ဗဟုသုတ

“အမှားကြာ အမှန်လို့ယူဆတတ်တယ်”- အရှင်မဟာကဿပ မဟုတ်တဲ့ အလောင်းတော်ကဿပ…

“အမှားကြာ အမှန်လို့ယူဆတတ်တယ်” အလောင်းတော်ကဿပဟု ဆိုလိုက်လျှင် အများစုက မြတ်ဗုဒ္ဓ လက်ထက် အရှင်မဟာကဿပ ကိုပြေးမြင်တတ်ကြပါသည်။ အမှန်လည်း အလောင်းတော် ကဿပကို အရှင်မဟာကဿပ အဖြစ်ယုံကြည်ကြသည်။အင်တာနက်သမိုင်းစာမျက်နှာများကအစ အရှင်မဟာကဿပကို ရေးသား ပုံဖော်နေကြသည်ကိုတွေ့ရ၏။

ကလေးတွေဖတ်ရှုလေ့လာဖို့ အတွက် ဘုရားသမိုင်းစာအုပ်များ ဝယ်ပေးဖြစ်သည်။အချို့သမိုင်း များက တိကျရေရာသော သမိုင်း မဟုတ်ပေ။ထိုးဇာတ်တွေကများနေ၏။ဒဏ္ဍာရီပုံပြင်ဆန်လှသည်။ လူကြီးသူများက အဟုတ်ထင်သ ဖြင့် သမိုင်းမှတ်တမ်းစာအုပ်များ ရေးသားထုတ်ဝေပြီးရောင်းချကြသည်။ကလေးသူငယ်များက လည်း အဟုတ်ဟုမှတ်ထင်နေကြ လိမ့်မည်။ အမှတ်မှားပါက သမိုင်း အမှန်များပျောက်တော့မည်။

“အမှားကြာလျှင် အမှန်ဖြစ် အမှန်စင်စစ် အမှားထင် ဘုရား ရှင်ပင် ဟော၍မရ”ဟူသကဲ့သို့ အမှားကြာလာသည့်အခါ အမှန်ဟု ယူဆတတ်ကြသည်။ အမှန် ဖြစ်လာခြင်းတော့မဟုတ်ပေ။ အမှန်ဟု ထင်မြင်ယူဆလာခြင်း သာဖြစ်သည်။ အလောင်းတော်ကဿပ ကို သွားရောက်ဖူးမြော်ကြသူတွေများလှသည်။

မြန်မာအများစုသည်ပင် နယ်လှည့်ဘုရားဖူးခြင်းဖြင့်သာအချိန်ကုန်နေတတ်ကြသည်။စာပေဖတ်ရှုလေ့လာခြင်းကားနည်းပါးလှ၏။ မရောက်ဘူးသည့်အရပ် ဒေသသို့ ဒေသန္တရဗဟုသုတဖြစ်စေခြင်းငှါသွားသင့်၏။ မိမိသွား ရောက်လေ့လာသောအခါ၌လည်း ဓာတ်ပုံရိုက်ခြင်းနှင့်အချိန်မကုန်စေပဲ စနစ်တကျလေ့လာထားသင့်၏။ မိမိစီးသောမြင်း အထီးအမကွဲ သင့်သည်မဟုတ်လော့။ အများစု ကဘုရားဖူးခရီးဟူ၍သာ သွားလိုက်ကြသည်။ ပါရမီမြောက်ဘုရားဖူးသွားခြင်းမျိုးမဟုတ်ပဲ ပျားရည်ဆန်းခရီး ဟန်းနီးမွန်းခရီး သာဖြစ်ခဲ့ကြသည်ကများ၏။

အလောင်းတော်ကဿပ ၏ သမိုင်းဖြစ်ရပ်မှန်ကို တည်တော ဆရာတော်ကြီး၏ ယနေ့ဗုဒ္ဓဝါဒ ပြဿနာများ စာအုပ်တွင်စတင်၍ ဖတ်ရှုခဲ့သည်။ ပေါင်လောင် ရှင်ကဿပ ဟုဆရာတော်ကြီးကဖြေ ကြားထားတော်မူ၏။ယခုအမျိုးသားပညာဝန်ဦးဖိုးကျား၏ အလောင်းတော်ကဿပစာအုပ်ကိုဖတ်ရှုလေ့လာမိပြန်သည်။ ပေါင်လောင်ရှင်ကဿပဟုပင် ဆို ထားပြန်၏။ ဦးဖိုးကျား၏စာသည် သဘာဝယုတ္တိလည်းရှိသည်။

အာဂမယုတ္တိလည်းကျသည်။စနစ်တကျလေ့လာပြီးရေးသားထား ခြင်းသာဖြစ်သည်။ သမိုင်းဖြစ်ရပ်မှန်ကိုလေ့လာသူတိုင်း ဦးဖိုးကျား၏ အလောင်းတော်ကဿပ စာအုပ်ကို လေ့လာဖတ်ရှုစေချင်သည်။မြတ်စွာဘုရားလက်ထက်ကအရှင်မဟာကဿပအကြောင်းကိုလည်း လေ့လာဖူးသည်။

ရွှေပါရမီဆရာတော်ရေးသော” လမ်းခွဲတာဝမ်းနည်းစရာလား”စာအုပ်၌ လည်း ဖတ်ရှုဘူးသည်။ ဖိုးလမင်း ၏”လမ်းအခွဲမှာ ဝမ်းမနည်းပါ” တရားတော်လည်း နာယူဘူးသည် သီတဂူဆရာတော်ကြီး၏ တရားတော်၌လည်း နာယူမှတ်သားဘူးသည်။ ။ကြည်ညိုစရာလေးစားစရာအားကျအတုယူစရာ စံပြုထိုက်သော မထေရ်မြတ်တစ်ပါးသာဖြစ် သည်။

မြတ်စွာဘုရားနှင့်သင်္ကန်း ချင်း လဲလှည်ကတည်းက သာသ နာတော် ပခုံးပြောင်းတာဝန်ပေး အပ်ကြောင်း သတိထားမိသည်။ပထမသင်္ဂါယနာတင်သည့်အခါ၌ အရှင်မဟာကဿပမထေရ်မြတ် က ဦးဆောင်ခဲ့သည်။ပရိနိဗ္ဗာန်စံခဲ့ သည်မှာလည်းရာဇဂြိုဟ်ပြည် ဝေဘာရတောင်မှာပင် ပရိနိဗ္ဗာန် စံဝင်ခဲ့ကြောင်း စာပေမှတ်တမ်း များ၌တွေ့ရသည်။

ယခုမြန်မာပြည်သူပြည်သားများသွားရောက်လေ့လာဖူးမြော်နေသော မထေရ်မှာ ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် ပေါင်လောင်ရှင်ကဿပသာဖြစ်သည်။ သို့သော် အများစုယုံကြည်နေ ကြသည်က မြတ်ဗုဒ္ဓလက်ထက် အရှင်မဟာကဿပ ဟုယူဆနေကြသည်။ထိုကဲ့သို့ယူဆနိုင်ဖို့ အ တွက်လည်း သက်ဆိုင်ရာတာဝန် ရှိသူများက ဖန်တီးထားကြသည်။

မြတ်စွာဘုရားနှင့်သင်္ကန်းချင်းလဲလှည်ဟန်ရုပ်တုတေည်များပြုလုပ် ထားကြသည်။ မြတ်ဗုဒ္ဓလက်ထက် အရှင်မဟာကဿပဟု ပုံမှားရိုက်ထားကြသည်။ သို့မှလည်း နယ် လှည့်ဘုရားဖူးများရောက်ရှိလာပြီးစီးပွာရေးသမားများအတွက်အဆင်ပြေမည်မဟုတ်ပါလား။ မြန်မာအများစုစေတီဘုရားများကို အသုံးချ၍ လုပ်စားနေကြသည်က များနေတတ်ပါသည်။ စာရေးဆရာအများစုကလည်း သမိုင်းအမှန်ကိုတင်ပြမှုအားနည်း ကြသည်။

ဦးဘုန်း[ဓာတု]၏ပေ့စ် မှာပင် အလောင်းတော် အရှင် မဟာကဿပ အကြောင်းဟူ၍အင်တာနက်တင်ထားသည်ကိုတွေ့ရသည်။သမိုင်းဆရာများ စာရေးဆရာ များ စီးပွားရှာသူများလုပ်ကြံဖန်တီးပုံမှားရိုက်နေသောကြောင့် အနာဂတ်မျိုးဆက်သစ်ကလေး ငယ်များ သမိုင်းအမှန်နှင့်ဝေးကြရတော့မည်။ အရှင်မဟာကဿပသည်လည်း သံဃာ ပေါင်လောင်ရှင်ကဿပ သည်လည်း သံဃာ၊မထေရ်မြတ် နှစ်ပါးလုံးသည် သံဃာရတနာ၌ အကျုံးဝင်၏။

သံဃာ့ဂုဏ်ကိုရည် မှန်း၍ပူဇော်တတ်ဖို့သာလိုသည်။ သို့သော် သမိုင်းအမှန်ကိုတော့ တိတိကျကျမှတ်တမ်းတင်ထားဖို့ ကောင်းပေသည်။အများစုသမိုင်းအမှန်ကိုတင်ပြဖို့ ဝန်လေးနေတတ်ကြသည်။ အမှား ကြာလာသည်နှင့်အမျှ အမှားကို ပင် အမှန်ဟု ယူဆလာကြတော့မည်။ဤပိုစ့်ကိုအများနှင့်ဆန့်ကျင် ဘက် ဖြစ်နေသည့်အတွက် မရေး လိုသော်လည်း စာပေဖတ်ရှုလေ့ လာစေလိုသော ဆန္ဒဖြင့် ရေးသား လိုက်ခြင်းသာဖြစ်ပါသည်။

ယနေ့ဖတ်ရှုလေ့လာမိသော စာပေကို လည်း ရေးပါဟု ဆိုလာသည့်အတွက်လည်း ရေးဖြစ်သွားခြင်းဖြစ်သည်။ စာရေးသူ လေ့လာဖတ်ရှုမိထား သည့် ဦးဖိုးကျား၏ အလောင်း တော် ကဿပ စာအုပ်လေးကို စိတ်ဝင်စားသူများ အနေဖြင့် မဖြစ်မနေ လေ့လာဖတ်ရှုကြပါဟု လည်း စေတနာဖြင့် တိုက်တွန်းအပ်သည်။

မူရင်း Credit အမျိုးသားပညာဝန် ဦးဖိုးကြားရဲ့ အလောင်းတေ.ာ်ကဿပသမိုင်းစာအုပ်ရှာဖွေဖတ်ရှူ့ကြကုန်လော

ZAWGYI

အမှားကြာ အမှန်လို့ယူဆတတ်တယ်”အလောင်းတော်ကဿပဟုဆိုလိုက်လျှင် အများစုက မြတ်ဗုဒ္ဓလက်ထက်အရှင်မဟာကဿပကိုပြေးမြင်တတ်ကြပါသည်။ အမှန်လည်း အလောင်းတော်ကဿပကို အရှင်မဟာကဿပ အဖြစ်ယုံကြည်ကြသည်။ အင်တာနက်သမိုင်းစာမျက်နှာများကအစ အရှင်မဟာကဿပကို ရေး သား ပုံဖော်နေကြသည်ကိုတွေ့ရ၏။

ကလေးတွေဖတ်ရှုလေ့လာဖို့ အတွက် ဘုရားသမိုင်းစာအုပ်များ ဝယ်ပေးဖြစ်သည်။အချို့သမိုင်း များက တိကျရေရာသော သမိုင်းမဟုတ်ပေ။ထိုးဇာတ်တွေကများနေ၏။ဒဏ္ဍာရီပုံပြင်ဆန်လှသည်။ လူကြီးသူများက အဟုတ်ထင်သ ဖြင့် သမိုင်းမှတ်တမ်းစာအုပ်များ ရေးသားထုတ်ဝေပြီးရောင်းချကြ သည်။ကလေးသူငယ်များက လည်း အဟုတ်ဟုမှတ်ထင်နေကြ လိမ့်မည်။ အမှတ်မှားပါက သမိုင်း အမှန်များပျောက်တော့မည်။

“အမှားကြာလျှင် အမှန်ဖြစ် အမှန်စင်စစ် အမှားထင် ဘုရား ရှင်ပင် ဟော၍မရ”ဟူသကဲ့သို့ အမှားကြာလာသည့်အခါ အမှန်ဟု ယူဆတတ်ကြသည်။ အမှန် ဖြစ်လာခြင်းတော့မဟုတ်ပေ။ အမှန်ဟု ထင်မြင်ယူဆလာခြင်း သာဖြစ်သည်။ အလောင်းတော်ကဿပကိုသွားရောက်ဖူးမြော်ကြသူတွေများလှသည်။မြန်မာအများစုသည်ပင် နယ်လှည့်ဘုရားဖူးခြင်းဖြင့်သာ အချိန်ကုန်နေတတ်ကြသည်။ စာပေဖတ်ရှုလေ့လာခြင်းကား နည်းပါးလှ၏။

မရောက်ဘူးသည့်အရပ် ဒေသသို့ ဒေသန္တရဗဟုသုတဖြစ်စေခြင်းငှါသွားသင့်၏။ မိမိသွား ရောက်လေ့လာသောအခါ၌လည်း ဓာတ်ပုံရိုက်ခြင်းနှင့်အချိန်မကုန် စေပဲ စနစ်တကျလေ့လာထားသင့်၏။ မိမိစီးသောမြင်း အထီးအမကွဲသင့်သည်မဟုတ်လော့။ အများစုကဘုရားဖူးခရီးဟူ၍သာ သွားလိုက်ကြသည်။ ပါရမီမြောက် ဘုရားဖူးသွားခြင်းမျိုးမဟုတ်ပဲ ပျားရည်ဆန်းခရီး ဟန်းနီးမွန်းခရီး သာဖြစ်ခဲ့ကြသည်ကများ၏။

အလောင်းတော်ကဿပ ၏ သမိုင်းဖြစ်ရပ်မှန်ကို တည်တော ဆရာတော်ကြီး၏ ယနေ့ဗုဒ္ဓဝါဒ ပြဿနာများ စာအုပ်တွင်စတင်၍ ဖတ်ရှုခဲ့သည်။ ပေါင်လောင် ရှင်ကဿပ ဟုဆရာတော်ကြီးကဖြေ ကြားထားတော်မူ၏။ ယခုအမျိုးသား ပညာဝန်ဦးဖိုးကျား၏ အလောင်းတော်ကဿပ စာအုပ်ကိုဖတ်ရှုလေ့လာမိပြန်သည်။ ပေါင်လောင်ရှင်ကဿပဟုပင် ဆို ထားပြန်၏။ ဦးဖိုးကျား၏စာသည် သဘာဝယုတ္တိလည်းရှိသည်။

အာဂမယုတ္တိလည်းကျသည်။စနစ် တကျလေ့လာပြီးရေးသားထား ခြင်းသာဖြစ်သည်။သမိုင်းဖြစ်ရပ်မှန်ကိုလေ့လာသူတိုင်း ဦးဖိုးကျား၏ အလောင်းတော်ကဿပ စာအုပ်ကို လေ့လာဖတ်ရှုစေချင်သည်။မြတ်စွာဘုရားလက်ထက်က အရှင်မဟာကဿပအကြောင်းကိုလည်း လေ့လာဖူးသည်။ရွှေပါရမီဆရာတော်ရေးသော” လမ်းခွဲတာဝမ်းနည်းစရာလား”စာအုပ်၌ လည်း ဖတ်ရှုဘူးသည်။

ဖိုးလမင်း ၏”လမ်းအခွဲမှာ ဝမ်းမနည်းပါ” တရားတော်လည်း နာယူဘူးသည် သီတဂူဆရာတော်ကြီး၏ တရားတော်၌လည်းနာယူမှတ်သားဘူးသည်။ ။ကြည်ညိုစရာ လေးစားစရာအားကျအတုယူစရာ စံပြုထိုက် သော မထေရ်မြတ်တစ်ပါးသာဖြစ် သည်။မြတ်စွာဘုရားနှင့်သင်္ကန်းချင်းလဲလှည်ကတည်းက သာသနာတော် ပခုံးပြောင်းတာဝန်ပေး အပ်ကြောင်း သတိထားမိသည်။

ပထမသင်္ဂါယနာတင်သည့်အခါ၌ အရှင်မဟာကဿပမထေရ်မြတ် က ဦးဆောင်ခဲ့သည်။ ပရိနိဗ္ဗာန်စံခဲ့ သည်မှာလည်း ရာဇဂြိုဟ်ပြည် ဝေဘာရတောင်မှာပင် ပရိနိဗ္ဗာန် စံဝင်ခဲ့ကြောင်း စာပေမှတ်တမ်း များ၌တွေ့ရသည်။ ယခုမြန်မာပြည်သူပြည်သားများသွားရောက်လေ့လာဖူးမြော်နေ သော မထေရ်မှာ ပုဂံခေတ် နရပ တိစည်သူမင်းလက်ထက် ပေါင် လောင်ရှင်ကဿပသာဖြစ်သည်။

သို့သော် အများစုယုံကြည်နေ ကြသည်က မြတ်ဗုဒ္ဓလက်ထက် အရှင်မဟာကဿပ ဟုယူဆနေကြသည်။ထိုကဲ့သို့ယူဆနိုင်ဖို့ အ တွက်လည်း သက်ဆိုင်ရာတာဝန် ရှိသူများက ဖန်တီးထားကြသည်။ မြတ်စွာဘုရားနှင့်သင်္ကန်းချင်းလဲလှည်ဟန်ရုပ်တုတေည်များပြုလုပ် ထားကြသည်။ မြတ်ဗုဒ္ဓလက်ထက် အရှင်မဟာကဿပဟု ပုံမှားရိုက် ထားကြသည်။

သို့မှလည်း နယ်လှည့်ဘုရားဖူးများရောက်ရှိလာပြီး စီးပွာရေးသမားများအတွက်အဆင်ပြေမည်မဟုတ်ပါလား။ မြန်မာအများစု စေတီဘုရားများကို အသုံးချ၍ လုပ် စားနေကြသည်ကများနေတတ်ပါသည်။စာရေးဆရာအများစုကလည်းသမိုင်းအမှန်ကိုတင်ပြမှုအားနည်း ကြသည်။ ဦးဘုန်း[ဓာတု]၏ပေ့စ်မှာပင် အလောင်းတော် အရှင် မဟာကဿပ အကြောင်းဟူ၍အင်တာနက်တင်ထားသည်ကိုတွေ့ရသည်။

သမိုင်းဆရာများ စာရေးဆရာ များ စီးပွားရှာသူများလုပ်ကြံဖန် တီး ပုံမှားရိုက်နေသောကြောင့် အနာဂတ်မျိုးဆက်သစ်ကလေး ငယ်များ သမိုင်းအမှန်နှင့်ဝေးကြရတော့မည်။ အရှင်မဟာကဿပသည်လည်း သံဃာ ပေါင်လောင်ရှင်ကဿပ သည်လည်း သံဃာ၊မထေရ်မြတ် နှစ်ပါးလုံးသည်သံဃာရတနာ၌ အကျုံးဝင်၏။ သံဃာ့ဂုဏ်ကိုရည် မှန်း၍ပူဇော်တတ်ဖို့သာလိုသည်။ သို့သော် သမိုင်းအမှန်ကိုတော့ တိတိကျကျမှတ်တမ်းတင်ထားဖို့ ကောင်းပေသည်။

အများစုသမိုင်းအမှန်ကိုတင်ပြဖို့ ဝန်လေးနေတတ်ကြသည်။ အမှား ကြာလာသည်နှင့်အမျှ အမှားကို ပင် အမှန်ဟု ယူဆလာကြတော့မည်။ဤပိုစ့်ကို အများနှင့်ဆန့်ကျင် ဘက် ဖြစ်နေသည့်အတွက် မရေး လိုသော်လည်း စာပေဖတ်ရှုလေ့ လာစေလိုသော ဆန္ဒဖြင့် ရေးသား လိုက်ခြင်းသာဖြစ်ပါသည်။ ယနေ့ဖတ်ရှုလေ့လာမိသော စာပေကို လည်း ရေးပါဟု ဆိုလာသည့်အတွက်လည်း ရေးဖြစ်သွားခြင်းဖြစ်သည်။

စာရေးသူ လေ့လာဖတ်ရှုမိထား သည့် ဦးဖိုးကျား၏ အလောင်း တော် ကဿပ စာအုပ်လေးကို စိတ်ဝင်စားသူများ အနေဖြင့် မဖြစ်မနေ လေ့လာဖတ်ရှုကြပါဟု လည်း စေတနာဖြင့် တိုက်တွန်းအပ်သည်။

မူရင်း Credit အမျိုးသားပညာဝန် ဦးဖိုးကြားရဲ့ အလောင်းတေ.ာ်ကဿပသမိုင်းစာအုပ်ရှာဖွေဖတ်ရှူ့ကြကုန်လော