ဗဟုသုတ

အမျိုးသမီးတို့သာ ခံစားရသည့် သီးခြားဆင်းရဲ ငါးမျိုး

အမျိုးသမီးတို့သာ ခံစားရသည့် သီးခြားဆင်းရဲ ငါးမျိုး

ယောကျ်ားတို့နှင့်လုံးဝမသက်ဆိုင်ဘဲ မိန်းမတို့သာ တိုက်ရိုက်သီးခြား ခံစားရသော (အာဝေနိက ဒုက္ခ) ဆင်းရဲငါးမျိုးဟု သဠာယတန၊ မာတုဂါမသံယုတ် ပါဠိတော်၌ ဟောတော်မူထားသည်ကို ဖော်ပြအပ်ပါသည်။

၁။ မိန်းမတို့မည်သည် စည်းစိမ်ချမ်းသာ မည်မျှပင် ချမ်းသာကြွယ်ဝသည်ဖြစ်စေ၊ ချစ်ခင်လှသော မိဘဆွေမျိုးတို့နှင့် ကွေကွင်းခွဲခွာ၍ လင်၏အိမ်သို့ လိုက်ရခြင်းသည် မိန်းမတို့သာ သီးခြား ဖြစ်သော ဆင်းရဲတစ်ပါး။

၂။ မိန်းမတို့မည်သည် ချိန်ခါရွယ်သင့်၊ ဉတုပန်းပွင့်ရခြင်းသည် ယောကျ်ားတို့နှင့် မသက်ဆိုင်။ မိန်းမတို့သာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။ (မှတ်ချက်။ လောကီဗေဒင်ကျမ်းတို့၌ ၁၂ နှစ် အရွယ်ရောက်လျှင် ဉတုပန်းပွင့်နိုင်ပြီဟု ဆို၏)

၃။ မိန်းမတို့မည်သည် ပဋိသန်္ဓေ ကိုယ်ဝန်ကို လေးလံပင်ပန်းစွာ ၁၀ လ လွယ်ပိုက်ရခြင်းသည် လည်း မိန်းမတို့သည်သာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။

၄။ မိန်းမတို့မည်သည် လင်စိတ်၊ သားစိတ် ကုန်လောက်အောင် မိန်းမောတွေဝေ သေလုနီးပါး သားဖွားရခြင်းသည်လည်း သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။

၅။ မိန်းမတို့မည်သည် စကြာဝတေးမင်းကြီး၏ မိဖုရားပင် ဖြစ်စေကာမူ ယောကျ်ားတို့၏ ခြေရင်း အလုပ်အကျွေးသာ ဖြစ်ရခြင်းသည်လည်း မိန်းမတို့၏ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး ဖြစ်ပါသည်။

၎င်းအပြင် ဘုရားပစ္စေကဗုဒ္ဓါ စသည်တို့၏ အဖြစ်မျိုးကို တိုက်ရိုက်မတောင်းဆိုနိုင်ခြင်း၊ ယော ကျာ်းများကဲ့သို့ ဖန်ရေစွန်းသော ဝတ်သင်္ကန်းနှင့် ယခုအခါ ရဟန်းမိန်းမ မဖြစ်နိုင်ခြင်း ဤသို့ စသည်ဖြင့် မိန်းမတို့၏ ဘဝအဖြစ်မျိုးသည် နေရာအတော်များများမှာ ယောက်ျားတို့ထက် အဆင့်နိမ့်သည့်အတွက် ယောက်ျားဘဝကိုရရှိရန် ဆုတောင်းသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Credit

(Zawgyi)

ယောကျ်ားတို့နှင့်လုံးဝမသက်ဆိုင်ဘဲ မိန်းမတို့သာ တိုက်ရိုက်သီးခြား ခံစားရသော (အာဝေနိက ဒုက္ခ)ဆင်းရဲငါးမျိုးဟု သဠာယတန၊ မာတုဂါမ သံယုတ် ပါဠိတော်၌ ဟောတော်မူထားသည်ကို ဖော်ပြအပ်ပါသည်။

၁။ မိန်းမတို့မည်သည် စည်းစိမ်ချမ်းသာ မည်မျှပင် ချမ်းသာကြွယ်ဝသည်ဖြစ်စေ၊ချစ်ခင်လှသောမိဘဆွေမျိုးတို့နှင့် ကွေကွင်းခွဲခွာ၍လင်၏အိမ်သို့ လိုက်ရခြင်းသည် မိန်းမတို့သာ သီးခြား ဖြစ်သော ဆင်းရဲတစ်ပါး။

၂။ မိန်းမတို့မည်သည် ချိန်ခါရွယ်သင့်၊ ဉတုပန်းပွင့်ရခြင်းသည် ယောကျ်ားတို့နှင့် မသက်ဆိုင်။ မိန်းမတို့သာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။ (မှတ်ချက်။ လောကီဗေဒင်ကျမ်းတို့၌ ၁၂ နှစ် အရွယ်ရောက်လျှင် ဉတုပန်းပွင့်နိုင်ပြီဟု ဆို၏)

၃။ မိန်းမတို့မည်သည် ပဋိသန်္ဓေ ကိုယ်ဝန်ကို လေးလံပင်ပန်းစွာ ၁၀ လ လွယ်ပိုက်ရခြင်းသည်လည်း မိန်းမတို့သည်သာ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။

၄။ မိန်းမတို့မည်သည် လင်စိတ်၊ သားစိတ် ကုန်လောက်အောင် မိန်းမောတွေဝေ သေလုနီးပါး သားဖွားရခြင်းသည်လည်း သီးခြားဖြစ်သော ဆင်းရဲတစ်ပါး။

၅။ မိန်းမတို့မည်သည် စကြာဝတေးမင်းကြီး၏ မိဖုရားပင် ဖြစ်စေကာမူ ယောကျ်ားတို့၏ ခြေရင်း အလုပ်အကျွေးသာ ဖြစ်ရခြင်းသည်လည်း မိန်းမတို့၏ သီးခြားဖြစ်သော ဆင်းရဲတစ်ပါး ဖြစ်ပါသည်။

၎င်းအပြင် ဘုရားပစ္စေကဗုဒ္ဓါ စသည်တို့၏ အဖြစ်မျိုးကို တိုက်ရိုက်မတောင်းဆိုနိုင်ခြင်း၊ ယော ကျာ်းများကဲ့သို့ ဖန်ရေစွန်းသောဝတ်သင်္ကန်းနှင့်ယခုအခါ ရဟန်းမိန်းမ မဖြစ်နိုင်ခြင်း ဤသို့ စသည်ဖြင့် မိန်းမတို့၏ ဘဝအဖြစ်မျိုးသည် နေရာအတော်များများမှာယောက်ျားတို့ထက်အဆင့်နိမ့်သည့်အတွက် ယောက်ျားဘဝကိုရရှိရန် ဆုတောင်းသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Credit