News

ပျူစောထီးအဖွဲ့ဝင် ၄ ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ပျူစောထီးအဖွဲ့ဝင် လေးဦးသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ငါးဖွဲ့နှင့် ညှိုနှိုင်းတွေ့ဆုံပြီး ၎င်းတို့ ဆန္ဒအလျောက် အလင်းဝင်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အဓိက သူတို့ စစ်ကောင်စီ လက်အောက် အလုပ် မလုပ်တော့ဘဲ ရွာကို ဒုက္ခမပေးတော့ဘူး ကတိပေးကြတာပါ။ ဒီ နေ့လယ် ခံဝန်ကတိ ထိုးကြတယ်။ လက်နက်ဘာညာ ပါတာတော့ မရှိဘူး” ဟု ၎င်းက ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ပျူစောထီး အဖွဲ့ဝင်အချို့ မိုင်းထိ သေဆုံးမှုများ ရှိပြီး စစ်တပ်က မိုင်းရန်ကို ကြောက်သဖြင့် ၎င်းတို့သွားမည့် လမ်းကြောင်းတစ် လျှောက် ပျူစောထီး အဖွဲ့များအား ဦးစွာ စေလွှတ်မှုများရှိသည်ဟု ဆိုသည်။

Zawgyi

ပ်ဴေစာထီးအဖြဲ႕ဝင္ ၄ ဦး ေဒသကာကြယ္ေရးတပ္ဖြဲ႕ထံ အလင္းဝင္

စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာမွ ပ်ဴေစာထီးအဖြဲ႕ဝင္ ေလးဦးသည္ ေဒသခံ ကာကြယ္ေရး တပ္ဖြဲ႕ ငါးဖြဲ႕ႏွင့္ ညႇိဳႏႈိင္းေတြ႕ဆုံၿပီး ၎တို႔ ဆႏၵအေလ်ာက္ အလင္းဝင္ခဲ့ေၾကာင္း ေဒသခံ ကာကြယ္ေရးတပ္ တာဝန္ရွိသူ တစ္ဦးက ေျပာသည္။

“အဓိက သူတို႔ စစ္ေကာင္စီ လက္ေအာက္ အလုပ္ မလုပ္ေတာ့ဘဲ ႐ြာကို ဒုကၡမေပးေတာ့ဘူး ကတိေပးၾကတာပါ။ ဒီ ေန႔လယ္ ခံဝန္ကတိ ထိုးၾကတယ္။ လက္နက္ဘာညာ ပါတာေတာ့ မရွိဘူး” ဟု ၎က ယေန႔ ဒီဇင္ဘာ ၃၁ ရက္ေန႔တြင္ ေျပာသည္။

ယခု ရက္ပိုင္းအတြင္း စစ္ကိုင္းတိုင္း အထက္ပိုင္းရွိ ပ်ဴေစာထီး အဖြဲ႕ဝင္အခ်ိဳ႕ မိုင္းထိ ေသဆုံးမႈမ်ား ရွိၿပီး စစ္တပ္က မိုင္းရန္ကို ေၾကာက္သျဖင့္ ၎တို႔သြားမည့္ လမ္းေၾကာင္းတစ္ ေလွ်ာက္ ပ်ဴေစာထီး အဖြဲ႕မ်ားအား ဦးစြာ ေစလႊတ္မႈမ်ားရွိသည္ဟု ဆိုသည္။