Local News

နေမကောင်းဖြစ်နေတဲ့အဖိုးကို ကူညီပေးခဲ့တဲ့ ပြည်သူတစ်ဦးရဲ့ မွန်မြတ်လှတဲ့အလှူ

ဘဝဟာ စကားလုံးနှစ်လုံးတည်းဆိုပေမဲ့ တကယ်တော့ ရုန်းကန်လှုပ်ရှားရတာတကယ်ကိုခက်ခဲပါတယ်။နေ့စဥ်ဘဝ စားဝတ်နေရေးအတွက် လူသားတိုင်းဟာ ရုန်းကန်လှုပ်ရှားနေရပါတယ်။ရုန်းကန်လှုပ်ရှားရတဲ့အထဲမှာတစ်ချို့ကတော့သက်တောင့်သက်သာလေးနဲ့ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနိုင်သူရှိသလို တစ်ချို့ကျတော့လည်းပင်ပန်းဆင်းရဲစွာနဲ့ ထမင်းတစ်နပ်အတွက်ကို အခက်အခဲပေါင်းမျိုးစုံနဲ့ ရုန်းကန်လှုပ်ရှားနေရတာဖြစ်ပါတယ်။

မိမိထက် အဆင်မပြေဖြစ်နေသူကို ကူညီပေးကမ်းခြင်းကလည်း လူသားတိုင်းမှာ ရှိသင့်တဲ့ ကိုယ်ချင်းစာတရားတစ်ခုလည်း ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ပြည်သူတစ်ဦးက သင်္ကြန်စာရောင်းနေတဲ့ အဘကို ကူညီပေးလိုက်နိုင်တဲ့ ဖြစ်ရပ်လေးကို ဝေမျှပေးလိုက်ပါတယ်။သူဟာ ကိစ္စတစ်ခုအတွက် သွားရင်း ကားမီးပွိုင့်မိနေတဲ့အချိန်မှာ အဘကိုတွေ့ခဲ့တယ်လို့ ဆိုပါတယ်။အဘရဲ့လက်ထဲမှာ သင်္ကြန်စာလေးတွေရှိနေတာကို မြင်လိုက်တဲ့အတွက် သူ့အနေနဲ့ အဘကို အကူအညီပေးချင်တာကြောင့် အဘ ဒီ သင်္ကြန်စာလေး ဘယ်လောက်လဲလို့ သူကမေးလိုက်ပါတယ်။

အဘ ရောင်းချနေတဲ့ စာလေးဟာ တစ်စောင်ကို ၅၀၀ ကျပ်သာ ရှိပါတယ်။သူ့အနေနဲ့ အဘလမ်းလျှောက်ပုံကို သတိပြုမိလိုက်တဲ့အတွက် အဘလမ်းလျှောက်တာ တစ်မျိုးဖြစ်နေတယ်နော်လို့ ပြောလိုက်တဲ့အခါ အဘဟာ သူအရမ်းဗိုက်အောင့်တဲ့အတွက် ဆေးခန်းသွားပြရာကနေ ဆေးရုံတက်လိုက်ရပြီး အူတွေပါ ဖြတ်လိုက်ရတယ်လို့လည်းဆိုပါတယ်။အဘကဆက်ပြီးတော့ အခုထိအနာကလည်းမကျက်သေးတော့ သူအရမ်းနာနေကြောင်း ပြောပြခဲ့ပါတယ်။

ပြည်သူတစ်ဦးဟာ အဘရဲ့အဖြစ်ကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာနဲ့ပဲ ဆေးခန်းရောပြန်ပြဖြစ်လားနောက်ပြီး မိသားစုရော လို့ သူမေးလိုက်တဲ့အချိန်မှာ အဘပြောတဲ့စကားလေးက ပိုပြီးဝမ်းနည်းစေခဲ့ရပါတယ်။အဘဟာ အိမ်ထောင်ကွဲသွားတာ ဖြစ်ပြီး သူ့အ​နေနဲ့ နာကျင်မှုဒဏ်ကို မခံနိုင်တာကြောင့် ဆေးခန်းပြန်ပြချင်လို့ ဒီ သင်္ကြန်စာလေးတွေကိုရောင်းနေရတယ်လို့ ဆိုပါတယ်။အဘဟာ သူများတွေလို လမ်းလျှောက်ပြီးမရောင်းနိုင်တဲ့အတွက် ထိုင်ရောင်းရတယ်လို့ဆိုပါတယ်။

အဘဆေးခန်းပြဖို့အတွက် လိုအပ်နေတဲ့ပိုက်ဆံကို သူလှူပေးခဲ့ပြီး အဘဟာ ကျေးဇူးတင်ကြောင်းအထပ်ထပ်ပြောပြီး သူပေးလိုက်တဲ့ပိုက်ဆံလေးနဲ့ ဆေးခန်းပြနိုင်ပြီ ဖြစ်တာကြောင့် အဘပြုံးပျော်လို့ နေခဲ့တယ်လို့ ဆိုတာကို သူ့ရဲ့လူမှုကွန်ယက်ပေါ်ကနေ မျှဝေ​ပေးခဲ့ပါတယ်။ အဘဟာအသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး အ ဆောင်ငှားနေတယ်လို့လည်း သိရှိရပါတယ်။တစ်ယောက်တည်းရုန်းကန်နေရသူဖြစ်တဲ့အတွက် လမ်းမှာတွေ့ရင်လည်းအကူအညီပေးဖို့ကိုလည်း ရေးသားထားခဲ့ပါတယ််၊၊

ဘဝဟာ စကားလုံးႏွစ္လုံးတည္းဆိုေပမဲ့ တကယ္ေတာ့ ႐ုန္းကန္လႈပ္ရွားရတာ တကယ္ကိုခက္ခဲပါတယ္။ေန႔စဥ္ဘဝ စားဝတ္ေနေရးအတြက္ လူသားတိုင္းဟာ ႐ုန္းကန္လႈပ္ရွားေနရပါတယ္။႐ုန္းကန္လႈပ္ရွားရတဲ့အထဲမွာ တစ္ခ်ိဳ႕ကေတာ့ သက္ေတာင့္သက္သာေလးနဲ႔ ဘဝကို ေအးေအးေဆးေဆးျဖတ္သန္းႏိုင္သူရွိသလို တစ္ခ်ိဳ႕က်ေတာ့လည္းပင္ပန္းဆင္းရဲစြာနဲ႔ ထမင္းတစ္နပ္အတြက္ကို အခက္အခဲေပါင္းမ်ိဳးစုံနဲ႔ ႐ုန္းကန္လႈပ္ရွားေနရတာျဖစ္ပါတယ္။

မိမိထက္ အဆင္မေျပျဖစ္ေနသူကို ကူညီေပးကမ္းျခင္းကလည္း လူသားတိုင္းမွာ ရွိသင့္တဲ့ ကိုယ္ခ်င္းစာတရားတစ္ခုလည္း ျဖစ္ပါတယ္။ဒီတစ္ေခါက္မွာလည္း ျပည္သူတစ္ဦးက သၾကၤန္စာေရာင္းေနတဲ့ အဘကို ကူညီေပးလိုက္ႏိုင္တဲ့ ျဖစ္ရပ္ေလးကို ေဝမွ်ေပးလိုက္ပါတယ္။သူဟာ ကိစၥတစ္ခုအတြက္ သြားရင္း ကားမီးပြိဳင့္မိေနတဲ့အခ်ိန္မွာ အဘကိုေတြ႕ခဲ့တယ္လို႔ ဆိုပါတယ္။

အဘရဲ႕လက္ထဲမွာ သၾကၤန္စာေလးေတြရွိေနတာကို ျမင္လိုက္တဲ့အတြက္ သူ႔အေနနဲ႔ အဘကို အကူအညီေပးခ်င္တာေၾကာင့္ အဘဒီသၾကၤန္စာေလးဘယ္ေလာက္လဲလို႔ သူကေမးလိုက္ပါတယ္။အဘ ေရာင္းခ်ေနတဲ့ စာေလးဟာ တစ္ေစာင္ကို ၅၀၀ က်ပ္သာ ရွိပါတယ္။

သူ႔အေနနဲ႔ အဘလမ္းေလွ်ာက္ပုံကို သတိျပဳမိလိုက္တဲ့အတြက္ အဘလမ္းေလွ်ာက္တာ တစ္မ်ိဳးျဖစ္ေနတယ္ေနာ္လို႔ ေျပာလိုက္တဲ့အခါ အဘဟာ သူအရမ္းဗိုက္ေအာင့္တဲ့အတြက္ ေဆးခန္းသြားျပရာကေန ေဆး႐ုံတက္လိုက္ရၿပီး အူေတြပါ ျဖတ္လိုက္ရတယ္လို႔လည္းဆိုပါတယ္။အဘကဆက္ၿပီးေတာ့ အခုထိအနာကလည္းမက်က္ေသးေတာ့ သူအရမ္းနာေနေၾကာင္း ေျပာျပခဲ့ပါတယ္။

ျပည္သူတစ္ဦးဟာ အဘရဲ႕အျဖစ္ကိုၾကည့္ၿပီး စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ပဲ ေဆးခန္းေရာျပန္ျပျဖစ္လားေနာက္ၿပီး မိသားစုေရာ လို႔ သူေမးလိုက္တဲ့အခ်ိန္မွာ အဘေျပာတဲ့စကားေလးက ပိုၿပီးဝမ္းနည္းေစခဲ့ရပါတယ္။အဘဟာ အိမ္ေထာင္ကြဲသြားတာ ျဖစ္ၿပီး သူ႔အ​ေနနဲ႔ နာက်င္မႈဒဏ္ကို မခံႏိုင္တာေၾကာင့္ ေဆးခန္းျပန္ျပခ်င္လို႔ ဒီ သၾကၤန္စာေလးေတြကိုေရာင္းေနရတယ္လို႔ ဆိုပါတယ္။

အဘဟာ သူမ်ားေတြလို လမ္းေလွ်ာက္ၿပီးမေရာင္းႏိုင္တဲ့အတြက္ ထိုင္ေရာင္းရတယ္လို႔ဆိုပါတယ္။ အဘေဆးခန္းျပဖို႔အတြက္ လိုအပ္ေနတဲ့ပိုက္ဆံကို သူလႉေပးခဲ့ၿပီး အဘဟာ ေက်းဇူးတင္ေၾကာင္းအထပ္ထပ္ေျပာၿပီးသူေပးလိုက္တဲ့ပိုက္ဆံေလးနဲ႔ ေဆးခန္းျပႏိုင္ၿပီ ျဖစ္တာေၾကာင့္အဘၿပဳံးေပ်ာ္လို႔ ေနခဲ့တယ္လို႔ဆိုတာကို သူ႔ရဲ႕လူမႈကြန္ယက္ေပၚကေနမွ်ေဝ​ေပးခဲ့ပါတယ္။

အဘဟာ အသက္ ၆၈ ႏွစ္ရွိၿပီျဖစ္ၿပီး အေဆာင္ငွားေနတယ္လို႔လည္း သိရွိရပါတယ္။တစ္ေယာက္တည္း႐ုန္းကန္ေနရသူျဖစ္တဲ့အတြက္ လမ္းမွာေတြ႕ရင္လည္း အကူအညီေပးဖို႔ကိုလည္း ေရးသားထားခဲ့ပါတယ္္၊၊

သတင်းအရင်းအမြစ်៖ Arrpuu Tuu