Local News

ဆေးကုစရာငွေမရှိလို့ တဲအိမ်စုတ်လေးထဲမှာ ဝေဒနာကိုခံစားရင်း ဒုက္ခခံနေရတဲ့ ရခိုင်ရိုးမတောင်ပေါ်သူ

မြန်မာပြည်ရဲ့ နယ်အစွန်အဖျားကမိဘ ပြည်သူတွေကို သွားရောက်ကူညီကယ်တင်ပေးနေတဲ့ အနုပညာသစ်ပြတိုက်ဖောင်ဒေးရှင်း၊ နယ်လှည့် နှလုံးလှဆရာဝန်များအဖွဲ့ရဲ့ ပဲ့ကိုင်ရှင် တေးရေးမင်းကို (ခ) မင်းခေတ်မင်းကတော့ ဒီတစ်ခါလည်း ရခိုင်ရိုးမတောင်ပေါ်မှာဆေးကုကုသိုလ်ယူဖို့ ရောက်ရှိနေပါတယ်။

တေးရေးမင်းကိုတို့ နယ်လှည့်နှလုံးလှဆရာဝန်များအဖွဲ့ကစက်စက်ယိုဘုန်းဘုန်းဖိတ်ကြားလို့ဒီကနေ့သုံးရက်မြောက် ဆေးကုခရီးစဥ်အဖြစ် ရခိုင်ရိုးမှတောင်တန်းပေါ်မှာ ဆေးကုကုသိုလ်ယူရင်း မိုးမလုံလေမလုံ တဲအိမ်လေးထဲမှာ နာတာရှည်ဖျားနာပြီးဒုက္ခရောက်နေတဲ့ ကလေးနှစ်ယောက် အမေရောဂါသည်ကို သွားကြည့်ပေးခဲ့ရပါတယ်။

“သူ့အမျိုးသားက ဝါးခုတ်ရင်းအသက်မွေးရသူ၊ ဝါး၂၅လုံးတစီးရောင်းရမှ ငွေတထောင်ပဲရတယ်။ တောနက်ထဲ ခက်ခက်ခဲခဲတိုးပြီးမှ ရခုတ်လို့ရတဲ့ဝါးလေးတွေ ၊အလုံး၂၅လုံးရောင်းမှ ငွေတထောင်ပဲရတယ်ဆိုတော့ သူတို့မိသားစုလေး ဘယ်လိုဆေးကုနိုင်တော့မလဲ၊ ဒေါက်တာကဆေးရုံအမြန်တင်ပေးမှအသက်ရှင်မယ်ဆိုတော့ ဘုန်းဘုန်းနဲ့ တိုင်ပင်ပြီး ဆေးရုံချက်ချင်းတင်ပေးလိုက်ရတော့တယ်.။

မိဘနှစ်ပါးက ဆေးရုံတက်ရပြီဆိုတော့ တဲအိမ်စုတ်လေးထဲမှာ သနားစရာလူမမယ် ကလေးလေးနှစ်ယောက်တည်းကျန်ခဲ့ရရှာတယ်။ လူတယောက်ကို တာဝန်ယူဆေးရုံတင်ပေးရပြီဆိုတာနဲ့ သူတို့မိသားစုတစုလုံးအတွက်ပါ စဥ်းစားပေးရတော့တယ်၊ ကျွန်တော့်မှာလည်း ကားဆီဖိုး ဆေးဖိုးထိနေတာနဲ့ သူတို့မိသားစုအတွက် ဘုန်းဘုန်းကိုပဲ စိုက်ခိုင်းထားလိုက်ရတယ်၊ .

ခုချိန်လူ့အသက်တွေကယ်နိုင်ဖို့ ဆိုတာ ငွေများများလက်ထဲရှိမှ ကယ်နိုင်မှာပါ။ ကဲဗျာ …ဘာပဲဖြစ်ဖြစ် ရှိတာလေးဖဲ့ပြီး ဒုက္ခကြုံတွေ့နေရသူတွေကို ကယ်ကြပါဦးစို့ဗျာ” လို့ တေးရေးမင်းကိုက သူ့ရဲ့လူမူကွန်ယက်မှာရေးသားထားပါတယ်။ျမန္မာျပည္ရဲ႕ နယ္အစြန္အဖ်ားကမိဘ ျပည္သူေတြကို သြားေရာက္ကူညီကယ္တင္ေပးေနတဲ့ အႏုပညာသစ္ျပတိုက္ေဖာင္ေဒးရွင္း၊ နယ္လွည့္ ႏွလုံးလွဆရာဝန္မ်ားအဖြဲ႕ရဲ႕ ပဲ့ကိုင္ရွင္ ေတးေရးမင္းကို (ခ) မင္းေခတ္မင္းကေတာ့ ဒီတစ္ခါလည္း ရခိုင္႐ိုးမေတာင္ေပၚမွာေဆးကုကုသိုလ္ယူဖို႔ ေရာက္ရွိေနပါတယ္။

ေတးေရးမင္းကိုတို႔ နယ္လွည့္ႏွလုံးလွဆရာဝန္မ်ားအဖြဲ႕က စက္စက္ယိုဘုန္းဘုန္းဖိတ္ၾကားလို႔ ဒီကေန႔သုံးရက္ေျမာက္ ေဆးကုခရီးစဥ္အျဖစ္ ရခိုင္႐ိုးမွေတာင္တန္းေပၚမွာ ေဆးကုကုသိုလ္ယူရင္း မိုးမလုံေလမလုံ တဲအိမ္ေလးထဲမွာ နာတာရွည္ဖ်ားနာၿပီးဒုကၡေရာက္ေနတဲ့ ကေလးႏွစ္ေယာက္ အေမေရာဂါသည္ကို သြားၾကည့္ေပးခဲ့ရပါတယ္။

“သူ႔အမ်ိဳးသားကဝါးခုတ္ရင္းအသက္ေမြးရသူ၊ဝါး၂၅လုံးတစီးေရာင္းရမွ ေငြတေထာင္ပဲရတယ္။ ေတာနက္ထဲခက္ခက္ခဲခဲတိုးၿပီးမွရခုတ္လို႔ရတဲ့ဝါးေလးေတြ၊အလုံ း၂၅လုံးေရာင္းမွ ေငြတေထာင္ပဲရတယ္ဆိုေတာ့ သူတို႔မိသားစုေလး ဘယ္လိုေဆးကုႏိုင္ေတာ့မလဲ၊ ေဒါက္တာကေဆး႐ုံအျမန္တင္ေပးမွအသက္ရွင္မယ္ဆိုေတာ့ ဘုန္းဘုန္းနဲ႔ တိုင္ပင္ၿပီး ေဆး႐ုံခ်က္ခ်င္းတင္ေပးလိုက္ရေတာ့တယ္.။

မိဘႏွစ္ပါးက ေဆး႐ုံတက္ရၿပီဆိုေတာ့ တဲအိမ္စုတ္ေလးထဲမွာ သနားစရာလူမမယ္ ကေလးေလးႏွစ္ေယာက္တည္း က်န္ခဲ့ရရွာတယ္။လူတေယာက္ကို တာဝန္ယူေဆး႐ုံတင္ေပးရၿပီဆိုတာနဲ႔ သူတို႔မိသားစုတစုလုံးအတြက္ပါ စဥ္းစားေပးရေတာ့တယ္၊ ကြၽန္ေတာ့္မွာလည္း ကားဆီဖိုး ေဆးဖိုးထိေနတာနဲ႔ သူတို႔မိသားစုအတြက္ ဘုန္းဘုန္းကိုပဲ စိုက္ခိုင္းထားလိုက္ရတယ္၊ .

ခုခ်ိန္လူ႔အသက္ေတြကယ္ႏိုင္ဖို႔ ဆိုတာ ေငြမ်ားမ်ားလက္ထဲရွိမွ ကယ္ႏိုင္မွာပါ။ ကဲဗ်ာ ဘာပဲျဖစ္ျဖစ္ရွိတာေလးဖဲ့ၿပီး ဒုကၡႀကဳံေတြ႕ေနရသူေတြကိုကယ္ၾကပါဦးစို႔ဗ်ာ” လို႔ ေတးေရးမင္းကိုက သူ႔ရဲ႕လူမူကြန္ယက္မွာေရးသားထားပါတယ္။

Source : Minn Ko’s Facebook Acc