ဗဟုသုတ

ဘုရားပန်းအိုး ၂ အိုးပဲ ထားရမယ်၊ ၃ အိုး ထားရမယ် သေချာမသိသေးသူများအတွက်

ဘုရားပန်းအိုး ၂ အိုးပဲ ထားရမယ်၊ ၃ အိုး ထားရမယ် သေချာမသိသေးသူများအတွက်

၁။ ဘုရားကို ပန်း ဘာကြောင့် ကပ်ရသလဲ?

၂။ ဘုရားပန်းအိုး ဘယ်နှစ်အိုး ထားသင့်သလဲ?

၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ် ရပ်ဝေးရပ်နည်းမှ ရဟန်းရှင်လူအများဘုရားဖူးတရားနာ လာကြကုန်၏။ ခရီးကပန်း လမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ် းလိမ်းနှင့်ပေါ့။ တစ်ချို့မှာ ချွေးနံ့တထောင်းထောင်းနှင့် ဘုရား ရှင် သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော်တစ်ခုလုံး အနံ့သက်တွေက မကောင်း။

ဒါကို သတိပြုမိတဲ့ ညီတော် အရှင်အာနန္ဒာ စေသာ ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာပရိတ်သတ်အကြားမှာပန်းနံ့သာတွေကိုထားခဲ့ကြတယ်။ ဘုရားပန်းတွေကြောင့် ပရိတ်သတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီ မရောက်တော့ဘူးပေါ့။ တရားနာပရိတ်သတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး အမောတွေပြေ စိတ်တွေ ကြည်လင်လာတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာတယ်။ ထိုအချိန်မှ စ၍ ဘုရားပန်းလှုတဲ့ ဓေလ့ကစတင်လာတယ်။ ပန်းပန်တာမဟုတ်တဲ့အတွက် မာလာဂန္ဓ ဝိလေပနဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး။ အပြစ်ကင်းတယ်။


၁အိုး ၃အိုးစသည်ဖြင့် မဂဏန်း ထားမွ၊ ၂အိုး ၄အိုး စသည်ဖြင့်စုံဂဏန်းထားမှဟု ဘုရားဟောမရွိခဲ့ဘူး။စုံမခွဲပြီးလှုဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်။ မိမိဘုရားကျောင်းဆောင် အေနအထားက ဘယ်နှစ်အိုးထားမှ တင့်တယ်မယ်ဆိုတာကို ချင့်ချိန်တတ်ဖို့ အရေးကြီးသည်။

တစ်ချို့က ယတြာတွေ၊ အဓိဋ္ဌာန်တွေကြောင့် အရေအတွက် အမျိုးမျိုး လှုကြတယ်။ ဘယ္လိုပဲလွုလွု ကုသိုလ်ကကုသိုလ်ပဲ။ ဘုရားပန်းတွေ လန်းတော့ ဘုရားကျောင်းဆောင်လည်း မင်္ဂလာကျက်သရေတိုးတာပေါ့။

တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သောသူတော်စင် ပရိတ်သတ်အပေါင်း ကပ်သုံးပါးနှင့်ဝေး၍ အမြတ်ဆုံးတရားနှင့် အေးပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာ လန်းဖြာကြပါစေ။

မူရင်းရေးသားမျှဝေသူအား Credit ပေးပါသည်။

(Zawgyi)

ဘုရားပန်းအိုး ၂ အိုးပဲ ထားရမယ်၊ ၃ အိုး ထားရမယ် သေချာမသိသေးသူများအတွက်

၁။ ဘုရားကို ပန်း ဘာကြောင့် ကပ်ရသလဲ?

၂။ ဘုရားပန်းအိုး ဘယ်နှစ်အိုး ထားသင့်သလဲ?

၁။ ဂေါတမမြတ်စွာဘုရားရှင်ဇေတဝန်ကျောင်းဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ် ရပ်ဝေးရပ်နည်းမှရဟန်းရှင်လူအများ ဘုရားဖူးတရားနာလာကြ ကုန်၏။ ခရီးကပန်း လမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ် းလိမ်းနှင့်ပေါ့။ တစ်ချို့မှာ ချွေးနံ့တထောင်းထောင်းနှင့် ဘုရား ရှင် သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော်တစ်ခုလုံး အနံ့သက်တွေက မကောင်း။

ဒါကို သတိပြုမိတဲ့ ညီတော် အရှင်အာနန္ဒာ စေသာ ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာပရိတ်သတ်အကြားမှာပန်းနံ့သာတွေကိုထားခဲ့ကြတယ်။ ဘုရားပန်းတွေကြောင့် ပရိတ်သတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီ မရောက်တော့ဘူးပေါ့။ တရားနာပရိတ်သတ်တွေလည်း ပန်းနံ့လေးတွေရပန်းတွေကိုမြင်ပြီး အမောတွေပြေ စိတ်တွေ ကြည်လင်လာတယ်။

တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူး ရှိလာတယ်။ ထိုအချိန်မှ စ၍ ဘုရားပန်းလှုတဲ့ ဓေလ့ကစတင်လာတယ်။ ပန်းပန်တာမဟုတ်တဲ့အတွက် မာလာဂန္ဓ ဝိလေပနဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး။ အပြစ်ကင်းတယ်။

၂။ ပန်းအိုး ဘယ်နှစ်အိုးထားရမလဲဆိုတဲ့ အေမးမွာ နံပါတ် ၁ အဖြေကသက်သေဖြစ်တယ်။ ဘယ်နှစ်အိုးထားတာအျပစ္မရွိဘူး။ မိမိတို့ရဲ့ ဘုရားကျောင်းဆောင်နဲ့ လိုက္ဖက်သလို ထားနိုင်တယ်။

၁အိုး ၃အိုး စသည်ဖြင့်မဂဏန်းထားမွ၊ ၂အိုး ၄အိုး စသည်ဖြင့်စုံဂဏန်းထားမှဟု ဘုရားဟောမရွိခဲ့ဘူး။ စုံမခွဲပြီးလှုဒါန်းတာက ဗုဒ္ဓဘာသာရဲ့ အယူအဆမဟုတ်။ မိမိဘုရားကျောင်းဆောင် အေနအထားက ဘယ်နှစ်အိုးထားမှ တင့်တယ်မယ်ဆိုတာကို ချင့်ချိန်တတ်ဖို့ အရေးကြီးသည်။

တစ်ချို့ကယတြာတွေ၊အဓိဋ္ဌာန်တွေကြောင့်အရေအတွက်အမျိုးမျိုး လှုကြတယ်။ ဘယ္လိုပဲလွုလွု ကုသိုလ်ကကုသိုလ်ပဲ။ ဘုရားပန်းတွေလန်းတော့ဘုရားကျောင်း ဆောင်လည်း မင်္ဂလာကျက်သရေတိုးတာပေါ့။

တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သောသူတော်စင် ပရိတ်သတ်အပေါင်း ကပ်သုံးပါးနှင့်ဝေး၍ အမြတ်ဆုံးတရားနှင့် အေးပါစေ။ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာ လန်းဖြာကြပါစေ။

မူရင်းရေးသားမျှဝေသူအား Credit ပေးပါသည်။