Local News

ကျပ်၅၀၀တန် ဇလုံထမင်းဆိုင်မှ ရွေ့လျားစနစ်ဖြင့် ရောင်းချပေးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ

ရန်ကုန်မြို့တွင် ပထမဆုံးစတင်ခဲ့တဲ့ ၅၀၀ကျပ်တန် ဇလုံထမင်းဆိုင်မှ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ရွေ့လျားစနစ်ဖြင့် ထမင်းဟင်းများစတင်ရောင်းချပေးနေကြောင်း ထမင်းဆိုင်ပိုင်ရှင် ကိုနေသူရိန်ကပြောကြားထားပါတယ်။

ယခုလို အိမ်ရှေ့အရောက် ကားလေးနဲ့ ရွေ့လျားစနစ်ဖြင့် ဒီဇင်ဘာ ၂၅ရက်မှ စတင်ရောင်းချပေးနေခြင်းဖြစ်ပြီး လက်ရှိမှာလှိုင်သာယာ၊ တောင်ဒဂုံစသည့်မြို့နယ်များတွေမှာ သွားရောက်ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၇ရက်နေ့မှာတော့ ယုဇနဥယျာဉ် ဒဂုံဆိပ်ကမ်းဘက်မှာသွား ရောက်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ရွေ့လျားမော်တော်ယာဉ်ဖြင့် သွားရောက်ရောင်းချပေးရာတွင် လူ၅၀၀စာ ကျပ်၅၀၀တန် ဇလုံထမင်းဟင်းကို ပါဆယ်စနစ်ဖြင့်ရောင်းချပေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကားတစ်စီးနဲ့ပဲ မြို့နယ်တွေကိုအလှည့်ကျနဲ့ ရောင်းပေးသွားမှာဖြစ်ပြီး နောက်ပိုင်းတော့ ကားနှစ်စီးနဲ့ သွားရောင်းပေးဖို့ အစီအစဉ်ရှိတယ်လို့လည်း ပြောပါတယ်။

ထို့ပြင် မြို့နယ်အချို့တွင်ကျပ် ၅၀၀တန် ထမင်းဆိုင်များဖွင့်လှစ်နိုင်ရန်အတွက်ကူညီပေးစေလိုကြောင်းကိုနေသူရိန်ကပြောကြားသည်။

လက်ရှိတွင် ကျပ်၅၀၀ တန်ဇလုံထမင်းနှင့်ဟင်းဆိုင်ကို မြောက်ဒဂုံမြို့နယ်တွင်ဖွင့်လှစ်ထားပြီး လာရောက်သုံးဆောင်သူများပြားလျက်ရှိကြောင်းသိရသည်။

Crd…

ရန်ကုန်မြို့တွင် ပထမဆုံးစတင်ခဲ့တဲ့ ၅၀၀ကျပ်တန် ဇလုံထမင်းဆိုင်မှ ယခုအခါရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင်ရွေ့လျားစနစ်ဖြင့်ထမင်းဟင်းများစတင်ရောင်းချပေးနေကြောင်း ထမင်းဆိုင်ပိုင်ရှင် ကိုနေသူရိန်ကပြောကြားထားပါတယ်။

ယခုလို အိမ်ရှေ့အရောက် ကားလေးနဲ့ ရွေ့လျားစနစ်ဖြင့် ဒီဇင်ဘာ ၂၅ရက်မှ စတင်ရောင်းချပေးနေခြင်းဖြစ်ပြီး လက်ရှိမှာလှိုင်သာယာ၊ တောင်ဒဂုံစသည့်မြို့နယ်များတွေမှာ သွားရောက်ရောင်းချပေးခဲ့ပြီးဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၇ရက်နေ့မှာတော့ ယုဇနဥယျာဉ် ဒဂုံဆိပ်ကမ်းဘက်မှာသွား ရောက်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။

ရွေ့လျားမော်တော်ယာဉ်ဖြင့် သွားရောက်ရောင်းချပေးရာတွင် လူ၅၀၀စာ ကျပ်၅၀၀တန် ဇလုံထမင်းဟင်းကို ပါဆယ်စနစ်ဖြင့်ရောင်းချပေးတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ကားတစ်စီးနဲ့ပဲ မြို့နယ်တွေကိုအလှည့်ကျနဲ့ ရောင်းပေးသွားမှာဖြစ်ပြီး နောက်ပိုင်းတော့ကားနှစ်စီးနဲ့ သွားရောင်းပေးဖို့အစီအစဉ်ရှိတယ်လို့လည်း ပြောပါတယ်။