Local News

ကင်ဆာကုသမှုအတွက် သီးသန့်နေထိုင်ရတဲ့မိခင်ဖြစ်သူ အထီးမကျန်ရအောင် အခန်းအပြင်ဘက်မှာ ထိုင်စောင့်နေတဲ့ဖခင်ရဲ့ပုံရိပ်ကိုဝေမျှခဲ့တဲ့ မိန်းကလေး

အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်မှ အသက် 17 နှစ်အရွယ် Mackenna အမည်ရှိမိန်းကလေးဟာ Jon Newman အမည်ရှိသူမရဲ့ဖခင်ဖြစ်သူရဲ့ချစ်စရာကောင်းတဲ့အခိုက်အတန့်ကိုရိုက်ကူးခဲ့ပြီး ၎င်းပုံရိပ်ကို Twitter မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

“ အမေက ကင်ဆာဓာတ်ရောင်ခြည်ကြောင့် သီးသန့်အခန်းခွဲပြီးဆေးကုသနေတုန်း အဖေက နာမကျန်းဖြစ်နေတဲ့သူ့ဇနီးကို အထီးမကျန်စေဖို့နဲ့သူတို့ရဲ့ကုမ္ပဏီကို အမေနဲ့အတူတူစီမံနိုင်ဖို့ အမေ့ရဲ့အခန်းတံခါးရှေ့မှာ စားပွဲခုံနဲ့ထိုင်ပြီး ဝမ်းနည်းနေခဲ့တယ် ” လို့ Mackenna ကထိုဓာတ်ပုံရဲ့Caption မှာရေးသားခဲ့ပါတယ်။

Marci အမည်ရှိ Jon ရဲ့ဇနီးဖြစ်သူဟာ 2016 ခုနှစ် အောက်တိုဘာလမှာ သိုင်းရွိုက်ကင်ဆာရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။အဲဒီနောက်ပိုင်း Jon က သူမအား ၎င်းကိုတစ်ယောက်တည်း ဖြတ်သန်းခွင့်မပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဇနီး Marci ရဲ့ကင်ဆာရောဂါကို သီးသန့်အခန်းခွဲပြီး ဆေးကုသနေစဉ် နာမကျန်းဖြစ်နေတဲ့ဇနီးဖြစ်သူအား အထီးမကျန်စေဖို့ အရိပ်တကြည်ကြည်နဲ့ စောင့်ကြည့်နေခဲ့တဲ့ သူမရဲ့ဖခင်ဖြစ်သူရဲ့လုပ်ရပ်ဟာ ကမ္ဘာတစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပါတယ်။

တကယ်လည်း Jon ဟာ ဇနီးဖြစ်သူရဲ့အနားမှာအမြဲအတူရှိနေဖို့ sweet အဖြစ်ဆုံးနည်းလမ်းတစ်ခုကို ရှာတွေ့နိုင်ခဲ့ပါတယ်။ဆိုရှယ်မီဒီယာအသုံးပြုသူများက ထိုအရာအားလုံးနှင့်ပတ်သက်ပြီး အလွန်စိတ်လှုပ်ရှားနေကြပြီး “ တစ်ယောက်ယောက်က ကျွန်တော့်ကို ဒီလောက်အထိချစ်စေချင်တယ် ”၊“သူက သူ့ရဲ့မင်္ဂလာပွဲကတိကဝတ်ကို အလေးအနက်ထားတဲ့ လူတစ်ယောက်ဘဲ၊ မိုက်တယ်!” ၊ “အို..ဒါက ငါမြင်ဖူးသမျှထဲမှာ အလှပဆုံးအရာဘဲ ၊ သူ့ရဲ့နှလုံးသားကိုမျှဝေပေးလို့ ကျေးဇူးပါ!!!” ဟူတဲ့မှတ်ချက်များစွာဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာ “ Jon က ကျွန်မ သွေးစစ်တိုင်း၊ ခွဲစိတ်မှုလုပ်တိုင်း နဲ့ ဓာတ်ရောင်ခြည်တိုင်းဖို့ ဆရာဝန်ချိန်းတဲ့အခါတိုင်း သူကျွန်မအနားမှာ အမြဲအတူရှိနေပေးခဲ့တယ်၊ ဒါ့ပြင် ကျွန်မခင်ပွန်းက မနက်တိုင်း ကော်ဖီဖျော်ပြီး ကျွန်မဆီယူလာပေးတတ်တယ်၊ ကျွန်မရဲ့မင်းသားလေးကတော့ အခန်းရဲ့အပြင်မှာအမြဲရှိနေပါတယ် ” လို့ Marci က သူမရဲ့ Twitter မှာရေးသားဖော်ပြခဲ့ပါတယ်။

တစ်နှစ်ကျော်အကြာမှာတော့ သမီးဖြစ်သူ Mackenna က သူမရဲ့မိခင်ဟာ ကင်ဆာကင်းစင်ကြောင်းဆိုတဲ့အံ့သြစရာကောင်းတဲ့သတင်း ကို Twitter မှာ ပြန်လည်မျှဝေခဲ့ပါတယ်။

သူမချစ်ရတဲ့မိဘနှစ်ပါးရဲ့ဓာတ်ပုံတွေကိုမျှဝေပေးခဲ့ပြီး “ ကျွန်မအမေရဲ့ ကင်ဆာအမှတ်အသားက သုညမှာ တရားဝင်ဖြစ်နေပါပြီ၊ ကျွန်မသိပ်ချစ်တဲ့ အသန်မာဆုံးစုံတွဲကို ဂုဏ်ပြုပေးသွားလိုက်ကြပါအုံး ” လို့ သူမရဲ့Caption မှာရေးသားထားခဲ့ပါသေးတယ်။ လှပတဲ့ဒီအခိုက်အတန့်က ကျွန်ုပ်တို့အားလုံးရဲ့နှလုံးသားကို အရည်ပျော်သွားစေမှာအမှန်ပါဘဲဗျာ။

Reference : gtgoodtimes