ဗဟုသုတ

နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့ လူမျိုးစုများကို ပြန်လည်ရှာဖွေပြီး သူတို့နဲ့ ပတ်သက်တဲ့ နေ့စဥ်ဘဝအကြောင်းကို ပြောပြလာတဲ့ ဓာတ်ပုံဆရာ

ပျောက်ဆုံးသွားခြင်းရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို “တစ်ယောက်ယောက်က ဘယ်ရောက်နေမှန်းမသိခြင်း” လို့ နည်းပညာပိုင်းဆိုင်ရာအရအဓိပ္ပါယ်ဖွင့်ဆိုထားသော်လည်း တစ်ခါတစ်ရံ စကားလုံးက အခြားအခြေအနေတွေမှာလည်း လိုက်ဖက်နိုင်ပါတယ် ။ ဥပမာအားဖြင့် လူမျိုးများက ဘယ်လောက်ပျောက်ပျက်သွားပြီလဲဆိုတာ မသိသေးပါ ။

၎င်းတို့ကို မကြာသေးမီက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထိုရှာဖွေတွေ့ရှိမှုနဲ့အတူ သူတို့နဲ့ပတ်သက်တဲ့ ဗဟုသုတများစွာနဲ့ ၎င်းတို့ပြုလုပ်တဲ့ အံ့သြဖွယ်ကောင်းမှုများကို ကျွန်ုပ်တို့ တွေ့ရှိခဲ့ပါတယ် ။ ဓာတ်ပုံဆရာ Hamid Sardar-Afkhami ဟာ မကြာသေးမီက ပျောက်ဆုံးသွားတဲ့ မွန်ဂိုလီးယားမျိုးနွယ်စုကို သွားရောက်ရှာဖွေခဲ့ပြီး ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများစွာဖြင့် သူမြင်ခဲ့ရပုံကို မှတ်တမ်းတင်ခဲ့ပါတယ် ။

ဒါတွေက ကျွန်တော်တို့တွေ မမြင်ဖူးတာ ကြာပြီဖြစ်တဲ့ အလှပဆုံးပုံတွေပါ ။၎င်းတို့က ပျောက်ဆုံးသွားတဲ့မွန်ဂိုလီးယားမျိုးနွယ်စုရဲ့ နေ့စဉ်ဘဝများကို မီးမောင်းထိုးပြပြီး မှတ်တမ်းတင်ကြပါတယ် ။ Dukha လူမျိုးများက Tuvan-Turkic မျိုးနွယ်စုတစ်ခုဖြစ်ပါတယ် ။ သူတို့က မွန်ဂိုလီးယားနဲ့ ရုရှားနယ်စပ်ရှိ လူဆိတ်ညံတဲ့ဒေသမှာ နေထိုင်ကြတာပါ ။ သူတို့ကို သမင်အုပ်ထိန်းသူများလို့လည်း လူသိများပါတယ် ။

အဆိုပါမျိုးနွယ်စုမှာ မိသားစု ၄၄ စုမှာမှ လူရာဂဏန်းမျှသာ ကျန်ရှိတော့တာပါ ။ ၎င်းတို့ရဲ့ သမင်အုပ်ဦးရေမှာလည်းလျော့နည်းလာပါပြီ ။မျိုးနွယ်စုရှိ ကလေးများဟာ မွေးကတည်းက လှပတဲ့ သမင်အုပ်နဲ့ ထိတွေ့ကြတာကြောင့် သမင်များဟာ ကလေးငယ်တွေရဲ့ သိမ်မွေ့ညင်သာတဲ့ အဖော်များ ဖြစ်လာကြပါတယ် ။

တိရစ္ဆာန်များက အမဲလိုက်ခြင်း သို့မဟုတ် ခရီးသွားခြင်းတို့ကို ကူညီနိုင်စွမ်းမရှိတော့ပါက Dukha က ထုံးစံအတိုင်း သမင်အုပ်ကိုမစားတတ်ပါဘူး ။ Dukha တို့က ၎င်းတို့ရဲ့ ဝင်ငွေ သို့မဟုတ် ဝမ်းရေး အတွက် ရှာဖွေကြပါတယ် ။ ဒီလိုမှမဟုတ်ရင် Dukhaလူမျိုးအများစုဟာအိမ်မွေးသမင်အုပ်စီးချင်တာ ဒါမှမဟုတ် သူတို့ရဲ့လက်မှုပညာကိုဝယ်တဲ့ ခရီးသွားတွေနဲ့အတူ အသက်မွေးဝမ်းကြောင်းပြုကြပါတယ် ။

သူတို့ကသမင်အုပ်ကိုလေ့ကျင့်ရုံတင်မဟုတ်ဘဲသူတို့လည်းဝံပုလွေတွေကိုလေ့ကျင့်ပေးပါတယ်။သူတို့ကသူတို့ပတ်ဝန်းကျင်ကမ္ဘာနဲ့အလွန်လိုက်လျော ညီထွေရှိပြီး သူတို့ရဲ့ဘဝပုံစံအတွက် ဂုဏ်ယူကြပါတယ် ။အမဲလိုက်ရာမှာကူညီပေးရန်အတွက် Dukha တို့ကရွှေလင်းယုန်များကို လေ့ကျင့်ပေးကြပြီး လင်းယုန်ငှက်ကို အမဲလိုက်ခြင်းက အခွင့်ထူးတစ်ခုလို့ ယူဆကြာတာကြောင့် တတ်စွမ်းနိုင်သူများကို မျိုးနွယ်စုက လေးစားမှု ခံရမှာဖြစ်ပါတယ် ။

သင်တွေ့မြင်ရတဲ့အတိုင်း အဲ့ဒီမျိုးနွယ်စုဟာ တိရိစ္ဆာန်အားလုံးနဲ့ အလွန်နက်ရှိုင်းတဲ့ ဆက်သွယ်မှုရှိတယ်လို့ ဆိုနိုင်ပါတယ် ။ Dukha တွေဟာတရုတ်၊ ရုရှားနဲ့ မွန်ဂိုလီးယားနိုင်ငံတွေအောက်မှာ နှစ်ရာနဲ့ချီပြီး နေနေခဲ့ရပါတယ် ။ ဒါပေမဲ့လည်း ၎င်းတို့က ၂၁ ရာစုမှာ မထိမခိုက်လုနီးပါး ရှိနေနိုင်ခဲ့ပြီး ၎င်းတို့ဟာ မွန်ဂိုလီးယားရှိ Dukha လူမျိုးများကို အလွန်ဆွဲဆောင်မှုဖြစ်စေတဲ့ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ် ။

Reference : buzznicked