Local News

တိုက်ပွဲများအတွင်း ဗိုလ်မှူးကြီး ၊ ဗိုလ်ကြီး အဆင့်များ ထူးဆန်းစွာ ကျဆုံးခြင်းနှင့်ပါတ်သတ်ပြီး ဇော်မင်းထွန်းပြောပြီ

တိုက်ပွဲများအတွင်း ဗိုလ်မှူးကြီး ၊ ဗိုလ်ကြီး အဆင့်များ ထူးဆန်းစွာကျဆုံးခြင်းနှင့်ပါတ်သတ်ပြီး ဇော်မင်းထွန်းပြောပြီ။

၂၀၂၁ ခုနှစ် အတွင်း MNDAA၊ KIA၊ KNU၊ စကိုင်းတိုင်းတို့တွင်ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စကစ ဖက်မှ ဗိုလ်မှူးကြီး ၊ ဗိုလ်ကြီး အဆင့် များသည်

တိုက်ပွဲစဖြစ်ဖြစ်ခြင်းမှာပင် ကျဆုံးမှုများရှိခဲ့သောကြောင့် တပ်တွင်း စောင့်ကြည့်မှုများ ထားရှိသွားမည် ဖြစ်ကြောင်း။

စစ်ပွဲများတွင် တိုက်ပွဲစစခြင်း ကျဆုံးသည့် အရာရှိများ သေနတ်ဒါဏ်ရာသည် ကျည်ကာအင်္ကျီ များ ကျည်ကာ ဦးထုပ် များဝတ်ဆင်ထားသော်လည်း

နေရာလွတ်နေ့သည့် ဦးခေါင်း နောက်စေ့၌ ကျည်ဆံ ဖောက်ထွင်းဝင်ရောက်သည့် ဒါဏ်ရာများဖြင့်သာသေဆုံးကြသည်ကများကြောင်း၊စစ်ပွဲများတွင် တပ်သားသေဆုံးမှုကနဲပြီးအရာရှိသေဆုံးမှုကသာပိုများသောကြောင့်သွေးရိုးသားရိုးသေဆုံးခြင်းရှိမရှိကိုအထူးကော်မရှင် Special Commissionအဖွဲ့ ဖွဲ့၍ စစ်ဆေးမည်ဖြစ်ကြောင်း။

နောင်လာမည့်တိုက်ပွဲများတွင် အရာရှိ တပ်ရင်းမှုးများအနေဖြင့် ရန်သူများရှိရာဖက်ကို ဦးခေါင်းမလှည့်ဘဲ နောက်ပြန်အနေ အထား ဖြင့်သာ တိုက်ပွဲဝင်ရန် အရာရှိများကို Special Orderပေးထားကြောင်းသိရသည်။

IPP သတင်းစဥ်