ဟာသ

“ညည ဆို… စားမယ်…စားမယ်…လို့ ထထယောင်ပြီး အော်ငိုတတ်တဲ့ ကလေးတစ်ယောက်ရဲ့ အရင်ဘ၀က ဝဋ်ကြွေး”

သတိထားရမယ့် ပို့စ်ပါ 😮‍💨

တကယ်ထူးဆန်းတာ

“ဝဠ်ကြွေးပါရင်ပြေးမလွတ်ဘူး သတိထားနေကြ”

အသိတစ်ယောက်ရဲ့ကလေးလေ ခုမှမူလတန်းအရွယ်ရှိသေး

ညည ထထယောင်ပြီဆို

“စားမယ် စားမယ်”ဆိုပြီး အသံပြဲကြီးနဲ့အော်ငိုတာ ဘေးအိမ်ကသူတွေ လန့်ကိုနိုးကြကော။

အစက မိဘတွေက ချော့သိပ်လိုက် အိပ်ပျော်သွားလိုက် ပျောက်သွားမယ်ထင်တာ။

ဒါပေမဲ့ ညတိုင်းဆိုသလို အဲ့လို ထထအော်ငိုတော့ မိဘတွေက ကလေးကို မေးကြည့်ရတော့တာပေါ့ ။

ကလေးကလည်း သူတို့တွေ စားကောင်းသောက်ဖွယ်တွေ ပြင်ဆင်ပြီး လာလာကျွေးကြတာ စားမယ်လည်းလုပ်ကော အကုန်ပျောက်ပျောက်သွားပြီး စားလို့လည်းရဘူး ဟီးးးးဟီးးးးးဆိုပြီး ငိုတော့တာ ။

မိဘတွေကလည်း အိမ်ကရှိတာလေးတွေ ထုတ်ကျွေးပေမဲ့ ကလေးက အိပ်မက်ထဲက ဟာနဲ့ တူဘူး တူဘူးဆိုပြီး မစားပဲ အော်ငိုနေတော့တာ ။

ဒါနဲ့ပဲ နားလည်တဲ့သူတစ်ယောက်က ဆရာတော်သမားတော်တွေနဲ့ပြကြည့် မေးမြန်းကြည့်ပါလားအကြံပေးတာနဲ့အစွမ်းထက်တဲ့ ဆရာတော်တစ်ပါးကို အိမ်ပင့် ဆွမ်းကပ် မေးမြန်းကြည့်တော့ ။

ဆရာတော်က…………

ကလေးအတွက် အဆောင်လက်ဖွဲ့လေးပေးခဲ့တယ်။

အတန်အသင့်တော့ ကြာဦးမှာပဲ ဒါပေမဲ့ စိတ်မပူနဲ့ ဘာမှ မဖြစ်ဘူး

ဝဋ်ကြွေးကုန်ရင် အလိုလိုပြီးသွားမှာတဲ့ ။

ဒါနဲ့ပဲ ဘာတွေများ လုပ်ခဲ့လို့လည်းဘုရားလို့ မေးမြန်းတော့………

ဆရာတော်က………………

ပြောရတော့ခက်သား ဒီကလေးက အရင်ဘဝက စားကောင်းသောက်ဖွယ်လေးတွေချက်ပြီဆို fb ပေါ်တင်ပြီး ရှိသမျှ fri တွေကို စားကြပါဦးဗျို့ တို့ ………

ဒီနေ့တော့ ဖြစ်သလိုလေးဆိုပြီး စားပွဲခုံအပြည့် ခင်းကျင်း တင်ပြထားတာတို့…………

စားကြပါအူးအမျိုးတို့ဆိုပြီး ဆိုင်မှာ ဝါးတီးစွဲနေတဲ့ဟင်းတွေ fb တင် နှိပ်စက်တာတို့…………

အဲ့လိုတွေ လုပ်ခဲ့လို့ပါတဲ့ ။

တကယ် ကြောက်စာကြီးနော်!!!!.😂😂😂

(ဟာသ သက်သက်သာ တင်ပြခြင်းဖြစ်ပါသည်။.စိတ်ဆိုးတော် မမူကြပါနဲ့. . .😂😂😂)

Crd:

#Kokolin