ရွှေဖီမြေ၊ ဇန်နဝါရီ ၄ ရက်၊ မူဆယ်
မြန်မာ-တရုတ် နယ်စပ်မှာ ဖရဲသီး တင်တွင်းဖို့အတွက် ရက်ကြန့်ကြာမှုကြောင့် ရှမ်းမြောက် မူဆယ်မြို့နယ် မိုင်းယု (၁၀၅)မိုင် ပြည်ထောင်စုလမ်းမကြီးမှာ စွန့်ပစ်လိုက်ရတယ်လို့ သိရပါတယ်။
ဖရဲသီး တင်ဆောင်လာတဲ့ ကားသမားတွေဟာ လမ်းမှာ စစ်ဆေးမှု ကြန့်ကြာသလို တရုတ်နိုင်ငံဘက်ကနေလည်း အခက်အခဲရှိနေတာကြောင့် ဖရဲသီးတွေ အမှည့်လွန်ပြီ ပုပ်သိုးသွားပါတယ်။
ဖရဲသီးတင် ကားသမားတစ်ဦးက “ဆုံးရှုံးမှုတန်းဖိုးက ၁ တန်၊ ၂ တန်ရှိတယ်။ ကားသမားတွေအပြင် ကုန်သည်တွေလည်း အခက်အခဲဖြစ်တယ်။ တရုတ်ဘက်ကလည်း သူတို့ ခေါက်တိုကားငှားလို့ မရတာတို့ အခက်အခဲတွေ ရှိကြတယ်” လို့ ရွှေဖီမြေကို ပြောပါတယ်။
မြန်မာ-တရုတ် နယ်စပ်ဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနစ် မတ်လ ၂၃ ရက်မှာ မြန်မာနိုင်ငံအတွင်း ကိုဗစ်ရောဂါ ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံထဲသို့ သွင်းကုန်၊ ထုတ်ကုန် သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲ ရှိနေတာပဲ ဖြစ်ပါတယ်။
“တစ်ချို့ကားသားတွေတော့ ကျင်စန်းကျော့ ဂိတ်ထိ ပို့လို့ရတယ်။ တစ်ချို့ကားသမားတွေကတော့ ဒီအပေါ်နားလေးအထိပဲ ရတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
ဖရဲသီးကားတွေကို တရုတ်နိုင်ငံထဲ တင်ပို့ဖို့ ဦးစားပေးနေရပေမယ့် မြန်မာနိုင်ငံမှာ စစ်ဆေးမှု ကြန့်ကြာတာကြောင့် ဆုံးရှုံးမှုတွေ များလာတယ်လို့ ဆိုပါတယ်။
#ဖရဲသီးတင်ကား #အရှုံးပေါ်နေ #စစ်ဆေးမှု #ကြန့်ကြာ #မူဆယ်
#ဓာတ်ပုံ- Local