News

လက်ဖြောင့်သေနတ်သမား ကိုအာကာ သေဆုံးဆိုသည့် သတင်း၏နောက်ကွယ်က အဖြစ်အပျက်

လေးကေ့ကော်တိုက်ပွဲကျဆုံးဟုသတင်းထွက်ခဲ့သော လက်ဖြောင့်သေနတ်သမား ကိုအာကာ အသက်​ဘေးမှလွတ်​မြောက်လာ

လေးကေ့ကော်မြို့သစ်အနီးဝန်းကျင်တိုက်ပွဲများအတွင်း ကျဆုံးပြီဟုသတင်းများထွက်ပေါ်ခဲ့သော

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်လူငယ်တစ်ဦး အသက်ဘေးမှ ပြန်လည်လွတ် မြောက်လာပြီ ဖြစ်ကြောင်း

မြေပြင်ရောက်ထောက်ပို့ရဲဘော်တစ်ဦးက အသိပေးထားသည်။

တိုက်ပွဲအတွင်းရရှိသည့်ဒဏ်ရာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း၌ ဆေးကုသမှုခံယူနေသော

ကိုအာကာ(ခ)ကိုတွတ်ပီ မှာ အသက်ဘေးမှလွတ်ပြီး ပြန်လည်ကျန်းမာလာပြီဟု

ယင်းထောက်ပို့တပ်သားက ၎င်း၏ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်တွင်

ယနေ့(ဒီဇင်ဘာ ၃၁)ရေးသားဖော်ပြခဲ့သည်။

တော်လှန်ရေးရဲဘော်လက်ဖြောင့်တပ်သားကိုအာကာ(ခ) ကိုတွပ်ပီ အသက်ဘေးကလွတ်မြောက်ခဲ့ကြောင်း

တော်လှန်ရေးရဲဘော်တစ်ဦးက အခုလိုရေးသားအသိပေးထားပါတယ်ခင်ဗျာ

“တွတ်ပီကို R.I.P လုပ်ကြတဲ့သူတွေ Sorry ပါ

ကျွန်တော်တို့ သူဆေးကုနေတုန်း သတင်းဖုံးပေးထားတာပါ ။

အခုတော့ အသက်အန္တရာယ် စိတ်ချရပါပြီ ဆေးကုတာလဲသက်သာလာပါပြီ”ဟု

၎င်းက ရေးသားဖော်ပြထား သည်။

ကနဦးတွင် ကျဆုံးခဲ့ပြီဟု အသိပေးထားမှုအပေါ်တွင်လည်း ပြန်လည်ပြင်ဆင်တောင်းပန်ထားသည်။

ကိုအာကာ(ခ)ကိုတွတ်ပီသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊

တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ အစုအဖွဲ့တစ်ခုမှ PDF တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ စနိုက်ဘာသမားတစ်ဦးသည်။

(Zawgyi)









တ်ာလှန်ရေးရဲဘော်လက်ဖြောင့်တပ်သားကိုအာကာ(ခ) ကိုတွပ်ပီ အသက်ဘေးကလွတ်မြောက်ခဲ့ကြောင်း









Credit