News

ရဲဘော်တွေလွတ်နိုင်အောင် ကာပစ်ရင်းဖမ်းဆီးခံရတဲ့ CDF-Mindat ရဲဘော်ကိုအာဏာသိမ်းစစ်ကောင်စီတပ်က နှိပ်စက်ကာသတ်….ဖြတ်..

မင်းတပ်မြို့နယ် ရှစ်မွှေးကျေးရွာအနီး ဒီဇင်ဘာ ၂၆ ရက်နေ့တိုက်ပွဲမှာ CDF-Mindat ရဲဘော်တစ်ယောက်ကျဆုံးတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေ း- သတင်းဖွဲ့ကထုတ်ပြန်ထားပါတယ်။

ကျဆုံးသွားတဲ့ CDF-Mindat ရဲဘော်ဟာ အသက် ၂၂ နှစ်အရွယ် ဆလိုင်းဖေဟုန်းဖြစ်ပြီး အလောင်းရရှိတဲ့ချိန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ နှိပ် စက်ဒဏ်ရာတွေ တွေ့ရှိခဲ့ပါတယ်။

ဆလိုင်းဖေဟုန်း ကျဆုံးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်းတပ်မြို့ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

စစ်ကောင်စီ ၂ ဖွဲ့က ညှပ်တိုက်တာ ။ သူတို့က ၉ ယောက်ထဲ ။ သူတစ်ယောက်တည်းကျန်ခဲ့ပြီး တခြား ၈ ယောက်ကို တပ်ဆုတ်ခိုင်းပြီးတော့ သူကကာပစ်ပေးခဲ့တယ်။ အဲ့လိုနဲ့ စစ်ကောင်စီတပ်တွေက မိသွားတယ်။ အလောင်းပြန်တွေ့တဲ့ချိန်မှာ မပြေးနိုင်အောင် ခြေထောက်တဖက် ကျောဖြတ်ထားတယ်။

ပြီတော့ မျက်နှာတဖက်က ရစရာမရှိတော့ဘူး။ သေနတ်ဒင်နဲံ ထုထားတာမျိုးပါ။ ပြီးတော့ နားတဖက်လည်းပြတ်တယ်။ နှိပ်စက်ခံရတဲ့ အဝေးကနေတောင် သူအော်သံကြားရတယ်တဲ့။