ဗဟုသုတ

အမေကို ထမင်းတစ်နပ်ကျွေးရုံနဲ့ အောင်မြင်သွားတဲ့ လူတစ်ယောက် အကြောင်း

အမေကို ထမင်းတစ်နပ်ကျွေးရုံနဲ့ အောင်မြင်သွားတဲ့ လူတစ်ယောက် အကြောင်း

ကိုလိုနီခေတ်တုန်းက ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့မှာ သိန်းမောင်ဆိုတဲ့ စာပေဝါသနာရှင် လူငယ်တစ်ယောက် ရှိခဲ့ဘူးပါတယ်။ သိန်းမောင်ဟာ အမေတစ်ခု သားတစ်ခုဖြစ်လို့ အိုမင်း မစွမ်းဖြစ်နေတဲ့ မိခင်အိုကြီးကို လုပ်ကျွေး ပြုစုနေရတာပေါ့။

နယ်မြို့မှာနေတဲ့ လူတစ်ယောက် ဖြစ်ပေမယ့်လည်း တစ်နေ့မှာ အောင်မြင်တဲ့ စာရေးဆရာဖြစ်ရမယ်လို့ရည်မှန်းချက် ကြီးကြီးမားမားထားရှိသတဲ့။ ရည်မှန်းချက်ကို မစွန့်လွှတ်နိုင်တဲ့အဆုံး သိန်းမောင်ဟာ ရန်ကုန်ကို သွားချင်တဲ့အကြောင်း မိခင်ကြီးကို အသိပေးလာပါတယ်။ အ မေ၊ သားတို့လို အနုပညာ ဝါသနာပါသူတွေအတွက် ရန်ကုန်မြို့ဟာ အောင်မြေဖြစ်လို့ ရန်ကုန်ကို သွားချင်တယ်။

ဘယ်လိုပြောလိုက်တာလဲသားရယ်၊ ကြံကြံဖန်ဖန်ကွယ်။ တိုင်းပြည် ကြီးက ခေတ်အခါမှ မကောင်းသေးတာ။ အမေကလည်း ရှစ်ဆယ်နားကပ်နေပြီ။အခုလည်း အမေက သားကို အားကိုးနေရတာလေ။ သားလေး ရန်ကုန်ကို သွားရင် အမေ ဘယ်သူ့ကို အားကိုးရမလဲ?

ဟာ၊ သား နားမလည်ဘူး အမေ။ သားကတော့ ရန်ကုန်ကို သွားဖြစ်အောင် သွားမှာပဲ။ ရည်မှန်းချက်တော့ အပျက် မခံနိုင်ဘူး။ သွားပြီ အမေရေ…သွားပြီ၊ အောင်မြင်ကျော်ကြားတဲ့ စာရေး ဆရာ တစ်ယောက် မဖြစ်မချင်း သား ကျိုက်လတ်ကို ပြန်မလာတော့ဘူး။ အမေ့ကို အားရပါးရ ကြွေး ကြော်ပြီးတော့ သိန်းမောင် ရန်ကုန်ကို ထွက်လာခဲ့ပါတယ်။

ရန်ကုန်မှာ… သုံးနှစ်သုံးမိုး ကြာခဲ့ပေမဲ့ သိန်းမောင်ခင်ဗျာ အောင် မြင်ကျော်ကြားတဲ့ စာရေးဆရာဖြစ်ဖို့ နေနေသာသာ စားဖို့သောက်ဖို့တောင် အနိုင်နိုင်။ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးပြီး ပုံနှိပ်တိုက်တွေမှာ ပို့ခဲ့ပေမဲ့ အရွေးမခံရ။ သူငယ်ချင်းအိမ် ကပ်နေလိုက်၊ ဘုန်းကြီးကျောင်းမှာကပ်နေလိုက်နဲ့ပဲ ကပ်စားနေခဲ့ရတယ်။

တစ်နေ့မှာတော့ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း သီချင်းတစ်ပုဒ်ကို သိန်းမောင် ကြားလိုက်တယ်။ “အေး…အေးအို တေးဆိုပေးကာ အိပ်ပါလူလေး၊ မယ့်ရင်သွေး စိတ်အေးချမ်းသာ.အိပ်ပါတော့လား၊ သိပ်ပါသော်မှ အိပ်ခါပျော်သပါ့ သားလှလေးရဲ့ မျက်နှာ မိခင်မာတာတစိမ့် စိမ့် ကြည့်ရင်းသာ နှလုံးအိမ်တွင်း ချစ်ခြင်းမေတ္တာ တဖျပ်ဖျပ် ရိုက်ခတ် ပေါ်လာပြန်တာ သီတာရေစင်ပမာ တသွင်သွင် စီးကျလေတာ။”

သြော် ကောင်းလိုက်တဲ့ သီချင်းနော်။ ဘယ်သူရေးလို့ ဘယ်သူဆိုတာပါလိမ့်။သီတာရေစင်သီချင်းအကြောင်းကိုတွေးနေရင်းသိန်းမောင်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ စီးကျလာပါတယ်။ သြော်…အမေ့အသက်အရွယ် ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်နားကပ်၊ မျက်စိကလည်း မှုန်၊ နားကလည်း ထိုင်း၊ ခါးကလည်း ကိုင်းလို့ ပါးရည်နားရည်ကလည်း တွန့်နေပါပြီ အမေရယ်။

အခုချိန်မှာ အမေတစ်ယောက် ဘယ်လိုနေလို့ ဘယ်လိုစားနေပါလိမ့်။ အမေ့ကို စွန့်ခွာပြီး ရန်ကုန်ကိုထွက်လာခဲ့တာ သားအရမ်းမှားတယ် အမေ။ သားမိုက်နဲ့ ဝေးနေတဲ့အချိန်မှာ အမေတစ်ယောက် ဘယ်သူ့ကို အားကိုးလို့ ဘယ်လိုများ နေနေရသလဲ အမေ။သားမိုက်ကို ခွင့်မလွှတ်ပါနဲ့အမေရယ်။ အမေရယ် အမေမသေခင်မှာ စိန် ရွှေ ပတ္တမြား၊အိမ်မြေ ခြံ ကားတွေနဲ့ တင့်တောင့်တင့်တယ် မထားနိုင်ရင်တောင် ထမင်းတစ်နပ်ကိုဖွယ်ဖွယ်ရာရာကျွေးနိုင်ရင် သားကျေနပ်ပါပြီ အမေ။

သီတာရေစင် သီချင်းတစ်ပုဒ်ကြောင့် အနှစ်နှစ် အလလ မေ့ လျော့နေတဲ့ အမေ့ကို သိန်းမောင် သတိရလာပြီး ကျိုက်လတ်ကို ပြန်သွားခဲ့ပါတယ်။သိန်းမောင် ဒုလ္လဘရဟန်းဝတ်ပြီး အမေမုဆိုးမကြီးကို ဆွမ်းခံကျွေးခဲ့တယ်။ လူထွက်ပြီး အမေ့ကို လုပ်ကျွေ းတယ်။အဲဒီအချိန်မှာ မိခင်ဖြစ်သူကသိန်းမောင်ကို မေးတယ်။ သား သိန်းမောင်၊ ရန်ကုန်ကို သွားချင်သေးလား? သြော် အမေရယ် အမေခွင့်ပြုရင် သွားချင်တာပေါ့။ အမေ ခွင့်မပြုဘဲနဲ့တော့ သားမသွားချင်တော့ပါဘူး အမေရယ်။

ကဲ…သား အမေ့ဆီလာ။ အမေ့ရဲ့ခြေဖမိုးကို သားရဲ့နဖူးနဲ့ ဦးသုံးကြိမ်တိုက်ပြီး ကန်တော့။ သိန်းမောင် စိတ်ပါလက်ပါနဲ့ မိခင်ကြီးကို ကန်တော့လိုက်ပါတယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သိန်းမောင်ရဲ့နဖူးပြင်မှာ လက်ဝါးတင်ပြီးတော့ ဆု ပေးလိုက်တယ်။

အမေ့ရဲ့ခြေဖမိုးကို ဦးသုံးကြိမ်တိုက်ပြီး ကန်တော့တဲ့ ငါ့သား၊ အမေ့ကို ဆွမ်းခံကျွေးတဲ့ ငါ့သား၊ အမေ့ကို ပြုစုလုပ်ကျွေးတဲ့ ငါ့သား၊ အခုချိန်ကစပြီးရောက်လေရာအရပ်မှာ.တိုက်မယ့်ခလုတ် ဆုတ်ပါစေ၊ တိုးမယ့်ကန်သင်း ရှင်းပါစေ၊ တွေ့မယ့်ဘေး ဝေးပါစေ။ ငါ့သားသိန်းမောင် ကြံတိုင်းအောင်လို့ ဆောင်တိုင်း မြောက်ပါစေ၊ လိုရာဆန္ဒတွေ ပြည့်ဝပါစေတော်။

ဒီတစ်ခေါက်မှာတော့ မိခင်ဖြစ်သူက မေတ္တာတွေ ဆုတွေ အပြည့်အဝ ပေးလိုက်တယ်။ သိန်းမောင် ရန်ကုန်ကို နောက်တစ်ခေါက်.ပြန်ရောက်လာခဲ့တယ်။ အေဝမ်းဦးတင်မောင်နဲ့ တွေ့ဆုံပြီး ချစ်အနုမြူရုပ်ရှင်ဇာတ်ကားကနေ စတင်ပြီး ဒါရိုက်တာ သိန်းမောင်ဆိုပြီး နာမည် ကျော်လာခဲ့ပါတယ်။

စာရေးဆရာတစ်ပိုင်း၊ ဒါရိုက်တာတစ်ပိုင်းဖြစ်လို့ ရုပ်ရှင်ထုတ် လုပ်ရေးတွေ စာအုပ်တိုက်တွေရဲ့ ကမ်းလှမ်းမှုတွေကြောင့် အချိန်တိုအတွင်းမှာနိုင်ငံကျော်သိန်းမောင် ဖြစ်လာခဲ့ပါတယ်။ အခုရေးသားခဲ့တဲ့ ကျိုက်လတ်သား သိန်းမောင်ဆိုတာတခြားလူ မဟုတ်ပါဘူး။ စာရေးဆရာဒါရိုက်တာအကယ်ဒမီများရှင် ဆရာကြီးဦးသုခပဲ ဖြစ်ပါတယ်။

အမေများနေ့မှာကော စာပေဟောပြောပွဲတွေမှာပါ ဆရာကြီး ဦးသုခပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။ကမ္ဘာကြီး ကမ္ဘာကြီးတွေကို အာဒံနဲ့ဧဝကပဲ စတယ်လို့ ပြောပြော၊ ဗြဟ္မာကြီးလေးဦးက စတယ်ပဲ ပြောပြော၊ သူတို့ထဲမှာ.အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ပဲနဲ့ ဒီနေ့အထိ ကျွန်တော်တို့အထိ သားစဉ် မြေးဆက်တွေ ဖြစ်လာတယ်မဟုတ်လား အမေ။

အမေမှန်သမျှ ဘာသာခြား လူမျိုးခြားရယ်လို့ ကျွန်တော့် စိတ်ထဲမှာ မရှိဘူးအမေ။ သားသည်အမေတစ်ယောက်ဟာအမေပါပဲ အမေ။ သူကယုတ်ညံ့လို့၊ သူက လူမျိုးခြားမို့လို့၊ သူက ဘယ်ဘာသာမို့လို့၊ မဟုတ်ပါဘူး အမေ၊ မဟုတ်ပါဘူး။

ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောရဦးမယ်။ ကျွန်တော်လွန်သွားမလား? မလွန်ပါဘူး အမေ။ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ။အမေမှန်ရင်လေ နားနဲ့မနာ ဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့ အမေ။ အမေဟာ ကျွန်တော့် လက်ထက်ထဲမှာ ကျွန်တော့် မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ၊ အမေဟာ…အမေပါပဲ အမေ။

ဒီpostလေးကို ဖတ်ပြီး မိမိရဲ့မိခင်ကို တန်ဖိုးထားရင်ပဲ ဦးဇင်း ပင်ပန်းခံရကျိုး နပ်ပါပြီ။

Credit:အရှင်ပုည( ဝကုန်း )

Zawgyi

အေမကို ထမင္းတစ္နပ္ေကြၽး႐ုံနဲ႔ ေအာင္ျမင္သြားတဲ့ လူတစ္ေယာက္ အေၾကာင္း
ကိုလိုနီေခတ္တုန္းက ဧရာဝတီတိုင္းေဒသႀကီး က်ိဳက္လတ္ၿမိဳ႕မွာ သိန္းေမာင္ဆိုတဲ့ စာေပဝါသနာရွင္ လူငယ္တစ္ေယာက္ ရွိခဲ့ဘူးပါတယ္။ သိန္းေမာင္ဟာ အေမတစ္ခု သားတစ္ခုျဖစ္လို႔ အိုမင္း မစြမ္းျဖစ္ေနတဲ့ မိခင္အိုႀကီးကို လုပ္ေကြၽး ျပဳစုေနရတာေပါ့။

နယ္ၿမိဳ႕မွာေနတဲ့ လူတစ္ေယာက္ ျဖစ္ေပမယ့္လည္း တစ္ေန႔မွာ ေအာင္ျမင္တဲ့ စာေရးဆရာျဖစ္ရမယ္လို႔ ရည္မွန္းခ်က္ ႀကီးႀကီးမားမား ထားရွိသတဲ့။ ရည္မွန္းခ်က္ကို မစြန႔္လႊတ္ႏိုင္တဲ့အဆုံး သိန္းေမာင္ဟာ ရန္ကုန္ကို သြားခ်င္တဲ့အေၾကာင္း မိခင္ႀကီးကို အသိေပးလာပါတယ္။ အ ေမ၊ သားတို႔လို အႏုပညာ ဝါသနာပါသူေတြအတြက္ ရန္ကုန္ၿမိဳ႕ဟာ ေအာင္ေျမျဖစ္လို႔ ရန္ကုန္ကို သြားခ်င္တယ္။

ဘယ္လိုေျပာလိုက္တာလဲသားရယ္၊ ႀကံႀကံဖန္ဖန္ကြယ္။ တိုင္းျပည္ ႀကီးက ေခတ္အခါမွ မေကာင္းေသးတာ။အေမကလည္းရွစ္ဆယ္နားကပ္ေနၿပီ။ အခုလည္း အေမက သားကို အားကိုးေနရတာေလ။ သားေလး ရန္ကုန္ကို သြားရင္ အေမ ဘယ္သူ႔ကို အားကိုးရမလဲ?

ဟာ၊ သား နားမလည္ဘူး အေမ။ သားကေတာ့ ရန္ကုန္ကို သြားျဖစ္ေအာင္ သြားမွာပဲ။ ရည္မွန္းခ်က္ေတာ့ အပ်က္ မခံႏိုင္ဘူး။ သြားၿပီ အေမေရ…သြားၿပီ၊ ေအာင္ျမင္ေက်ာ္ၾကားတဲ့ စာေရး ဆရာ တစ္ေယာက္ မျဖစ္မခ်င္း သား က်ိဳက္လတ္ကို ျပန္မလာေတာ့ဘူး။ အေမ့ကို အားရပါးရ ေႂကြး ေၾကာ္ၿပီးေတာ့ သိန္းေမာင္ ရန္ကုန္ကို ထြက္လာခဲ့ပါတယ္။

ရန္ကုန္မွာ…သုံးႏွစ္သုံးမိုး ၾကာခဲ့ေပမဲ့ သိန္းေမာင္ခင္ဗ်ာ ေအာင္ ျမင္ေက်ာ္ၾကားတဲ့ စာေရးဆရာျဖစ္ဖို႔ ေနေနသာသာ စားဖို႔ေသာက္ဖို႔ေတာင္ အႏိုင္ႏိုင္။ ေဆာင္းပါးေတြ၊ ဝတၳဳတိုေတြ၊ ကဗ်ာေတြ ေရးၿပီး ပုံႏွိပ္တိုက္ေတြမွာ ပို႔ခဲ့ေပမဲ့ အေ႐ြးမခံရ။ သူငယ္ခ်င္းအိမ္ ကပ္ေနလိုက္၊ ဘုန္းႀကီးေက်ာင္းမွာ ကပ္ေနလိုက္နဲ႔ပဲ ကပ္စားေနခဲ့ရတယ္။

တစ္ေန႔မွာေတာ့ ေ႐ႊတိဂုံဘုရား အေရွ႕ဘက္မုဒ္မွာရွိတဲ့ ဆိုင္တစ္ဆိုင္မွာ ထမင္းစားေနတုန္း သီခ်င္းတစ္ပုဒ္ကို သိန္းေမာင္ ၾကားလိုက္တယ္။ “ေအး…ေအးအို ေတးဆိုေပးကာ အိပ္ပါလူေလး၊ မယ့္ရင္ေသြး စိတ္ေအးခ်မ္းသာ.အိပ္ပါေတာ့လား၊ သိပ္ပါေသာ္မွ အိပ္ခါေပ်ာ္သပါ့ သားလွေလးရဲ႕ မ်က္ႏွာ မိခင္မာတာ တစိမ့္ စိမ့္ ၾကည့္ရင္းသာ ႏွလုံးအိမ္တြင္း ခ်စ္ျခင္းေမတၱာ တဖ်ပ္ဖ်ပ္ ႐ိုက္ခတ္ ေပၚလာျပန္တာ သီတာေရစင္ပမာ တသြင္သြင္ စီးက်ေလတာ။”

ေၾသာ္ ေကာင္းလိုက္တဲ့ သီခ်င္းေနာ္။ ဘယ္သူေရးလို႔ ဘယ္သူဆိုတာပါလိမ့္။ သီတာေရစင္ သီခ်င္းအေၾကာင္းကို ေတြးေနရင္း သိန္းေမာင္ရဲ႕ မ်က္ဝန္းမွာ မ်က္ရည္ေတြ စီးက်လာပါတယ္။ ေၾသာ္…အေမ့အသက္အ႐ြယ္ ခုႏွစ္ဆယ္ေက်ာ္လို႔ ရွစ္ဆယ္နားကပ္၊ မ်က္စိကလည္း မႈန္၊ နားကလည္း ထိုင္း၊ ခါးကလည္း ကိုင္းလို႔ ပါးရည္နားရည္ကလည္း တြန႔္ေနပါၿပီ အေမရယ္။

အခုခ်ိန္မွာ အေမတစ္ေယာက္ ဘယ္လိုေနလို႔ ဘယ္လိုစားေနပါလိမ့္။ အေမ့ကို စြန႔္ခြာၿပီး ရန္ကုန္ကိုထြက္လာခဲ့တာ သားအရမ္းမွားတယ္ အေမ။သားမိုက္နဲ႔ ေဝးေနတဲ့အခ်ိန္မွာ အေမတစ္ေယာက္ ဘယ္သူ႔ကို အားကိုးလို႔ ဘယ္လိုမ်ား ေနေနရသလဲ အေမ။ သားမိုက္ကို ခြင့္မလႊတ္ပါနဲ႔ အေမရယ္။ အေမရယ္ အေမမေသခင္မွာ စိန္ ေ႐ႊ ပတၱျမား၊အိမ္ေျမ ၿခံ ကားေတြနဲ႔ တင့္ေတာင့္တင့္တယ္ မထားႏိုင္ရင္ေတာင္ ထမင္းတစ္နပ္ကို ဖြယ္ဖြယ္ရာရာ ေကြၽးႏိုင္ရင္ သားေက်နပ္ပါၿပီ အေမ။

သီတာေရစင္ သီခ်င္းတစ္ပုဒ္ေၾကာင့္ အႏွစ္ႏွစ္ အလလ ေမ့ ေလ်ာ့ေနတဲ့ အေမ့ကို သိန္းေမာင္ သတိရလာၿပီး က်ိဳက္လတ္ကို ျပန္သြားခဲ့ပါတယ္။ သိန္းေမာင္ ဒုလႅဘရဟန္းဝတ္ၿပီး အေမမုဆိုးမႀကီးကို ဆြမ္းခံေကြၽးခဲ့တယ္။ လူထြက္ၿပီး အေမ့ကို လုပ္ေကြၽ းတယ္။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သိန္းေမာင္ကို ေမးတယ္။ သား သိန္းေမာင္၊ ရန္ကုန္ကို သြားခ်င္ေသးလား? ေၾသာ္ အေမရယ္ အေမခြင့္ျပဳရင္ သြားခ်င္တာေပါ့။ အေမ ခြင့္မျပဳဘဲနဲ႔ေတာ့ သားမသြားခ်င္ေတာ့ပါဘူး အေမရယ္။

ကဲ…သား အေမ့ဆီလာ။ အေမ့ရဲ႕ေျခဖမိုးကို သားရဲ႕နဖူးနဲ႔ ဦးသုံးႀကိမ္တိုက္ၿပီး ကန္ေတာ့။ သိန္းေမာင္ စိတ္ပါလက္ပါနဲ႔ မိခင္ႀကီးကို ကန္ေတာ့လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သိန္းေမာင္ရဲ႕နဖူးျပင္မွာ လက္ဝါးတင္ၿပီးေတာ့ ဆု ေပးလိုက္တယ္။

အေမ့ရဲ႕ေျခဖမိုးကို ဦးသုံးႀကိမ္တိုက္ၿပီး ကန္ေတာ့တဲ့ ငါ့သား၊ အေမ့ကို ဆြမ္းခံေကြၽးတဲ့ ငါ့သား၊ အေမ့ကို ျပဳစုလုပ္ေကြၽးတဲ့ ငါ့သား၊ အခုခ်ိန္ကစၿပီး ေရာက္ေလရာအရပ္မွာ.တိုက္မယ့္ခလုတ္ ဆုတ္ပါေစ၊ တိုးမယ့္ကန္သင္း ရွင္းပါေစ၊ ေတြ႕မယ့္ေဘး ေဝးပါေစ။ ငါ့သားသိန္းေမာင္ ႀကံတိုင္းေအာင္လို႔ ေဆာင္တိုင္း ေျမာက္ပါေစ၊ လိုရာဆႏၵေတြ ျပည့္ဝပါေစေတာ္။

ဒီတစ္ေခါက္မွာေတာ့ မိခင္ျဖစ္သူက ေမတၱာေတြ ဆုေတြ အျပည့္အဝ ေပးလိုက္တယ္။သိန္းေမာင္ ရန္ကုန္ကို ေနာက္တစ္ေခါက္.ျပန္ေရာက္လာခဲ့တယ္။ ေအဝမ္းဦးတင္ေမာင္နဲ႔ ေတြ႕ဆုံၿပီး ခ်စ္အႏုျမဴ႐ုပ္ရွင္ဇာတ္ကားကေန စတင္ၿပီး ဒါ႐ိုက္တာ သိန္းေမာင္ဆိုၿပီး နာမည္ ေက်ာ္လာခဲ့ပါတယ္။

စာေရးဆရာတစ္ပိုင္း၊ ဒါ႐ိုက္တာတစ္ပိုင္းျဖစ္လို႔ ႐ုပ္ရွင္ထုတ္ လုပ္ေရးေတြ စာအုပ္တိုက္ေတြရဲ႕ ကမ္းလွမ္းမႈေတြေၾကာင့္ အခ်ိန္တိုအတြင္းမွာ ႏိုင္ငံေက်ာ္သိန္းေမာင္ ျဖစ္လာခဲ့ပါတယ္။ အခုေရးသားခဲ့တဲ့ က်ိဳက္လတ္သား သိန္းေမာင္ဆိုတာ တျခားလူ မဟုတ္ပါဘူး။ စာေရးဆရာ ဒါ႐ိုက္တာအကယ္ဒမီမ်ားရွင္ဆရာႀကီးဦးသုခပဲ ျဖစ္ပါတယ္။

အေမမ်ားေန႔မွာေကာ စာေပေဟာေျပာပြဲေတြမွာပါ ဆရာႀကီး ဦးသုခေျပာေလ့ရွိတဲ့ စကားတစ္ခြန္းနဲ႔ပဲ နိဂုံးခ်ဳပ္ခ်င္ပါတယ္။ကမာၻႀကီး ကမာၻႀကီးေတြကိုအာဒံနဲ႔ဧဝကပဲ စတယ္လို႔ ေျပာေျပာ၊ ျဗဟၼာႀကီးေလးဦးက စတယ္ပဲ ေျပာေျပာ၊ သူတို႔ထဲမွာ.အေမဆိုတဲ့ ဣတၳိလိင္ပါလာလို႔သာ ကမာၻႀကီးက အဆက္မျပတ္ပဲနဲ႔ဒီေန႔အထိ ကြၽန္ေတာ္တို႔အထိ သားစဥ္ ေျမးဆက္ေတြ ျဖစ္လာတယ္မဟုတ္လား အေမ။

အေမမွန္သမွ် ဘာသာျခား လူမ်ိဳးျခားရယ္လို႔ ကြၽန္ေတာ့္ စိတ္ထဲမွာ မရွိဘူးအေမ။ သားသည္ အေမတစ္ေယာက္ဟာ အေမပါပဲ အေမ။ သူကယုတ္ညံ့လို႔၊ သူက လူမ်ိဳးျခားမို႔လို႔၊ သူက ဘယ္ဘာသာမို႔လို႔၊ မဟုတ္ပါဘူး အေမ၊ မဟုတ္ပါဘူး။

ကြၽန္ေတာ္ျမင္တာျဖင့္ ကြၽန္ေတာ္ေျပာရဦးမယ္။ ကြၽန္ေတာ္လြန္သြားမလား?မလြန္ပါဘူး အေမ။ ကြၽန္ေတာ္စဥ္းစားထားၿပီးမွ ေျပာတာပါ။ အေမမွန္ရင္ေလနားနဲ႔မနာ ဖဝါးနဲ႔နာ ေျပာလိုက္ပါရေစေတာ့ အေမ။ အေမဟာ ကြၽန္ေတာ့္ လက္ထက္ထဲမွာ ကြၽန္ေတာ့္မ်က္စိေအာက္မွာပဲမိန္းမ႐ႊင္ျဖစ္ေနပါေစ၊ အေမဟာ…အေမပါပဲ အေမ။

ဒီpostေလးကို ဖတ္ၿပီး မိမိရဲ႕မိခင္ကို တန္ဖိုးထားရင္ပဲ ဦးဇင္း ပင္ပန္းခံရက်ိဳး နပ္ပါၿပီ။

Credit:အရွင္ပုည( ဝကုန္း )