Local News

ပဲခူးတွင် ဗိုလ်မှူး အောင်ဘိုဘိုဟိန်းနှင့်ဇနီး ဒေါ်စောမို့မို့ခိုင် ရိုင်းစိုင်း ဖိနှိပ် စီးပွားရှာဟုဆိုကာ တပ်အတွင်း အကြီးအကျယ် မကျေမနပ်ဖြစ်၊ တပ်မမှူးနှင့်ပေါင်း ၍ တိုင်ချင်ရာတိုင်ဟု စိန်ခေါ်

ပဲခူးတွင် ဗိုလ်မှူး အောင်ဘိုဘိုဟိန်းနှင့်ဇနီး ဒေါ်စောမို့မို့ခိုင် ရိုင်းစိုင်း ဖိနှိပ် စီးပွားရှာဟုဆိုကာ တပ်အတွင်း အကြီးအကျယ် မကျေမနပ်ဖြစ်၊ တပ်မမှူးနှင့်ပေါင်း ၍ တိုင်ချင်ရာတိုင်ဟု စိန်ခေါ်

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းအတွင်း အမြောက်တပ် ၃၄၀ မှ တပ်ရင်းမှူး ဗိုလ်မှူးအောင်ဘိုဘိုဟိန်းနှင့် ဇနီးဒေါ်စောမို့မို့ခိုင်တို့က

တပ်အတွင်း ဖိနှိပ်ရိုင်းစိုင်း စီးပွားရှာခြင်း၊ စစ်တောင်း စစ်ဆေးရေးဂိတ်တွင် တရားမဝင် စီးပွားရေးနှင့်

လိုင်းကြေးကောက်ခံမှု လုပ် ဆောင်နေသဖြင့် တပ်အတွင်း အကြီးအကျယ်

မကျေမနပ် ဖြစ်နေကြောင်း စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။

ပဲခူးတိုင်း၊ ဘောနတ်ကြီး အမြောက်တပ် ၃၄၀ မှ တပ်ရင်းမှူး ဗိုလ်မှူ အောင်ဘိုဘိုဟိန်းသည် စစ်တောင်း

စစ်ရေးဂိတ်တွင် ၎င်းကိုယ်တိုင် ဂိတ်ထိုင်၍ တရားမဝင် လိုင်စင်မဲ့ကား တင်သွင်းခြင်း၊ သစ်မှောင်ခိုကားများကို

လိုင်းကြေးကောက်ခံခြင်း၊ ခရီးသည်တင်ယာဉ်များနှင့်ကုန်ကားများထံမှ ငွေကြေး

မတရားကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ဗိုလ်မှူးအောင်ဘိုဘိုဟိန်းက တပ်မမှူးထံသို့ ဆက်ကြေး ပုံမှန်ပေးဆောင်နေပြီး တပ်မမှူးကလည်း ၎င်းတို့ကို

အကာအကွယ်ပြုထား၍ မည်သူကိုမှ ဂရုမစိုက်၊ တိုင်ချင်ရာတိုင်ဟု ဗိုလ်မှူးအောင်ဘိုဘိုဟိန်းက စိန်ခေါ်ကြောင်း၊

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း တရားမဝင် ဂိတ်ကြေးကောက်ခံလျက် ချမ်းသာကြွယ်ဝလာကြောင်း စစ်တပ်အသိုင်းအဝိုင်းကဆိုသည်။

“ဘောနတ်ကြီး အမြောက်တပ် ၃၄၀ က တက်ရင်းမှူးကတော် ဒေါ်စောမို့မို့ခိုင် အတော်ဆိုးတယ်ဗျာ။တပ်ထဲမှာ

အရာရှိစစ်သည်တွေကိုလည်း သူပဲ ဖိနှိပ်ချုပ်ခြယ်နေတာ။ ရိုင်းလိုက်တာလည်း အရမ်းပဲ၊ လူကြီးတွေကိုပိုင်တယ်ဆိုပြီး

လုပ်ချင်တိုင်းလုပ်နေကြတာ သူတို့က တပ်မမှူးကတော်ကြီးနဲ့ပေါင်းပြီး ဂိတ်တွေဖွင့်ပြီး ချမ်းသာနေကြတာ၊တရားမဝင်

လိုင်စင်မဲ့ကား တွေ ၊သစ်မှောင်ခိုကားတွေရဲ့ ဖြတ်သန်းခနဲ့ပေါ့။ ပုံမှန်သွားတဲ့ ခရီးသွားကားတွေဆီကလည်းတောင်းတာပေါ့။

စစ်တောင်းဂိတ်မှာ တပ်ရင်းမှူးကိုယ်တိုင် ထိုင်တာကြာပြီလေ၊စစ်သည်တွေကိုလည်း သူကရွေးတာ

မကြိုက်တဲ့သူဆို ပြန်လွှတ်ပြီး ရှေ့တန်းပို့ပစ်တာ၊ကြိုက်တဲ့နေရာ တိုင်လို့လည်းပြောသေးတယ်။သူတို့က

တခြားတပ်က လာပြီး လုပ်ချင်တိုင်းလုပ်နေတာ၊ တပ်မမှူးကတော်ကိုလည်း သူကပိုင်တယ်၊သူပြီးရင်ပြီးတယ်လို့

သူကပြောနေတာ။ဘာလို့ဆို ဂိတ်ကြေးတွေကို သူကသွင်းနေရတာမလို့တဲ့”ဟု စစ်တပ်အသိုင်းအဝိုင်းက ပြောသည်။

ရန်ကုန်ခေတ်သစ်က ဗိုလ်မှူးအောင်ဘိုဘိုဟိန်း၏ မိုဘိုင်းလ်ဖုန်းနံပါတ်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း

မိုဘိုင်းလ်ဖုန်းသည် ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်ရှိနေသော ပြန်ကြားချက်သာ ရရှိခဲ့သဖြင့် ဖုန်းခေါ်ဆို မရခဲ့ပေ။

လက်ရှိပဲခူးတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက် ရဲနှင့်စစ်တပ်က လမ်းများပေါ်တွင် ဖြတ်သန်းသွားလာသော ယာဉ်နှင့်

ကုန်တင်ကားများထံမှ တရားမဝင် ငွေကြေးကောက်ခံခြင်း၊ သစ်မှောင်ခို စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုခြင်း၊

ထီချဲနှင့်တရားမဝင် လောင်း ကစားများကို လိုင်းကြေးယူ ခွင့်ပြုခြင်းများကို အရှိန်

အဟုန်ဖြင့် လုပ် ဆောင်လျက်ရှိကြောင်း ပဲခူးဒေသခံများထံမှ သိရှိရသည်။