Local News

TAXI ကားသမားက လူပိုတင်မယ်ပြောပြီး ပေါင်းကြံသွားတဲ့ဖြစ်ရပ်

(ခေတ်ကြီးက တကယ်ဘဲ ပျက်နေပါပြီ)..ယမန်နေ့ည ၆နာရီလောက်က ကျိုက်ဝိုင်းကနေ အထည်တွေယူပြီး ရွှေပြည်သာ ပြန်ဖို့ Taxiငှားပါတယ်..

Taxi သမားတောင်းတာက၈၀၀၀ ကျနော်ပေးတာက၇၀၀၀ အဲ့taxiသမားကပြောတယ်ဗျ.. ညီဒါဆို လမ်းမှာလူတင်မယ်နော်တဲ့ညီပေးတာနည်းလို့ဆိုတော့..

ကျနော်ကလည်း ရတယ်ပေါ့ဆိုပြီး taxi ပေါ်တက်သွားပါတယ်..အဲ့ဒါနဲ့ သူက ကျနော်နဲ့စကားတွေပြောပြီးတောက်လျှောက်မောင်းလာလိုက်တာ အင်းစိန်ပန်းခြံရောက်တော့ မိန်းမတယောက်နဲ့ ယောက်ျားတယောကိ ကျနော်စီးလာတဲ့ taxiကိုတားတယ်ဗျ..

သူတို့သွားမှာက ရွှေပြည်သာ သံဒင်းထဲတဲ့ ကားသမားကလည်း ကျနော်ကို ကြည့်ပြီး ညီလမ်းသင့်လို့ အကိုလူတင်မယ်နော်ဆိုပြီးပြောတော့.ကျနော်လည်း ကိုယ့်မြို့နယ်ကလူဘဲဆိုတော့ အဖော်ရတယ်ဆိုပြီး လူတင်ခံလိုက်တယ်..

အဲ့မိန်းမနဲ့ ယောက်ျားက တက်လာပြီး မိန်းမကရှေ့ခန်းမှာထိုင်တယ် ယောက်ျားကကျနော်အနားမှာ ထိုင်တယ်ဗျ.. အဲဒါနဲ့ကားစီးလာတာ ပြည်တော်သာ ကွေ့ရောက်တော့ ကျနော်ကားထဲမှာ အနံစူးစူး တခုရလို့ ကားမှန်ချမယ်လုပ်တော့ လော့ချထားတယ်..

ကျနော်က အကိုကားမှန်လေးတချက်လောက် ချပေးပါလားပြောတော့.. ညီလေးမှန်ချလို့မရဘူးတဲ့ မှန်ကကွဲနေတာတဲ့..ကျတော်ကလည်း ယုံတာပေါ့ဗျာ..

အဲ့ဒါနဲ့ စီးလာရင်း၁၄လမ်းဆုံကလမ်းပိတ်နေလို့ကမ်းနားလမ်းက ဖြတ်မယ်နော်တဲ့..ခါတိုင်းဒီချိန်ကကားပိတ်နေကျဆိုတော့ကျနော်ကလည်း ရတယ်အဆင်ပြေသလို သွားပေါ့ဆိုပြီး ပြန်ပြောလိုက်တယ်..

ကမ်းနားဘက် ရောက်တော့ ကျနော်ဘေးနားထိုင်နေတဲ့ ယောက်ျားက သူအိပ်ထဲက တခုခု ထုတ်နေသလို လုပ်နေတာကြာပြီဗျ..မသင်္ကာလို့ကျနော်လည်း ခနခန ကြည့်နေရင်း သူထုတ်လိုက်တဲ့အရာက ဓားမြောင်လေးဗျ..

ကျနော်လည်း ကျနော့်ဖုန်းကို ချက်ချင်းအတွင်းခံထဲ ထိုးထည့်ထားလိုက်တယ်.. ကျနော်မသိသလိုနေပြီး ဘုရားစာဘဲ ရွတ်နေတယ်.. တကယ်တော့ ကျနော်အရမ်းကြောက်နေပြီဗျ..

ကျနော်လည်းတွေးမိလိုက်ပါတယ် ကျနော်ကို တစုံတခု လုပ်တော့မယ်ဆိုတာ.. ထင်တဲ့အတိုင်းဘဲဗျာ.. ခနဆိုသလို ကျနော်လည်ပင်းကို ဓားနဲ့ ထောက်ပြီး ပါတာအကုန် ထုတ်ပေးဖို့ ပြောတယ်ဗျ..

ကျနော့်လွယ်အိတ်ထဲမှာ ဝန်ထမ်းကဒ်ရယ် ပိုက်ဆံ၂သိန်းစွန်းစွန်းလောက်ရယ်ဘဲ ရှိတာပါဆိုပြီး ကျနော်အိတ်ထိုးပေးလိုက်ပါတယ်..

ဖုန်းမပါဘူးလား မေးပါသေးတယ်.. ကျနော့်ဖုန်းက သူငယ်ချင်းအိမ်မှာ ကျန်နေခဲ့တာ ကားပေါ်ရောက်မှဖုန်းပါမလာမှန်းကျနော်သိတာ..ကျနော်မှာ တကယ် ဘာဖုန်းမှ မပါပါဘူးဆိုပြီး မျက်နှာငယ်လေးနဲ့ ရှင်းပြလိုက်ရသေးတယ်..

အဲ့ချိန်ကားက လုံးဝမရပ်ဘူးဗျ.. ဆက်တိုက်ဆိုသလို မောင်းတာ ကျနော့်အသက်ထက် အရေးကြီးတာဘာမှမရှိလို့ကျနော်အကုန်ပေးလိုက်ပါတယ်.. ပိုက်ဆံတွေ အကုန်ယူတဲ့အပြင် အထည်တွေပါ အကုန်ယူသွားပါတယ်..

ကျနော်ကို အော်ရင်ချက်ချင်း ရှင်းပစ်မယ်ပြောပြီး ကမ်းနားလမ်းမှာ တယောက်ထဲ ချထားပေးခဲ့ပါတယ်..ကျနော်ကိုချပြီးတာနဲ့ ကားတရှိန်ထိုးမောင်းသွားကြတာ..

ကျနော်မှာ ငိုရမလို အကူညီတောင်းရမလိုနဲ့.. တယောက်ထဲ ကြောက်ကလည်းကြောက်နေတော့ အဲ့ချထားပေးတဲ့နေရာမှာ ထိုင်ငိုမိနေသေးတယ်..

နောက်အနီးနားလမ်းဆက်လျှောက်ရင်း ဂိုထောင်တခုကိုတွေ့ပြီး ဂိုထောင်က လူတွေကို အကျိုးသင့်အကြောင်းသင့် ပြောပြပြီး အိမ်ကိုပြန်ဖို့ အခက်ခဲ ဖြစ်နေလို့ဆိုပြီး ပြောပြတော့ အဲ့ဂိုဒေါင်က အကိုတယောက်က အိမ်ကို လိုက်ပို့ပေးလို့ ခုဘဲအိမ်ပြန်ရောက်ပါပြီ..ခေတ်ကြီးကတကယ်ဘဲပျက်နေတာပါ ကြောက်ဖို့ကောင်းတယ်..

Crd…

(ခေတ်ကြီးက တကယ်ဘဲ ပျက်နေပါပြီ)..ယမန်နေ့ည ၆နာရီလောက်က ကျိုက်ဝိုင်းကနေ အထည်တွေယူပြီး ရွှေပြည်သာ ပြန်ဖို့ Taxiငှားပါတယ်.

Taxi သမားတောင်းတာက၈၀၀၀ ကျနော်ပေးတာက၇၀၀၀ အဲ့taxiသမားကပြောတယ်ဗျ.. ညီဒါဆို လမ်းမှာလူတင်မယ်နော်တဲ့ညီပေးတာနည်းလို့ဆိုတော့..

ကျနော်ကလည်း ရတယ်ပေါ့ဆိုပြီး taxi ပေါ်တက်သွားပါတယ်..အဲ့ဒါနဲ့ သူက ကျနော်နဲ့စကားတွေပြောပြီး တောက်လျှောက်မောင်းလာလိုက်တာ အင်းစိန်ပန်းခြံရောက်တော့ မိန်းမတယောက်နဲ့ ယောက်ျားတယောကိ ကျနော်စီးလာတဲ့ taxiကိုတားတယ်ဗျ..

သူတို့သွားမှာက ရွှေပြည်သာ သံဒင်းထဲတဲ့ ကားသမားကလည်း ကျနော်ကို ကြည့်ပြီး ညီလမ်းသင့်လို့ အကိုလူတင်မယ်နော်ဆိုပြီး ပြောတော့.. ကျနော်လည်း ကိုယ့်မြို့နယ်ကလူဘဲဆိုတော့ အဖော်ရတယ်ဆိုပြီး လူတင်ခံလိုက်တယ်..

အဲ့မိန်းမနဲ့ ယောက်ျားက တက်လာပြီး မိန်းမက ရှေ့ခန်းမှာထိုင်တယ် ယောက်ျားက ကျနော်အနားမှာ ထိုင်တယ်ဗျ..အဲဒါနဲ့ကားစီးလာတာပြည်တော်သာ ကွေ့ရောက်တော့ ကျနော်ကားထဲမှာ အနံစူးစူး တခုရလို့ ကားမှန်ချမယ်လုပ်တော့ လော့ချထားတယ်..

ကျနော်က အကိုကားမှန်လေးတချက်လောက် ချပေးပါလားပြောတော့.. ညီလေးမှန်ချလို့မရဘူးတဲ့ မှန်ကကွဲနေတာတဲ့..ကျတော်ကလည်း ယုံတာပေါ့ဗျာ..

အဲ့ဒါနဲ့ စီးလာရင်း ၁၄လမ်းဆုံကလမ်းပိတ်နေလို့ကမ်းနားလမ်းကဖြတ်မယ်နော်တဲ့..ခါတိုင်းဒီချိန်ကကားပိတ်နေကျဆိုတော့ကျနော်ကလည်း ရတယ်အဆင်ပြေသလို သွားပေါ့ဆိုပြီး ပြန်ပြောလိုက်တယ်..

ကမ်းနားဘက်ရောက်တော့ ကျနော်ဘေးနားထိုင်နေတဲ့ ယောက်ျားက သူအိပ်ထဲကတခုခုထုတ်နေသလို လုပ်နေတာကြာပြီဗျ..မသင်္ကာလို့ ကျနော်လည်း ခနခန ကြည့်နေရင်း သူထုတ်လိုက်တဲ့အရာက ဓားမြောင်လေးဗျ..

ကျနော်လည်း ကျနော့်ဖုန်းကို ချက်ချင်းအတွင်းခံထဲ ထိုးထည့်ထားလိုက်တယ်.. ကျနော်မသိသလိုနေပြီး ဘုရားစာဘဲ ရွတ်နေတယ်.. တကယ်တော့ ကျနော်အရမ်းကြောက်နေပြီဗျ..

ကျနော်လည်းတွေးမိလိုက်ပါတယ် ကျနော်ကို တစုံတခု လုပ်တော့မယ်ဆိုတာ.. ထင်တဲ့အတိုင်းဘဲဗျာ.. ခနဆိုသလို ကျနော်လည်ပင်းကို ဓားနဲ့ ထောက်ပြီး ပါတာအကုန် ထုတ်ပေးဖို့ ပြောတယ်ဗျ..

ကျနော့်လွယ်အိတ်ထဲမှာ ဝန်ထမ်းကဒ်ရယ် ပိုက်ဆံ၂သိန်းစွန်းစွန်းလောက်ရယ်ဘဲ ရှိတာပါဆိုပြီး ကျနော်အိတ်ထိုးပေးလိုက်ပါတယ်..

ဖုန်းမပါဘူးလား မေးပါသေးတယ်.. ကျနော့်ဖုန်းက သူငယ်ချင်းအိမ်မှာ ကျန်နေခဲ့တာ ကားပေါ်ရောက်မှ ဖုန်းပါမလာမှန်းကျနော်သိတာ.ကျနော်မှာ တကယ် ဘာဖုန်းမှ မပါပါဘူးဆိုပြီး မျက်နှာငယ်လေးနဲ့ ရှင်းပြလိုက်ရသေးတယ်..

အဲ့ချိန်ကားက လုံးဝမရပ်ဘူးဗျ.. ဆက်တိုက် ဆိုသလို မောင်းတာ ကျနော့်အသက်ထက် အရေးကြီးတာ ဘာမှမရှိလို့ ကျနော်အကုန်ပေးလိုက်ပါတယ်.. ပိုက်ဆံတွေ အကုန်ယူတဲ့အပြင် အထည်တွေပါ အကုန်ယူသွားပါတယ်..

ကျနော်ကို အော်ရင်ချက်ချင်း ရှင်းပစ်မယ်ပြောပြီး ကမ်းနားလမ်းမှာ တယောက်ထဲ ချထားပေးခဲ့ပါတယ်.. ကျနော်ကို ချပြီးတာနဲ့ ကားတရှိန်ထိုးမောင်းသွားကြတာ..

ကျနော်မှာ ငိုရမလို အကူညီတောင်းရမလိုနဲ့.. တယောက်ထဲ ကြောက်ကလည်းကြောက်နေတော့ အဲ့ချထားပေးတဲ့နေရာမှာ ထိုင်ငိုမိနေသေးတယ်..

နောက်အနီးနားလမ်းဆက်လျှောက်ရင်း ဂိုထောင်တခုကိုတွေ့ပြီး ဂိုထောင်က လူတွေကို အကျိုးသင့်အကြောင်းသင့် ပြောပြပြီး အိမ်ကိုပြန်ဖို့ အခက်ခဲ ဖြစ်နေလို့ဆိုပြီး ပြောပြတော့ အဲ့ဂိုဒေါင်က အကိုတယောက်က အိမ်ကို လိုက်ပို့ပေးလို့ ခုဘဲအိမ်ပြန်ရောက်ပါပြီ.. ခေတ်ကြီးက တကယ်ဘဲ ပျက်နေတာပါ ကြောက်ဖို့ကောင်းတယ်..

crd..