ဗဟုသုတ

“မသာစ ဆောင်၊ ကျောင်းစ ရှောင်”ဆိုတဲ့ ဆိုရိုးစကားရဲ့ ဆိုလိုရင်းအဓိပ္ပါယ်

မသာစ ဆောင်…ကျောင်းစ ရှောင်” ဟူသော ရှေးဆိုရိုး ဆုံးမစကား ရှိ၏ ။မသာစ ဆောင် ” ဆိုသည်မှာ နာရေး အသုဘတို့၌ ဝေငှသည့်သံဝေဂလင်္ကာများ ပါသော ယပ်တောင်တို့ကို ဆောင်ထားခြင်းဖြင့် ထိုယပ်တောင်ကိုမြင်တိုင်း… ထိုသံဝေဂ လင်္ကာတို့ကို ဖတ်မိတိုင်း ငါလည်း…တစ်နေ့ သေရအုံးမှာ ပါလား”ဟု မမြဲခြင်း/ဆင်းရဲခြင်း/အစိုးမရခြင်း သဘော တို့ကို ဆင်ခြင်၍ သံဝေဂဉာဏ်ဖြစ်နိုင်သော ကြောင့်တည်း ။

“ကျောင်းစ ရှောင် ”ဆိုသည်မှာ လူတို့သည် သံဃာတော်များ ထံမှ သွားတိုက်ဆေး /တံ ၊ ဆပ်ပြာခဲ/မှုန့် ၊ မျက်နှာသုတ်ပဝါ စသည်တို့ကို ရတတ်၏။ ထိုပစ္စည်းများ သည် စွန့်ကြဲသော ရဟန်းတစ်ပါးတည်းသာ ပိုင်ဆိုင်သည့် ပုဂ္ဂလိကပစ္စည်းများဖြစ်ပါက အကြောင်း မဟုတ်သော်လည်း

သံဃိကဂရုဘဏ် ပစ္စည်းဖြစ်ပါက ကိုယ်ကျိုးနည်းကာ ဆိုးကျိုး များစွာဖြစ်နိုင်၏။ ထိုသံဃိကဂရု ဘဏ် ပစ္စည်းများကို အသုံးပြုမိတိုင်း….သံတွေခဲ , မီးကျီးခဲ , အဆိပ်သီးများကို စားသောက် ရသကဲ့ သို့ဖြစ်ရ၏။ဟ… ငါတို့ဘုန်းကြီးကကျောင်းထိုင်ဆရာတော်လေ သူကိုယ်တိုင် စွန့်လို့ယူတာ ဘာအပြစ် ဖြစ်ရမှာတုန်း ” ဟုပြောဆိုကြသူများ ရှိကြ၏ ။

ကျောင်းထိုင် ဘုန်းကြီးဖြစ်နေပါစေ သာသနာပိုင်ဆရာတော်ကြီးဖြစ်နေပါစေ သံဃနာယကဥက္ကဋ္ဌဆရာတော်ကြီး ဖစ်နေပါစေ.“သံဃိကဂရုဘဏ္ဍာ” ပစ္ စည်းများကို မိမိ သဘောထား ဆန္ဒအတိုင်း ပေးလို့မရ ။ စွန့်လို့မရ ။ ဝေဘန်ခွဲခြမ်းလို့မရ ။

အဘယ့်ကြောင့်နည်း? “မစွန့်အပ် / မဝေဘန်အပ်သော သံဃိကဂရုဘဏ် ပစ္စည်း တို့သည် ဝိနယပိဋကတ်၌ ပါရှိခြင်းကြောင့်တည်း။”ထိုပစ္စည်းတို့မှာ

၁။ အာရာမ – အရံ

၂။ အာရာမဝတ္ထု – အရံနေရာ

၃။ ဝိဟာရ – ကျောင်းတိုက်

၄။ ဝိဟာရဝတ္ထု – ကျောင်းတိုက်နေရာ

၅။ မဉ္စ – ညောင်စောင်း

၆။ ပီဌ – အင်းပျဉ်

၇။ ဘိသိ – ဘုံလျို။

၈။ ဗိဗ္ဗောဟန – ခေါင်းအုံး။

၉။ လောဟကုမ္ဘီ – ကြေးအိုး

၁၀။ လောဟဘာဏက – ကြေးအိုးစရည်း

၁၁။ လောဟဝါတက

၁၂။ လောဟကဋာဟ – ကြေးဖျဉ်းအိုး

၁၃။ ဝါသိ – ပဲခွပ် (တံစဉ်း)

၁၄။ ဖရသု – ပုဆိန်

၁၅။ ကုဓာရီ – ဓားမ။

၁၆။ ကုဒါလ – ပေါက်တူး

၁၇။ နိဒါဒနံ – ဆောက်

၁၈။ ဝလ္လိ – နွယ်ပင်

၁၉။ ဝေဠု – ဝါးပင်

၂၀။ မုဉ္ဇ – ဖြူဆံမြက်ပင်

၂၁။ ပဗ္ဗဇ – ပြိတ်မြက်ပင်

၂၂။ တိဏ – ကြွင်းသောမြက်

၂၃။ မတ္တိကာ – မြေညက်

၂၄။ ဒါရုဘဏ္ဍာ – သစ်ဘဏ္ဍာ

၂၅။ မတ္တိကာဘဏ္ဍ – မြေဘဏ္ဍာ။ဤသို့(၂၅ )ခု သရုပ်ပြု သော်လည်း ဆိုင်ရာတစ်ခုချင်းကို ထပ်စိပ်သော် အမြောက်အများရ၏။

ထို့ကြောင့်… သံဃိကဂရုဘဏ္ဍာ(၂၅) မျိုး၌ အကျုံးဝင် သည့် ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ခရေပန်း ကောက်ခြင်း ၊ ခွေးတောက်ရွက်ခူးခြင်း ၊သရက်သီးခူးခြင်း ၊ ပန်းကန်ခွက် ယောက်များကို ယူခြင်း ၊ ပေါက်တူး ပုဆိန်စသည်တို့ကို ယူခြင်းစသော… စသော…သံဃိကပစ္စည်းဟူသမျှတို့ကို အထူး သတိထား၍ ရှောင်ကြဉ်ထိုက် ၏။

အဘယ်ကြောင့် ဆိုသော်… သံဃိက ပစ္စည်း မှန်ပါကသူခိုးတစ်ယောက်က ခိုးယူသွားပြီးထိုသူခိုးကတခြားသူ ထံပြန်ရောင်း…စသည်ဖြင့် ပိုင်ရှင် အဆက်ဆက် ပြောင်းသွားသော်လည်း သံဃိကပစ္စည်းမှန်သမျှ သံဃိကပစ္စည်း အဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏ ။

“သံဃိကပစ္စည်း အဖြစ်၌ တည်နေပါက အသုံးပြုမိကြသော သူတို့သည် သံတွေခဲ… မီးကျီးခဲ … အဆိပ်သီး တို့ကို မျိုချကာ စားရသကဲ့ သို့ဖြစ်တော့၏။ ထိုထို အကြောင်းဖြစ်ရပ် တို့ကြောင့် -” ကျောင်းစ ရှောင် ” ဟူသော ရှေးသူတော်ကောင်း တို့၏ ဆုံးမစကား ကို လိုက်နာ ဆောင်ရွက်သင့်ပေ၏ ။

အထူးအားဖြင့် သာသနာ့မြေ သံဃိကမြေများကို ငါပိုင်တယ် ငါတို့ ဘုန်း ကြီးပိုင်တယ် ငါတို့ဆွေမျိုး ဘုန်းကြီး ပိုင်တယ်ဟုပြောဆို အလွဲသုံးစားပြုကာ ရောင်းချ/ ငှားရမ်း နေကြသူများ အထူး သတိပြုစေလို ပါ သည် ။(သံဃိကပစ္စည်း အလွဲသုံးစားမှု များသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခုဖြစ်နိုင်၏) သစ္စာဓမ္မ မြင်နိုင်ကြပါစေ။

ZAWGYI

မသာစ ဆောင်…ကျောင်းစ ရှောင်” ဟူသော ရှေးဆိုရိုး ဆုံးမစကား ရှိ၏ ။မသာစ ဆောင် ” ဆိုသည်မှာ နာရေး အသုဘတို့၌ ဝေငှသည့် သံဝေဂလင်္ကာများ ပါသော ယပ်တောင်တို့ကို ဆောင်ထားခြင်းဖြင့် ထိုယပ်တောင်ကိုမြင်တိုင်း ထိုသံဝေဂလင်္ကာတို့ကိုဖတ်မိတိုင်း ငါလည်း…တစ်နေ့ သေရအုံးမှာပါလား”ဟု မမြဲခြင်း/ဆင်းရဲခြင်း/အစိုးမရခြင်း သဘော တို့ကို ဆင်ခြင်၍ သံဝေဂဉာဏ်ဖြစ်နိုင်သော ကြောင့်တည်း ။

“ ကျောင်းစ ရှောင် ” ဆိုသည်မှာ လူတို့သည် သံဃာတော်များ ထံမှ သွားတိုက်ဆေး /တံ ၊ ဆပ်ပြာခဲ/မှုန့် ၊ မျက်နှာသုတ်ပဝါ စသည်တို့ကို ရတတ်၏။ ထိုပစ္စည်းများ သည် စွန့်ကြဲသော ရဟန်းတစ်ပါးတည်းသာ ပိုင်ဆိုင်သည့် ပုဂ္ဂလိကပစ္စည်းများဖြစ်ပါက အကြောင်း မဟုတ်သော်လည်း

သံဃိက ဂရုဘဏ် ပစ္စည်းဖြစ်ပါက ကိုယ်ကျိုးနည်းကာ ဆိုးကျိုး များစွာဖြစ်နိုင်၏။ ထိုသံဃိကဂရု ဘဏ် ပစ္စည်းများကို အသုံးပြုမိတိုင်း သံတွေခဲ , မီးကျီးခဲ , အဆိပ်သီးများကို စားသောက် ရသကဲ့ သို့ဖြစ်ရ၏။”“ဟ ငါတို့ဘုန်းကြီးက ကျောင်းထိုင်ဆရာတော်လေ သူကိုယ်တိုင် စွန့်လို့ယူတာဘာအပြစ် ဖြစ်ရမှာတုန်း ” ဟုပြောဆိုကြသူများ ရှိကြ၏ ။

ကျောင်းထိုင် ဘုန်းကြီးဖြစ်နေပါစေသာသနာပိုင်ဆရာတော်ကြီးဖြစ်နေပါစေသံဃနာယက ဥက္ကဋ္ဌဆရာတော်ကြီး ဖြစ်နေပါစေ..“သံဃိကဂရုဘဏ္ဍာ” ပစ္ စည်းများကို မိမိ သဘောထား ဆန္ဒအတိုင်း ပေးလို့မရ ။ စွန့်လို့မရ ။ ဝေဘန်ခွဲခြမ်းလို့မရ ။

အဘယ့်ကြောင့်နည်း? “မစွန့်အပ် / မဝေဘန်အပ်သော သံဃိကဂရုဘဏ် ပစ္စည်း တို့သည် ဝိနယပိဋကတ်၌ ပါရှိခြင်းကြောင့်တည်း။”ထိုပစ္စည်းတို့မှာ

၁။ အာရာမ – အရံ

၂။ အာရာမဝတ္ထု – အရံနေရာ

၃။ ဝိဟာရ – ကျောင်းတိုက်

၄။ ဝိဟာရဝတ္ထု – ကျောင်းတိုက်နေရာ

၅။ မဉ္စ – ညောင်စောင်း

၆။ ပီဌ – အင်းပျဉ်

၇။ ဘိသိ – ဘုံလျို။

၈။ ဗိဗ္ဗောဟန – ခေါင်းအုံး။

၉။ လောဟကုမ္ဘီ – ကြေးအိုး

၁၀။ လောဟဘာဏက – ကြေးအိုးစရည်း

၁၁။ လောဟဝါတက

၁၂။ လောဟကဋာဟ – ကြေးဖျဉ်းအိုး

၁၃။ ဝါသိ – ပဲခွပ် (တံစဉ်း)

၁၄။ ဖရသု – ပုဆိန်

၁၅။ ကုဓာရီ – ဓားမ။

၁၆။ ကုဒါလ – ပေါက်တူး

၁၇။ နိဒါဒနံ – ဆောက်

၁၈။ ဝလ္လိ – နွယ်ပင်

၁၉။ ဝေဠု – ဝါးပင်

၂၀။ မုဉ္ဇ – ဖြူဆံမြက်ပင်

၂၁။ ပဗ္ဗဇ – ပြိတ်မြက်ပင်

၂၂။ တိဏ – ကြွင်းသောမြက်

၂၃။ မတ္တိကာ – မြေညက်

၂၄။ ဒါရုဘဏ္ဍာ – သစ်ဘဏ္ဍာ

၂၅။ မတ္တိကာဘဏ္ဍ – မြေဘဏ္ဍာ။ဤသို့(၂၅ )ခု သရုပ်ပြု သော်လည်း ဆိုင်ရာတစ်ခုချင်းကို ထပ်စိပ်သော် အမြောက်အများရ၏။

ထို့ကြောင့်… သံဃိကဂရုဘဏ္ဍာ(၂၅) မျိုး၌ အကျုံးဝင် သည့် ဘုန်းကြီးကျောင်းဝန်း အတွင်း၌ ခရေပန်း ကောက်ခြင်း ၊ ခွေးတောက်ရွက်ခူးခြင်း ၊သရက်သီးခူးခြင်း ၊ ပန်းကန်ခွက် ယောက်များကို ယူခြင်း ၊ ပေါက်တူး ပုဆိန်စသည်တို့ကို ယူခြင်းစသော စသောသံဃိကပစ္စည်းဟူသမျှ တို့ကို အထူး သတိထား၍ ရှောင်ကြဉ်ထိုက် ၏။

အဘယ်ကြောင့် ဆိုသော် သံဃိက ပစ္စည်း မှန်ပါက သူခိုးတစ်ယောက်က ခိုးယူသွားပြီး ထိုသူခိုးက တခြားသူ ထံပြန်ရောင်းစသည်ဖြင့်ပိုင်ရှင် အဆက်ဆက် ပြောင်းသွားသော်လည်း သံဃိကပစ္စည်းမှန်သမျှ သံဃိကပစ္စည်း အဖြစ်၌သာ တည်နေသောကြောင့်ဖြစ်၏ ။

“သံဃိကပစ္စည်း အဖြစ်၌ တည်နေပါက အသုံးပြုမိကြသော သူတို့သည် သံတွေခဲ… မီးကျီးခဲ … အဆိပ်သီး တို့ကို မျိုချကာ စားရသကဲ့ သို့ဖြစ်တော့၏။ထိုထို အကြောင်းဖြစ်ရပ် တို့ကြောင့် -” ကျောင်းစ ရှောင် ” ဟူသော ရှေးသူတော်ကောင်း တို့၏ ဆုံးမစကား ကို လိုက်နာ ဆောင်ရွက်သင့်ပေ၏ ။

အထူးအားဖြင့် သာသနာ့မြေ သံဃိကမြေများကို ငါပိုင်တယ် ငါတို့ ဘုန်း ကြီးပိုင်တယ် ငါတို့ဆွေမျိုး ဘုန်းကြီး ပိုင်တယ် ဟုပြောဆိုအလွဲသုံးစားပြုကာ ရောင်းချ/ ငှားရမ်း နေကြသူများ အထူး သတိပြုစေလို ပါ သည် ။(သံဃိကပစ္စည်း အလွဲသုံးစားမှု များသည် ဗုဒ္ဓဘာသာမြန်မာတို့အတွက် ကပ်သဖွယ် ဆင်းရဲရခြင်း အကြောင်းတစ်ခုဖြစ်နိုင်၏) သစ္စာဓမ္မ မြင်နိုင်ကြပါစေ။