ဗဟုသုတ

အချိုမှုန့်သမိုင်း

၁၉၀၈-ခုနှစ်မှစ၍ဂျပန်ပါမောက္ခကီရာနအဲအီကဲဒါဆိုသူကဂျုံ၊ကြံ၊ ပီလောပီနံဥ၊ရေညှိစသည့်သဘာဝပစ္စည်းများနှင့်ပေါင်းစပ်ကာဂလူတာမိတ် (GLUTAMAIE) ဓာတ်ကို ထုတ်လုပ်၍ ဆိုဒီယမ်ဆားတို့ ပေါင်းခံလိုက်သောအခါ ဟင်းခပ်လျှင်အရသာရှိသော(MONOSODIUMGLUTAMATE)MSGခေါ်အချိုမှုန့်ကိုရသည်။

အဆိုပါအချိုမှုန့်ကို အာဂျီနိုမိုတိုဟု အမည်ပေး၍(AJINOMOTO)

ကမ္ဘာသို့ ဖြန့်ချီလိုက်ရာ လူသားတို့ နှစ်သက်စွဲလန်းသွားကြသည်။ နောက်ပိုင်း၌ ပီလောပီနံဥစသော သဘာဝပစ္စည်းတို့ကို အသုံးမပြုတော့ဘဲ ဓာတုဗေဒနည်းဖြင့် အစားထိုးခဲ့သည်။

ဓာတုနည်းဖြင့်ထုတ်လုပ်ထားခြင်းကြောင့် ရောဂါအမျိုးမျိုးဖြစ်ခဲ့ကြရသည်။ အချိုမှုန့်အန္တရာယ်ကို ကမ္ဘာက သိလာကြသဖြင့် စီးပွားရေးသမားများကနောက်ပုံစံတစ်မျိုးနှင့် ဟင်းခပ်မှုန့်ပြောင်းလဲထုတ်လုပ်ခဲ့သည်။ တံဆိပ်အမျိုးမျိုးတပ်ထားကြသောကြက်သားမှုန့်တို့မှာ မူလအချိုမှုန့်များပါဝင်နေသဖြင့် အချိုမှုန့် ကြက်သားမှုန့်ကို ဓာတ်ခွဲလျှင် မိုနိုဆိုဒီယမ်ဂလူတာမိတ်ကို တွေ့ရ၏။

(MONOSODIUM GLUTAMATE)ကြက်သားအနံ့ဓာတုအရောင်တင်ထားသဖြင့် ပိုမိုအန္တရာယ်ဘေးဆိုးဖြစ်စေနိုင်သည်။ (ငါး၊ပုဇွန်၊ ပြည်ကြီးငါးတို့ဖြင့် ပြုလုပ်ထားသော ငံပြာရည်တို့၌လည်း အချိုမှုန့်ပါနေသည်။) အဆိုပါကြက်သားမှုန့်ကို တာရှည်စွာသုံးစွဲခြင်းကြောင့် အသားပွစိစိ၊ ဗိုက်ပူ၊ ခါးတုတ်၊ ဂုတ်သားတက်၊ မေးစိနှစ်ထပ်၊ မျက်လုံးအစ်၊ လက်မောင်းတုတ်၊ ပေါင်မှာအထစ်ထစ်နှင့် ခြေသလုံးကြီး ဖြစ်နေကြ၏။

အချိုမှုန့်လွန်စွာစားသူများမှာ အဝလွန်ပြီး ကင်ဆာအမျိုးမျိုး၊ နှလုံးခုန်မြန်၊ သွေးတိုး၊အရေပြားကြမ်း၊အပိန့်ထွက်၊မျက်စိမှုန်၊ ရင်ကျပ်၊ပန်းနာ၊ကျောက်ကပ်ပျက်စီး၊ ကိုယ်ဖောကိုယ်ရောင်၊ စိတ်ဂယောင်ခြောက်ခြား၊ ဆီးချို၊ ကျောက်တည်၊ လေပြေသွေးတွင်းအဆီမြင့်တက်အစရှိသော ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည်။

(ပင်လယ်စာ၊ ငါး၊ စပျက်၊ မုန့်ညင်းတို့ဖြင့် ထုတ်လုပ်ထားသော သဘာဝဟင်းခပ်မှုန့်များကို သုံးစွဲသင့်သည်။)

စားသောက်ဖွယ်များအရသာရှိပြီး စားကောင်းစေလိုလျှင် အရောင်မချွတ်ထန်းလျက်ကို ပါးပါးလှီး၍ ဆားသင့်ရုံထည့်သုံးလျှင် အန္တရာယ်ကင်းသော ဟင်းခပ်မှုန့်ဖြစ်သည်။

အချိုမှုန့်ဆိုတာ ဘာလဲ

ဘယ်လောက်များအန္တရာယ် ပေးနိုင်လဲ သိစေချင်

ရေရှည် မှန်မှန်စားသွားရင် ဒီလောက်အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate(MSG)လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုးပါ၀င်ပြီး စားစရာထဲထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခပ်ပစ္စည်းတစ်ခုဟုတ်ပါသလား? ပုံမှန်သုံးသင့်တဲ့ ဟင်းခပ်အမွှေးအကြိုင်တစ်ခု လုံး၀မဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည်စားရင်အန္တရာယ်ကတော့ ရှိတာပါပဲလို့ပညာရှင်များက ပြောကြားပါတယ်။Good Manufacturing Practice (GMP)လို့ခေါ်တဲ့ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်)ရဲ့အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံး၀ မပါပါဘူး။ အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ။

(၁) ဆီးချိုမဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ်ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာအလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလိုအ၀လွန်ခြင်းကိုတားဆီးပေးတဲ့ဟော်မုန်းများကိုပါ ပိတ်ဆို့လို့အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့ အဖော်အပေါင်းတွေပါ’ပါ လာပါလိမ့်မယ်။

(၃) ဦးဏှောက်ဆဲလ်တွေကို မြန်မြန်ပျက်စီးယိုယွင်းစေပါတယ်။မှတ်ဉာဏ်ကိုအရွယ်မတိုင်ခင်ပျောက်ဆုံးစေပြီးမေ့တတ်တဲ့ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစ ကတည်းကနေ စပြီးစားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်းယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝြဖတ်တောက် ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေးပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။

အချိုမှုန့်စားတဲ့ ကိုယ်၀န်ဆောင်တွေ မွေးလာတဲ့ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာတွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်၀န်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးဏှောက်အစိတ်အပိုင်းတွေမှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။

ဒီနေရာတွေဟာအစားအသောက်စားချင်စိတ်ကိုအဓိကထိန်းချုပ်တဲ့ ဦးဏှောက်ဧရိယာတွေဖြစ်လို့ဒီလိုကလေးတွေဟာ ကြီးလာရင်အစားအသောက် အလွန်အကျွံ စားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေထူစေတတ်တာ ကမ္ဘာတစ်၀န်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချိုမှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်၀န်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။

ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာအနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါအပါအ၀င် ကိုယ်တွင်းကလီစာတစ်ခုခု ရောင်ယမ်းတဲ့ရောဂါရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချအမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာဖြစ်လို့ အသီးအနှံတွေမှာ လုံး၀ မသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline)အရပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်)ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ်နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ

အချိုမှုန့်ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ၀ယ်ရင် လေဘယ်လ်ပေါ်မှာပါတဲ့ အချိုမှုန့်ပါ၀င်မှု ပမာဏကိုရှာဖွေပါ။အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါ၀င်ဖက်ပစ္စည်းစာရင်း (Ingredient List)ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျပါ’ပါတယ်။

(၅) ရိုးရာဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ)ကို ပြန်လည်အစားထိုးသုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါ’ပါတယ်ခင်ဗျား။

များပြားလှတဲ့အစားအသောက်တွေကြောင့် ထူပြောလှတဲ့ရောဂါများ မဖြစ်အောင် စားလိုစိတ်ကို ချုပ်တည်းနိုင်ကြ၍ အနာရောဂါ ဘေးဘယာများ ကင်းဝေးကြပါစေသား။

crd