News

မြောက်ကိုရီးယားဖက်ကို တောင်ကိုရီးယားနိုင်ငံသား တစ်ဦးထွက်ပြေး

မြောက်ကိုရီးယားနဲ့ပတ်သက်ရင် အာဏာရှင်စနစ်နဲ့အုပ်ချုပ်တာတွေ အစာရေစာရှားပါးမူတွေ နိုင်ငံသားတွေကို ဖိနှိပ်ကြောင်းတွေကိုပဲ တွေ့ကြရမှာပါ အဲ့လိုနိုင်ငံဆိုးကနေ ထွက်ပြေးဖို့ကြိုးစားကြသူတွေ ဒုနဲ့ဒေးပါပဲ လွတ်မြောက်လာသူတွေလည်းရှိသလို ပြန်လည်အဖမ်းခံရပြီး အပြစ်ပေးခံရသူတွေလည်း အများကြီးပါ မနေ့ကတော့ ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခု တောင်နဲ့မြောက် ကိုရီးယားနယ်စပ်မှာဖြစ်ပွားခဲ့ပါတယ် တောင်ကိုရီးယားနိုင်ငံသားတစ်ယောက်ဟာ မြောက်ကိုရီးယားဖက်ကို ထွက်ပြေးသွားတဲ့ကိစ္စပါ

ထွက်ပြေးသွားသူကို လိုက်ရှာခဲ့ကြတဲ့ တောင်ကိုရီးယားစစ်သားများ (credit:BBC)

တောင်ကိုရီးယားစစ်သားတွေရဲ့စစ်ဆးမူတွေကြားထဲကနေထိုပုဂ္ဂိုလ်ဟာမြောက်ကိုရီးယားဖက်ကိုထွက်ပြေးသွားတာဖြစ်တယ်လို့သိရပါတယ် အဲ့ဒီပုဂ္ဂိုလ်အသက်ရှင်နေသေးလားမသိရသေးပေမဲ့ တွေ့ရှိခဲ့ရင် ကာကွယ်ပေးထားဖို့ မြောက်ကိုရီးယားကို အသိပေးထားတယ်လို့ ဆိုးလ်မြို့ကစစ်တပ်ခေါင်းဆောင်တွေကပြောကြားပါတယ် မြောက်ကိုရီးယားဟာ Covid ကာလအတွင်း နယ်စပ်မှာ တွေ့တာနဲ့ပစ်ဖို့အမိန့်ပေးထားတာပါ


2018 ခုနှစ်တုန်းက DMZ ထဲမှာ လက်ဆွဲနှုတ်ဆက်နေကြတဲ့ တောင်နဲ့မြောက် ကိုရီးယားစစ်သားနှစ်ဦး (credit:BBC)

အဆိုပါပုဂ္ဂိုလ်ကို ကိုရီးယားနှစ်နိုင်ငံနယ်စပ် တပ်တွေချထားတဲ့နေရာ (DMZ) မှာ စနေနေ့ ကိုရီးယားစံတော်ချိန် 21:20 (ည 9 နာရီ မိနစ် 20)လောက်ကတွေ့ရှိခဲ့တာလို့ တောင်ကိုရီးယားရဲ့ JCS ဌာနကပြောကြားပါတယ်

လွန်ခဲ့တဲ့ 2020 ခုနှစ် နိုဝင်ဘာလတုန်းက ပင်လယ်မှာပျောက်သွားတဲ့ တောင်ကိုရီးယားအရာရှိတစ်ဦးကို မြောက်ကိုရီးယားစစ်သားတွေက ပစ်သတ်ပြီး မီးရှို့ခဲ့ပါတယ် ဒီအဖြစ်အပျက်ကြောင့် တင်းမာမူတွေဖြစ်ပေါ်ခဲ့ပြီး မြောက်ကိုရီးယားဖက်က ဗိုင်းရပ်စ်ဆန့်ကျင်ရေးစနစ်ကို အကြောင်းပြကာ တောင်းပန်ခဲ့ပါတယ် ဒီလိုအကြောင်းတွေကြောင့် တောင်ကိုရီးယားစစ်တပ်ဟာ နယ်စပ်လုံခြုံရေးကို အရင်ကထက်ပိုတင်းကြပ်ထားတာပါ


နှစ်နိုင်ငံနယ်စပ်က မြေမြှုပ်မိုင်းတွေရှိတဲ့နေရာ (credit:CBS News)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာတောင်ကိုရီးယားဖက်ကပြေးလာသူတစ်ယောက်မှာ Covidရောဂါပိုးပါလာတာကြောင့်အရေးပေါ်အခြေအနေပြဌာန်းပြီး တချို့မြို့တွေကိုပိတ်ထားခဲ့ပါတယ် အဲ့လိုပိတ်ထားမူကြောင့် ခုတလောမှာ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားဖက်ကို ထွက်ပြေးမူတွေလည်း လျော့နည်းလျက်ရှိပါတယ်

တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်ဟာ ကမ္ဘာပေါ်ကစစ်တပ်အင်အားချထားမူအများဆုံးနေရာတွေထဲကတစ်ခုဖြစ်ပါတယ်မြေမြှုပ်မိုင်းတွေလည်းပေါများပြီး လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ ခြံစည်းရိုးတွေ CCTV တွေ လက်နက်အပြည့်အစုံနဲ့ စစ်သားတွေ တစ်ရက်ကို 24 နာရီစောင့်ကြည့်နေတဲ့ နေရာလည်းဖြစ်ပါတယ်

(credit: Wikipedia)