Local News

ကိုဗစ် Virus သေးသေးလေးက ငါ့ကိုတားဆီးနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ကမ္ဘာ့ချန်ပီယံကစ်ဘောက်ဆင်ကြီး ကိုဗစ်နဲ့ပဲ ကွယ်လွန်

အသက် (၄၁)နှစ်အရွယ် ကမ္ဘာ့ကစ်ဘောက်ဆင် ချန်ပီယံ (၃)ကြိမ်ရရှိထားသူ တစ်ဦးဖြစ်ခဲ့တဲ့ Frederic Sinistra ဟာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများမှာ ဖော်ပြလာခဲ့ပါတယ်။

Frederic Sinistra ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက ကိုဗစ်ရောဂါကို ကူးစက်ခံခဲ့ရတာဖြစ်လို့ အထူးကြပ်မတ်ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ (၁၅) ရက်နေ့မှာတော့ နှလုံးပြသာနာဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Sinistra ဟာ ဘယ်လ်ဂျီယံမှာ နေထိုင်သူဖြစ်ပြီး Undertaker လို့လည်း လူသိများခဲ့ပါတယ်။ တောင့်တင်း ကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာကို ရရှိပိုင်ဆိုင်ထားတာကြောင့် ရောဂါကူးစက်ပြန့်ပွားနေချိန်မှာနှာခေါင်းစည်းတပ်ဆင်ဖို့နဲ့ကာကွယ်ဆေးထိုးဖို့ကိုတောင် ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။သူ့ရဲ့နည်းပြဖြစ်တဲ့ Osman Yigin က သူ့ကစားသမားမှာ ကိုဗစ်နဲ့တူတဲ့ လက္ခဏာတွေပြသနေလို့ဆေးရုံတက်ဖို့ကိုတောင်တိုက်တွန်းခဲ့ပါတယ်။

ဒီဇင်ဘာ (၄) ရက်နေ့မှာ ထိုးသတ်ရမယ့်ပွဲကို Sinistra ဟာဖျားနာနေခဲ့လို့ရွှေ့ဆိုင်းခဲ့ရပြီး အပြင်းဖျားနေချိန်မှာလည်း Sinistra က’ငါက လမစေ့ဘဲမွေးတာ နောင်တမရဘူး သေခဲ့မယ်ဆိုရင်လည်းသေတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာပါ’ဆိုပြီး ပြောခဲ့ပြီးနောက် မွေးရပ်မြို့ Ciney ရှိဆေးရုံမှဆင်းကာ နေအိမ်မှာပဲ သူ့ကိုယ်သူ အောက်ဆီဂျင်ဖြင့် ကုသရန် ဆုံးဖြတ်ပြီးနောက် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံရဲ့ ၉၀% ခန့်ဟာ ကာကွယ်ဆေးထိုးထားသော်လည်း vaxx ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ လူတစ်စုက ယင်းကဲ့သို့ ကိုဗစ် ဆောင်ရွက်မှုများကို ဆန့်ကျင်ကန့်ကွက်မှုများ အများအပြားရှိတယ်လို့ ဖော်ပြထားပါတယ်။

Photo Credit – METRO

သတင်းအရင်းအမြစ်៖ Source – METRO