Local News

မင်းအောင်လှိုင်ရဲ့အဆုံးစွန် မိုက်တွင်းနက်လမ်းကြောင့် အငြိမ်းစားဗိုလ်ချုပ်တွေ ကြောက်လန့်လာ…………

မင်းအောင်လှိုင်ရဲ့အဆုံးစွန် မိုက်တွင်းနက်လမ်းကြောင့် အငြိမ်းစားဗိုလ်ချုပ်တွေ ကြောက်လန့်လာ…………

မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲရေးလမ်းကို မျက်လုံးစုံမှိတ်ရွေးချယ်ခြင်းကြောင့် အငြိမ်းစားစစ်ဗိုလ်ချုပ်

တွေကြား စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေပြီးဖရူဆိုလူသတ်ပွဲလို ဘယ်သူကမှခွင့်လွှတ်လို့မရတဲ့

သတ်ဖြတ်မှုတွေနဲ့ ပြည်သူကိုအပြင်းထန်ဆုံးအကြောက်တ ရားပေးဖို့သာလုပ်ဆောင်နေမှုဟာ သူ့အာဏာတည်မြဲ

ရေးတစ်ခုတည်းကိုသာ မျက်လုံးစုံမှိတ်ရွေးချယ်ခြင်းဖြစ် ကြောင်း ICC လို နိုင်ငံတကာတရားရုံးမှာတရားစွဲခံရတော့

မယ့်အခြေအနေဟာ ခွင့်လွှတ်ကြေအေးခြင်းစကားလုံးမ ရှိတော့ဘူးလို့ နိုင်ငံတကာအသိုင်းအဝိုင်းကပြောဆိုလိုက်ခြင်းဖြစ်ကြောင်း

မင်းအောင်လှိုင်ကျရှုံးခြင်းဟာ ကျွဲ ကူးရေပါဆိုသလို ပြည်ခိုင်ဖြိုးခေါင်းဆောင်တွေနဲ့ အငြိမ်းစားစစ်ဗိုလ်ချုပ်တွေကိုပါ

ရိုက်ခတ်မှုကြီးနိုင်တာ ကြောင့် စိုးရိမ်ကြောက်လန့်နေကြခြင်းဖြစ်ကြောင်း သိရပါတယ်။

‘သူတို့အားလုံးမှာ အာဏာနဲ့သိုက်တူးပြီးရထားတဲ့ စည်းစိမ်ဥစ္စာတွေရှိတယ်။မင်းအောင်လှိုင်ပြေးရပြီဆို

သူတို့ အငြိမ်းစားဗိုလ်ချုပ်တွေကို အဖမ်းမခံရတောင် သူတို့စည်းစိမ်ဥစ္စာတွေအသိမ်းခံရမလားဆိုပြီး တွေးပူနေကြ ပြီ’လို့ သူကပြောပါတယ်။

မင်းအောင်လှိုင်ရဲ့အဆုံးစွန်လုပ်ရပ်တွေဟာ စစ်အာဏာရှင်အသိုင်းအဝိုင်းကို ပြည်သူက ခွင့်လွှတ်လို့မရအောင်

တွန်းပို့နေတာကြောင့် အငြိမ်းစားစစ်ဗိုလ်ချုပ်တွေကြား သဘောမတူကြပေမဲ့

မင်းအောင်လှိုင်ကိုဆန့်ကျင်ရဲတဲ့ သတ္တိလည်းမရှိကြဘူးလို့ သိရပါတယ်။

‘သူတို့ထဲမှာ မင်းအောင်လှိုင်ကိုလက်မခံတဲ့လူတွေရှိတယ်။အဲဒီထဲကတချို့တွေက ပြည်သူဘက်ရပ်ချင်တယ်။

တချို့ကတော့ မင်းအောင်လှိုင်ကိုလက်မခံပေမဲ့ ပြည်သူအပေါ်လည်းစေတနာရှိတာမဟုတ်ဘူး။သူတို့စိုးရိမ်

တာက မင်းအောင်လှိုင်ကြောင့်သူတို့ဒုက္ခရောက်မှာကိုပါ။’လို့သူကပြောပါတယ်။

ပြည်သူဘက်ရပ်ချင်တဲ့ အငြိမ်းစားဗိုလ်ချုပ်တွေဟာ သူတို့မိသားစုနဲ့ စည်းစိမ်ကို မင်းအောင်လှိုင်သိမ်းယူဒုက္ခ

ပေးမှာစိုးလို့ မရပ်ရဲကြပါဘူး’လို့သူကဆက်ပြောပါတယ်။

ယမန်နေ့ကထွက်ပေါ်ခဲ့တဲ့ ICC ကပေးပို့လာတဲ့ အကြောင်းကြားစာကို လက်ခံခြင်းမပြုဖို့ ပြည်ထောင်စုတရား

လွှတ်တော်ချုပ်ရဲ့ လျှို့ဝှက်ညွှန်ကြားစာ အွန်လိုင်းပေါ်ပျံ့နှံ့ပြီးနောက် အငြိမ်းစားဗိုလ်ချုပ်တွေကြား

မင်းအောင် လှိုင်အရေးနိမ့်တော့မယ်ဆိုတဲ့အသိ ပိုခိုင်မာလာတယ်လို့သိရပါတယ်။