ဗဟုသုတ

ငွေတိုးချေးစားသော သူတော်ကောင်း

ငွေတိုးချေးစားသော သူတော်ကောင်း

လွန်ခဲ့သော နှစ်ပေါင်းအတော်ကြာလောက်ကမန္တလေးတိုင်းပျော်ဘွယ်မြို့နယ်ထဲမှာငွေတိုးချေးစားတဲ့သူတော်ကောင်းကြီးတစ်ယောက်ပေါ်ထွက်ခဲ့ဘူး ပါတယ်။
သူ့ကို တစ်နယ်လုံးက ကြည်ညိုလေးစားကြတယ်တဲ့။အခုအချိန်ထိအောင် တသသပြောနေကြတုန်းပါ။ဆရာတော် ပျော်ဘွယ်မြို့ကို တရားတစ်ည သွားဟောတာနဲ့သိခဲ့ရတာပါ။

သူက အတိုးကို အနည်းဆုံး ယူတယ်။ဥပမာတစ်ရာ နှစ်ကျပ်တိုးလောက်ပေါ့ထူးခြားချက်ကတော့ ယာတစ်ကွက်ကို ငါးသောင်းနဲ့ အပေါင်ခံ ထားတယ်။အဲဒီလယ်ကို လုပ်စားရင်းနဲ့ အရင်းကြေသွားပြီဆိုရင် ပေါင်တဲ့သူကိုခေါ်ပြီး တစ်ခါတည်း ပြန်ပေးလိုက်ပါတယ် လစဉ်ရတဲ့ အတိုးနဲ့တင် ကျေနပ်လိုက်တဲ့ သဘောပေါ့

သူ့ရဲ့ ခြံရှေ့မှာ ဒီလိုလေး စာရေးထားပါတယ်။

စားရေးအတွက် အခက်အခဲရှိရင် စပါးတစ်တောင်းနှင့်_ဆီတစ်ပုလင်း_လူတိုင်းလာယူနိုင်သည်တဲ့။အိမ်ရှေ့မှာလည်း ဆီကို ရာဝင်အိုးကြီးနဲ့ ထည့်ထားပြီး စပါးကိုတော့ အမိုးလုပ်ပြီး ပုံပေးထားတယ်။

စပါးတို့ ဆီတို့ လာယူတဲ့သူကို သူပြောတဲ့ စကားလေးကကလေးမအပေါ်ယံကြည့်ရင် စပါးတစ်တောင်းနဲ့ ဆီတစ်ပုလင်း ရတဲ့ ကလေးမက ဦးကိုကျေးဇူးတင်ရမှာ။နက်နက်နဲနဲ တွေးကြည့်ရင်ဦးက ကလေးမကို ကျေးဇူးတင်ရမှာပါ။

ဘာကြောင့်လည်းဆိုတော့

ကလေးမက စပါးတစ်တောင်း ဆီတစ်ပုလင်းနဲ့ပြီးသွားပေမယ့် ဦးကတော့ ဘဝပေါင်းတစ်သိန်း စပါးတင်းပေါင်းများစွာ၊ဆီပုလင်းပေါင်းများစွာ ပြန်ရမှာမို့ပါ။

ပညာမဲ့အမြင်နဲ့ကြည့်ရင် ယူသူက ရသွားတာပါ ပညာရှိအမြင်နဲ့ကြည့်တော့ ပေးသူက ရတာပါ။

ဒါကြောင့် ပညာမဲ့ကယူရတာကို ပျော်ပေမယ့် ပညာရှိက လှူရတာကို ပျော်တာပါ။

ဘာသာခြားတစ်ဦးကဘုရားရှင်ကို မေးဘူးတယ်။

လူတိုင်း ချမ်းသာချင်ကြတယ်။ဒါကြောင့် ချမ်းသာအောင်လည်း နည်းမျိုးစုံနဲ့ကြိုးစားနေကြတယ်။ဒါပေမဲ့ တစ်ရာမှာတစ်ယောက်လောက်သာ ချမ်းသာပြီး( ၉၉ )ယောက်က ဘာကြောင့် ဆင်းရဲတာလဲတဲ့။

ဘုရားရှင်က ဖြေပေးပါတယ်။

လူတစ်ရာမှာတစ်ယောက်လောက်ပဲလှူရတာကို ပျော်ခဲ့ကြလို့ ချမ်းသာပြီး ကျန်(၉၉)ယောက်ကတော့ ယူရတာကို ပျော်ခဲ့ကြလို့ ဆင်းရဲတာပါတဲ့။

ကလေးမကဦးချမ်းသာအောင် အကျိုးဆောင်ပြီးပြီ ဦးကလည်း ကလေးမ ချမ်းသာအောင် အကျိုးဆောင်ပါ့မယ် ထမင်းကျက်တာနဲ့ ကြွလာတဲ့ သံဃာတော်တွေကိုဆွမ်းလောင်းပါ။ သံဃာတစ်ပါးကို ဆွမ်းလှူရင် ဘဝကုဋေတစ်သိန်းမကအောင် ချမ်းသာပါတယ်။

သူတော်ကောင်းဆိုတော့သေမယ့်နေ့ကိုကြိုသိပါတယ် အသက်လည်း( ၉ဝ )ကျော်လောက် နေရတယ်လို့ မှတ်မိနေတယ်။

သူဟာသူ့ရဲ့အမျိုးသမီးကိုမှာတယ်။မနက်ဖြန်ညနေ(၄)နာရီ ငါဆုံးမှာငါမဆုံးခင်သံဃာတွေကိုနေ့ဆွမ်းကပ်ပြီးဓမ္မစကြာတရားနာချင်တယ်စီစဉ်ပေးပါတဲ့ ဆွမ်းကပ် တရားနာပြီး ပြောတဲ့အတိုင်း ညနေ( ၄ )နာရီမှာ ဆုံးသွားပါတယ်။

ငွေတိုးချေးစားသူတိုင်း အပြစ်ဖြစ်ပါသလားလို့ မေးလာလို့ ဒီပို့စ်ကို တင်ပေးတာပါ။

ကိုယ်အတိုးရ ပြီးရောဆိုပြီး တစ်ရာ( ၂ဝ )တိုး ( ၃ဝ )တိုးလောက်ထိယူပြီး မဆပ်နိုင်တဲ့အခါ အိမ်သိမ်း ခြံသိမ်းလုပ်တဲ့ သူတွေကတော့ အပြစ်ရှိပြီး အပါယ်ကျနိုင်တာပေါ့။

ဦးကျောက်ခဲလိုတစ်ဖက်လူ အဆင်ပြေဖို့ ဦးစားပေးသူတွေကတော့ အပြစ်မဖြစ်တဲ့အပြင် အတိုးငွေသာမက ကုသိုလ်တောင် ရပါသေးတယ်။

မေတ္တာများစွာဖြင့် …

crd