Local News

ဂေဟာအသစ်ကြီးမှာ ကလေးတွေပျော်မြူးနေတာကို ကြည့်ပြီး ပီတိတွေဖြစ်နေတဲ့ ခိုင်နှင်းဝေ

ပရဟိတ မင်းသမီးတစ်လက် ဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့အကျိုးစီးပွားမပါပဲ ပရဟိတအသင်းကိုတည်ထောင်ထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေက ခိုင်နှင်းဝေရင်ခွင်ရိပ်မြိုင်ဂေဟာမှာ ကလေးပေါင်း အယောက် (၃၀) ကျော်ကို ပြုစုစောင့်ရှောက်ထားတာပဲ ဖြစ်ပါတယ်။

ခိုင်နှင်းဝေကတော့ ပရိသတ်တွေက ပရဟိတမင်းသမီးလို့ တင်စားရလောက်အောင်ပရဟိတစိတ်ပြင်းထန်တဲ့နိုင်ငံကျော် မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ခိုင်နှင်းဝေက ကလေးတွေ ကျယ်ကျယ်ဝန်းဝန်းနေထိုင်နိုင်စေဖို့အတွက် ရည်ရွယ်ပြီးတော့လည်း ခိုနားရာလေးတစ်ခုအဖြစ်နဲ့ဂေဟာတစ်ခုကိုဖန်တီးတည်ဆောက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဂေဟာလေးကတောင်ဒဂုံ၊(၁၀၄)ရပ်ကွက် မင်းရဲကောင်းပုံစျေးအနီး၊ရွှေဂျိုးဖြူနှင့်ရွှေဟင်္သာလမ်းထောင့် အမှတ်(၁၄၈၅)မှာတည်ရှိတာဖြစ်ပါတယ်။

တောင်ဒဂုံဂေဟာအသစ်ကို မနေ့ကမှ မေမေခိုင်နှင်းဝေနဲ့ သားသား၊ မီးမီးလေးတွေ ပြောင်းရွှေ့သွားကြတာဖြစ်ပြီး ဂေဟာအသစ်ကြီးမှာကလေးတွေပျော်မြူးနေတာကို ကြည့်ပြီး ခိုင်နှင်းဝေက ပီတိတွေဖြစ်နေတာ ဖြစ်ပါတယ်။

သားသားမီးမီးလေးတွေနဲ့ မေမေခိုင်နှင်းဝေတို့ ပျော်ရွှင်နေကြတဲ့ Video ကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit : Khine Hnin Wai’s Facebook Acc