Local News

ချိုင်းထောက်အကူအညီဖြင့် ရေဘေးဒုက္ခသည်များကို ကူညီရန် စေတနာ့ဝန်ထမ်း လုပ်ခဲ့တဲ့ လေးစားစရာ မသန်စွမ်းအမျိုးသား

လတ်တလောလျှပ်တပြက်ရေကြီးမှုကြောင့်လူမျိုးပေါင်းစုံမှမလေးရှား၊အခြားပြည်နယ်မှဒေသခံများနဲ့လိုအပ်နေသူများကိုကူညီရန်ရည်ရွယ်ချက်ဖြင့်စည်းလုံးညီညွတ်ပြီးအတူတကွလုပ်ဆောင်ခဲ့ကြပါတယ် ။ထို့အပြင်ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရသူများအတွက်ထောက်ပံ့ကူညီမှုများပေးရန်မတူညီတဲ့ တတ်ကျွမ်းသူများလည်း ဝင်ရောက်လာခဲ့ကြတာကို တွေ့ရပါတယ် ။ အင်တာဗျူးတစ်ခုမှာ မသန်စွမ်းသူ Mohamad Shukor Jab ဟာလည်း ရှင်းလင်းရေးကြိုးပမ်းမှုများမှာ သူစေတနာအလျောက်ပါဝင်ခဲ့ပုံအကြောင်း မျှဝေခဲ့ပါတယ် ။

အသက် 11 နှစ်မှာ မတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက် ခြေထောက် ၁ ချောင်း ဆုံးရှုံးသွားတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားဟာ ခြေလှမ်းဝင်ကာ အကူအညီ လိုအပ်သူများကိုလည်း ပါဝင်ကူညီခဲ့ပါတယ် ။ အဆိုပါအမျိုးသားက ချိုင်းထောက်အကူအညီဖြင့်၊ သူက ရေဘေးသင့်အိမ်များကို သန့်ရှင်းရေးကူညီရန် ‘Dirt Buster Team’ လိူ့ခေါ်တဲ့ အဖွဲ့နဲ့အတူ စေတနာ့ဝန်ထမ်းတစ်ဦး လုပ်ခဲ့ပါတယ် ။ Mohamad Shukor က ရေဘေးဒုက္ခသည်တွေ ကြုံတွေ့ခဲ့ရတာတွေကို မြင်ပြီး ဝမ်းနည်းမိကြောင်း ပြောပါတယ် ။

“သူတို့ ဘာတွေ ကြုံနေရတယ်ဆိုတာ ကြည့်လိုက်ရင် ဘယ်သူမဆို လာပြီး ကူညီပေးချင်စိတ်ဖြစ်စေတယ်။ ငါမသန်စွမ်းဖြစ်ပေမဲ့သူတို့ရဲ့ အခြေအနေကို ကြည့်ပြီး ငါဝမ်းနည်းမိတယ်။ ဒီနေရာမှာ စေတနာ့ဝန်ထမ်းမရှိလို့ ဒီနေ့ ဒီဒေသမှာ နေထိုင်သူတွေကို ကူညီဖို့ ကြိုးစားနေပါတယ်” လို့ Mohamad Shukor က ဆိုပါတယ် ။

သူ့ရဲ့လုပ်ဆောင်ချက်များကမလေးရှားနိုင်ငံသားများလိုအပ်နေချိန်မှာအခြားသူများကိုလာရောက်ကူညီရန်လှုံ့ဆော်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ် ။ အခက်အခဲတွေနဲ့ဖြတ်သန်းရပေမယ့် မင်းရဲ့ကိုယ်ကျိုးမဖက်မှုနဲ့ ကူညီမှုအတွက် Mohamad Shukor ကို ကျေးဇူးတင်ပါတယ် ။

Reference : worldofbuzz