ဗဟုသုတ

အဆီကျ ပိန်ဆေးတွေ အန္တရာယ်နှင့် ပိန်ဆေးကြောင့် ကျောက်ကပ် ပျက်စီသွားတဲ့ အမျိုးသမီး

အဆီကျ ပိန်ဆေးတွေ အန္တရာယ်နှင့် ပိန်ဆေးကြောင့် ကျောက်ကပ်စားသွားတဲ့အမျိုးသမီး.အခုခေတ်အစားအသောက်တွေကအရမ်းကိုအဝလွယ်တဲ့အတွက် ဝတဲ့သူတွေအများကြီးဖြစ်ပါတယ်။ လူဆိုတာက အစားအသောက်ကို ကြိုက်နှစ်သက်ကြသူချည်းဆိုတော့ စားလို့ကောင်းရင် ကျေနပ်အောင်ကို စားကြလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဝဝလာရတယ်။ ဝတော့အလှပျက်ပြီပေါ့။

အထူးသဖြင့်အမျိုးသမီးတွေဝလာတာနဲ့တန်ဖိုးကျပြီ။ဘယ်လိုနည်းနဲ့ပိန်အောင်ရမလဲ၊လုပ်ကိုလုပ်မယ်၊ပိန်ရင်ပြီးရောဆိုသူချည်းပဲ။ DIETလုပ်ရတာတွေ EXERCISE လုပ်ရတာတွေက ပင်ပန်းတယ်။ အလွယ်ဆုံးနည်းနဲ့ ပိန်ကျသွားမယ့်လမ်းကြောင်းကို ရွေးကြတယ်။ အဲဒီမှာ ပိန်ဆေးသောက်တော့တာပါပဲ။

ပိန်ဆေးမျိုးစုံ နိုင်ငံခြားကနေ ဝင်ပါတယ်။ ဝယ်သောက်လိုက်ကြတာ အစားအသောက်တွေပျက်၊ စအိုက အဆီတွေပန်းထွက်၊ဝမ်းတွေလျော၊အိပ်ရေးတွေပျက်၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ၊ စားပြီးသားတွေပြန်အန်ထွက်၊ ရုပ်တွေက မျက်တွင်းဟောက်ပက်နဲ့ လူမမာရုပ်ပေါက်လာတယ်။ ကိုယ်တွင်းစနစ်တွေလည်း ပျက်စီးကုန်တယ်၊ ကျန်းမာရေးချူချာပြီး နောက်ဆုံးမှာတော့ ဆေးရုံရောက်ကုန်ကြရပါတယ်။

မလေးရှားနိုင်ငံကတရုပ်အမျိုးသမီးတစ်ယောက်ဆိုရင်ပိန်ဆေးကို၁နှစ်ကျော်သောက်လာပြီးနောက်ဆေးရုံရောက်သွားပါတယ်။ဆေးစစ်လိုက်တော့ သူ့ကျောက် ကပ် ၂ ဖက်လုံးရှာမတွေ့တော့ဘူး။ ပိန်ဆေးတွေက ကျောက်ကပ်ကို စားသွားတာပါ။ အဲဒီဆေးရုံမှာပဲ သူသေသွားပါတယ်။

အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ယောက်ဆိုရင်လည်း ပိန်ဆေးတွေဆက်တိုက်သောက်လာတာ ၆ လအကြာမှာ နှလုံးအဆို့ရှင် ပျက်စီးသွားပါတယ်။ မသေပေမဲ့နှလုံးရောဂါကြီးနဲ့ ဘဝအရည်အသွေးကျဆင်းပြီနေသွားရတော့မယ်။ ပျော်ရွှင်စရာမရှိတော့ပါဘူး။တစ်လောကမြန်မာပြည်ကအမျိုးသမီးတစ်ယောက်လည်း ပိန်ဆေးစားလာတာ ၂ နှစ်လောက်အကြာမှာ စအိုကနေသွေးတွေပန်းထွက်လာတယ်။

ဆေးစစ်လိုက်တော့ အူတွေထဲမှာအလုံးတွေတည်နေပြီ။ ဗိုက်ခွဲပြီးတော့ အူတွေဖြတ်ထုတ်ပစ်လိုက်ရပါတယ်။ နောက်တစ်ယောက်ကလည်းမြန်မာပြည်ကပဲ။ သူကနေ့တိုင်းဝမ်းနှုတ်ဆေးတွေ စားနေတာ။ ဆေးမစားရင် ကျင်ကြီးမစွန့်တော့ဘူး။ အညစ်အကျေးစွန့်တဲ့စနစ်ပျက်သွားပြီး ထမင်းစားပြီးတိုင်း ဝမ်းနှုတ်ဆေးတွေစားနေတော့ အူတွေကလည်း အာဟာရကိုမစုပ်နိုင်တော့ဘူး။ မကြာဘူးကြောကုန်းအရိုးကြီးစောင်းပြီး အရိုးကအတက်ထွက်လာတယ်။သူ့အရိုးတွေစစ်ကြည့်လိုက်တော့ ဆန်ကာပေါက်တွေဖြစ်နေပြီ။ သူလည်းလုံးပါးပါးတော့မှာ သေချာတယ်။

ပူးတွဲပါဓာတ်ပုံကိုပို့လာတာကလည်း မြန်မာပြည်က အမျိုးသမီးတစ်ယောက်ပါပဲ။ သူလည်းဝတော့ပိန်ဆေးတွေ ဝယ်သောက်ပါတယ်တဲ့။ ၆ လလောက်အကြာမှာ ကျောက်ကပ်တစ်ဖက်က နာလာတာနဲ့အာတြာဆောင်းသွားရိုက်ကြည့်တဲ့အခါမှ ပုံမှာမြင်ရတဲ့အတိုင်း ကျောက်ကပ်တစ်ဘက်က ၃ ပုံ ၁ ပုံပဲ ကျန်ပါတော့တယ်။ ပိန်ဆေးကကျောက်ကပ်ကို စားသွားတာ။ နောက် ၁ နှစ်လောက်ဆိုရင် ကျောက်ကပ် ၂ ဖက်လုံးရှိတော့မှာ မဟုတ်ဘူး။ အသိစောလို့ပေါ့။

တကယ်တော့ ပိန်ဆေးဆိုတာတွေက သဘာဝနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် ကိုယ်တွင်းကလီစာတွေကို ထိခိုက်ဖျက်ဆီးပြစ်ပါတယ်။ အသက်သေဆုံးသည်အထိ ဖြစ်နေပါပြီ။ ဒါကြောင့်ပိန်ချင်ကြသူများ ပိန်ဆေးကို လုံးဝရှောင်ကြဉ်ပြီး သဘာဝကျတဲ့ကိုယ်အလေးချိန်လျှော့ချနည်းများကိုသာ အားကိုးကြပါလို့ သတိပေးတိုက်တွန်းလိုက်ပါတယ်။

Min Kyaw Win

ZAWGYI

အဆီကျ ပိန်ဆေးတွေ အန္တရာယ်နှင့် ပိန်ဆေးကြောင့်ကျောက်ကပ်စားသွားတဲ့ အမျိုးသမီး.အခုခေတ်အစားအသောက်တွေကအရမ်းကိုအဝလွယ်တဲ့အတွက် ဝတဲ့သူတွေအများကြီးဖြစ်ပါတယ်။ လူဆိုတာက အစားအသောက်ကို ကြိုက်နှစ်သက်ကြသူချည်းဆိုတော့ စားလို့ကောင်းရင် ကျေနပ်အောင်ကို စားကြလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဝဝလာရတယ်။ ဝတော့အလှပျက်ပြီပေါ့။

အထူးသဖြင့်အမျိုးသမီးတွေဝလာတာနဲ့တန်ဖိုးကျပြီ။ဘယ်လိုနည်းနဲ့ပိန်အောင်ရမလဲ၊လုပ်ကိုလုပ်မယ်၊ပိန်ရင်ပြီးရောဆိုသူချည်းပဲ။ DIETလုပ်ရတာတွေ EXERCISE လုပ်ရတာတွေက ပင်ပန်းတယ်။ အလွယ်ဆုံးနည်းနဲ့ ပိန်ကျသွားမယ့်လမ်းကြောင်းကို ရွေးကြတယ်။ အဲဒီမှာ ပိန်ဆေးသောက်တော့တာပါပဲ။

ပိန်ဆေးမျိုးစုံ နိုင်ငံခြားကနေ ဝင်ပါတယ်။ ဝယ်သောက်လိုက်ကြတာ အစားအသောက်တွေပျက်၊ စအိုက အဆီတွေပန်းထွက်၊ဝမ်းတွေလျော၊အိပ်ရေးတွေပျက်၊ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲ၊စားပြီးသားတွေပြန်အန်ထွက်၊ ရုပ်တွေကမျက်တွင်းဟောက်ပက်နဲ့လူမမာရုပ်ပေါက်လာတယ်။ကိုယ်တွင်းစနစ်တွေလည်း ပျက်စီးကုန်တယ်၊ ကျန်းမာရေးချူချာပြီး နောက်ဆုံးမှာတော့ ဆေးရုံရောက်ကုန်ကြရပါတယ်။

မလေးရှားနိုင်ငံကတရုပ်အမျိုးသမီးတစ်ယောက်ဆိုရင် ပိန်ဆေးကို၁နှစ်ကျော်သောက်လာပြီးနောက်ဆေးရုံရောက်သွားပါတယ်။ဆေးစစ်လိုက်တော့ သူ့ကျောက် ကပ် ၂ ဖက်လုံးရှာမတွေ့တော့ဘူး။ ပိန်ဆေးတွေက ကျောက်ကပ်ကို စားသွားတာပါ။ အဲဒီဆေးရုံမှာပဲ သူသေသွားပါတယ်။

အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ယောက်ဆိုရင်လည်း ပိန်ဆေးတွေဆက်တိုက်သောက်လာတာ ၆ လအကြာမှာ နှလုံးအဆို့ရှင် ပျက်စီးသွားပါတယ်။ မသေပေမဲ့နှလုံးရောဂါကြီးနဲ့ ဘဝအရည်အသွေးကျဆင်းပြီ နေသွားရတော့မယ်။ ပျော်ရွှင်စရာမရှိတော့ပါဘူး။ တစ်လောကမြန်မာပြည်ကအမျိုးသမီးတစ်ယောက်လည်း ပိန်ဆေးစားလာတာ ၂ နှစ်လောက်အကြာမှာ စအိုကနေသွေးတွေပန်းထွက်လာတယ်။ ဆေးစစ်လိုက်တော့ အူတွေထဲမှာအလုံးတွေတည်နေပြီ။ ဗိုက်ခွဲပြီးတော့ အူတွေဖြတ်ထုတ်ပစ်လိုက်ရပါတယ်။

နောက်တစ်ယောက်ကလည်းမြန်မာပြည်ကပဲ။ သူကနေ့တိုင်းဝမ်းနှုတ်ဆေးတွေ စားနေတာ။ ဆေးမစားရင် ကျင်ကြီးမစွန့်တော့ဘူး။ အညစ်အကျေးစွန့်တဲ့စနစ်ပျက်သွားပြီး ထမင်းစားပြီးတိုင်း ဝမ်းနှုတ်ဆေးတွေစားနေတော့ အူတွေကလည်း အာဟာရကိုမစုပ်နိုင်တော့ဘူး။ မကြာဘူးကြောကုန်းအရိုးကြီးစောင်းပြီး အရိုးကအတက်ထွက်လာတယ်။ သူ့အရိုးတွေစစ်ကြည့်လိုက်တော့ ဆန်ကာပေါက်တွေဖြစ်နေပြီ။ သူလည်းလုံးပါးပါးတော့မှာ သေချာတယ်။

ပူးတွဲပါဓာတ်ပုံကိုပို့လာတာကလည်း မြန်မာပြည်က အမျိုးသမီးတစ်ယောက်ပါပဲ။ သူလည်းဝတော့ပိန်ဆေးတွေ ဝယ်သောက်ပါတယ်တဲ့။ ၆လလောက်အကြာမှာ ကျောက်ကပ်တစ်ဖက်က နာလာတာနဲ့အာတြာဆောင်းသွားရိုက်ကြည့်တဲ့အခါမှ ပုံမှာမြင်ရတဲ့အတိုင်းကျောက်ကပ်တစ်ဘက်က ၃ ပုံ ၁ ပုံပဲကျန်ပါတော့တယ်။ ပိန်ဆေးကကျောက်ကပ်ကို စားသွားတာ။ နောက် ၁ နှစ်လောက်ဆိုရင် ကျောက်ကပ် ၂ ဖက်လုံးရှိတော့မှာ မဟုတ်ဘူး။ အသိစောလို့ပေါ့။

တကယ်တော့ ပိန်ဆေးဆိုတာတွေက သဘာဝနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့အတွက် ကိုယ်တွင်းကလီစာတွေကို ထိခိုက်ဖျက်ဆီးပြစ်ပါတယ်။ အသက်သေဆုံးသည်အထိ ဖြစ်နေပါပြီ။ ဒါကြောင့်ပိန်ချင်ကြသူများ ပိန်ဆေးကို လုံးဝရှောင်ကြဉ်ပြီး သဘာဝကျတဲ့ကိုယ်အလေးချိန်လျှော့ချနည်းများကိုသာ အားကိုးကြပါလို့ သတိပေးတိုက်တွန်းလိုက်ပါတယ်။

Min Kyaw Win