ဗဟုသုတ

Racing Games တွေကို ကျွမ်းကျင်စွာဆော့ကစားရင်း ဘဝကိုအပျော်ဆုံး ဖြတ်သန်းနေတဲ့ 93 နှစ်အရွယ် အဘိုးအို(ရုပ်သံ)

Racing Games တွေကို ကျွမ်းကျင်စွာဆော့ကစားရင်း ဘဝကိုအပျော်ဆုံး ဖြတ်သန်းနေတဲ့ 93 နှစ်အရွယ် အဘိုးအို(ရုပ်သံ)

Japan နိုင်ငံ တိုကျိုမြို့မှာနေထိုင်တဲ့ အသက် 93 နှစ်အရွယ်အဘိုးအိုဟာ သူအရမ်းကြိုက်နှစ်သက်တဲ့ ကားမောင်းခြင်းကိုမရပ်မနားတမ်းမောင်းနှင်ရင်း ဘဝကိုအပျော်ဆုံးဖြတ်သန်းနေခဲ့သူပါ ။အဘိုးအိုဟာအရင်ချိန်က Taxiကားမောင်းဆရာတစ်ယောက်ဖြစ်ခဲ့ပြီးလွန်ခဲ့တဲ့ 7နှစ်ကမှအသက်အရွယ်ကြီးရင့်နေပြီမို့ လိုင်စင်အသိမ်းခံခဲ့ရတာပါ ။ တစ်ရက်မှာတော့ မြေးဖြစ်သူဟာ Forza Motorsport 7 game ဆော့ကစားနေခဲ့တာကို တွေ့ရှိခဲ့ပြီးနောက် အရင်အချိန်လို သူ့ဘဝကိုဆက်ပြီး ကားမောင်းနှင်လို့ရအုံးမယ်ဆိုတာကို သဘောပေါက်သွားခဲ့ပါတယ် ။

ဒါကြောင့် မြေးဖြစ်သူ Olivin Crop ကို game ဆော့ကစားခွင့်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ၊ မြေးဖြစ်သူကလည်း အဘိုး game ဆော့ကစားနေခဲ့တဲ့ video ကို social media ပေါ် ဝေမျှပေးခဲ့ပါတယ် ။ အဘိုးအိုဟာလည်း အောက်ဆီဂျင်ပိုက်ကို နှာခေါင်ပေါက်မှာ တပ်ဆင်ထားလျက်ဖြင့် Racing game ဆော့ကစားနေတာကို video မှာ တွေ့ရှိရမှာပါ ။

Zawgyi




crd