News

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတွေအလား ထင်မှတ်မှားနေရတဲ့ ကင်ဂျုံအမ်

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသားတွေအလား ထင်မှတ်မှားနေရတဲ့ ကင်ဂျုံအမ်

မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာနတွေရဲ့ မနေ့က ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေမှာတော့

ကင်ဂျုံအမ်ကို အရင်ထက် ပိုမိုပြီး သွယ်လျနေတာကို မြင်တွေ့ခဲ့ရပါတယ်။

အသက် ၃၇ နှစ်အရွယ်မြောက်ကိုရီးယားခေါင်းဆောင်ဟာ ခန္ဓာကိုယ်အလေးချိန် တော်တော်လေး

ကျဆင်းသွားခဲ့ပြီး မို့အစ်နေတဲ့ မေးစေ့၊ ပါးဖောင်းဖောင်းတွေ ပျောက်ကွယ်သွားခဲ့ပြီး လူအသစ်တယောက်ကို

မြင်တွေ့နေရသလိုဖြစ်နေတယ်လို့ ကမ္ဘာ့မီဒီယာအများအပြားက ဖော်ပြခဲ့ကြပါတယ်။

Korean Centarl News Agency (KCNA) က ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပြီး အာဏာရပါတီရဲ့

အစည်းအဝေးတခုကို ကင်ဂျုံအမ်တက်ရောက်ခဲ့တာဖြစ်ပြီး နှစ်သစ်ကူးမူဝါဒကြေညာချက်တွေကို

ကြီးကြီးမားမားပြုလုပ်ဖို့ ဆွေးနွေးခဲ့တဲ့ ဖိုရမ်လည်းဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာတဲ့

စီးပွားရေးအကျပ်အတည်း၊ နူကလီးယားလက်နက်အစီအစဉ် နဲ့ သဘာဝဘေးအန္တရာယ်တွေကို

တိုင်းပြည်တွင်းရင်ဆိုင်နေရချိန်မှာ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားပြည်သူ ၂၅ သန်းကျော်က ငတ်မွတ်ခေါင်းပါးမှု၊ စနစ်ကျတဲ့ဖိနှိပ်ခံရမှုတွေကို

ရင်ဆိုင်နေရပေမယ့်လည်း ကင်ဂျုံအမ်ရဲ့ ပိန်လှီလာတဲ့ အခြေအနေက ပြည်သူတွေရဲ့ အသည်းနှလုံးကို

ကြေကွဲစေတယ်လို့လည်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့ဖူးပါတယ်။ ကင်ဂျုံအမ်ရဲ့ အခုလို

ကိုယ်အလေးချိန်ကျဆင်းလာမှုဟာ ကျန်းမာရေးပြသနာကြောင့်ဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေလည်းရှိနေသလို

ဒီပြသနာတွေကို ဖြေရှင်းဖို့ ကိုယ်အလေးချိန်ကို တမင်လျှော့ချနေတာလည်း ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ်ခဲ့ကြပါတယ်။

ကင်ဂျုံအမ်ဟာ ဒိန်ခဲကို အလွန်အကျွံစားသုံးသလို ဆေးလိပ်ကိုလည်း တော်တော်လေးသောက်သုံးသူလို့ အားလုံးက

သိရှိထားကြပါတယ်။ ဆံပင်ကို အလယ်ခွဲပုံစံထားလေ့ရှိတဲ့ ကင်က အခုအခါမှာ နောက်ကိုလှန်ဖြီးထားပြီး

အနောက်တိုင်းဝတ်စုံကို အပြည့်အဝဝတ်ဆင်ထားပုံက နာမည်ကျော်တောင်ကိုရီးယား

အမျိုးသားအနုပညာရှင်တွေနဲ့တောင်မှ ဆင်တူနေသလို ခံစားရမှာလည်း အမှန်ပါပဲ။

ဒီနှစ်အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့ ကောလဟလသတင်းတွေအရတော့ သူ့ရဲ့ ကိုယ်အလေးချိန်ကျဆင်းမှုဟာ

အဖျားရောဂါကြောင့်ဖြစ်တယ်လို့ ဆိုကြပါတယ်။ သူဟာ လူမြင်ကွင်းကနေလည်း ၁ လကျော်ကြာ

ပျောက်ကွယ်နေခဲ့ပြီး နိုဝင်ဘာလအတွင်းမှာမှ ပြန်လည်ထွက်ပေါ်လာခဲ့ကာ သူ့ကို ပြန်မြင်ရချိန်မှာတော့

အားလုံးအံ့အားသင့်ခဲ့ရပြီး အရင်ကထက် ပိုမိုပိန်ကျသွားသူအဖြစ် တွေ့မြင်ခဲ့ကြရပါတယ်။

မြောက်ကိုရီးယားကတော့ နှစ်စဉ်နှစ်တိုင်း နှစ်သစ်ကူးကာလမှာ မူဝါဒကြေညာချက်တွေ ထုတ်ပြန်လေ့ရှိပြီး

၂၀၁၈ တုန်းက တောင်ကိုရီးယားဆောင်းရာသီအိုလံပစ်ပွဲတော်ကို ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ်လို့

ကြေညာခဲ့ပါတယ်။ ၂၀၁၉ တုန်းကလည်း ထိုစဉ်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ ဆွေးနွေးဖို့

သူ့ဘက်က ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဒီနှစ်အတွက်တော့

ဘယ်လိုမူဝါဒတွေထုတ်ဖော်ပြောကြားမလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရတော့မှာပါ။

The River News