်းလင်းပွဲလုပ်မည့် သင်္ချိုင်းကို ရောက်လာကြသည်။

သင်္ချိုင်းတွင် ကားတစ်စီးစာဝင်ဆန့်မည် မြေကျင်းကြီးကို တူးထားသည်။သူနှင့်အတူ မြှုပ်နှံပေးရန်ဆိုသည့် ဘင့်တ်လေကားကြီးကိုလည်း မြေကျင်းအနီးတွင် ပြသထားသည်။သူဌေးကြီးက ရောက်လာပြီး “ကျုပ် ဒီဒေါ်လာသန်းချီတန်တဲ့ ကားကြီးကို တကယ်ပဲမြေထဲမြှုပ်မယ်ထင်ကြသလား”သူ့မေးခွန်းကြောင့် အားလုံး စိတ်ဝင်စားကာ ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ သူကဆက်ပြောသည်“ကျုပ် ဒီကားကြီးကို အတူတူမြှုပ်မယ်ပြောတော့ ခင်ဗျားတို့ ပြစ်တင်ဝေဖန်ကြတယ်လေ … ဒေါ်လာ တစ်သန်းတန်ကားကြီးကို ဘာဖြစ်လို့ မြှုပ်မှာလဲ … အဓိပ္ပာယ်မရှိဘူးပေါ့”သူကနားလိုက်ပြီးမှ ဆက်ပြောသည်“ခင်ဗျားတို့လည်း အဖိုးတန်တာတွေကို အလကား မြေမြှုပ်ပစ်နေကြတာပဲ မဟုတ်လား”

မီဒီယာသမားများကို စိတ်ဝင်စားသဖြင့် မေးကြသည်။ “သူဌေးကြီး ဘာတွေကို အလကားမြှုပ်ပစ်နေကြလို့လဲ”“နှလုံးတွေ၊ အသည်းတွေ၊အဆုတ်တွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေလေ … သေပြီပဲဗျာ ခင်ဗျားတို့ ဘာဖြစ်လို့ အလကားဖြစ်အောင် လုပ်ကြတာလဲ။လောကကြီးမှာအသည်း၊ နှလုံး၊ကျောက်ကပ်၊ မျက်လုံး တွေကို အစားထိုးဖို့ စောင့်နေတဲ့သူတွေ အများကြီးဗျ။ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာ အစိတ် အပိုင်းတွေဟာ လိုအပ်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးပါတယ်။ သေသူက သေသွားပြီဆိုပေမယ့် … ကယ်တင်နိုင်တဲ့ အသက်တွေ အများကြီးပါ”

အမှန်တော့သူဌေးကြီးသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းရန်အတွက် ထိုသို့ပွဲဖြစ်ရန် စီစဉ်ခြင်း ဖြစ်သည်။မည်သူ့ကိုလှူသင့်သည် မည်မျှလှူသင့်သည် မည်သို့လှူသင့်သည် မည်သည့်နေရာကိုလှူသင့်သည် ပြောစရာမလိုဟုထင်ပါသည်။သို့သော် လှူသင့်လှူထိုက်သောအလှူ၊ကူသင့်ကူထိုက်သောအလှူ ပေးသင့် ပေးထိုက်သောအလှူ၊ ကျွေးသင့် ကျွေးထိုက်သောအလှူမျိုး ဖြစ်လျှင် ပိုကောင်းမည်ထင်ပါသည်။

ရေနစ်သူအတွက် ကောက်ရိုးလေးတစ်မျှင် ဖြစ်လျှင် ပိုကောင်းပါသည်ရေရှည်အကျိုး မျှော်ကိုးကြပါ ရောက်သင့်သည့်နေရာ ရောက်ပါစေ လိုသည့်နေရာတွေကို လိုအပ်တာတွေရောက်ပါစေ လှူတတ်ကြပါစေကြောင်း ဆုတောင်းပါသည်။

တင်ညွန့် ၄.၁.၂၀၂၂