News

“သရုပ်ဆောင် လူမင်း နှင့် ရဲတိုက် တို့ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံရ”

သရုပ်ဆောင် ရဲတိုက် ကို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

သရုပ်ဆောင် ရဲတိုက်ကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က)နဲ့ မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုအနက်က ၅၀၅(က)အမှုကို ဒီကနေ့မှာ အမိန့်ချလိုက်တာပါ။

ဒီဇင်ဘာ ၁၅ ရက်​နေ့က သရုပ်ဆောင်ရဲတိုက်ကို ရုံးထုတ်စဉ် တရားရုံးမှာ မေ့လဲခဲ့တာ​ကြောင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုပေးခဲ့ရသေးတယ်လို့သိရပါတယ်။

သရုပ်ဆောင်ရဲတိုက်ဟာ ဦးနှောက်ကျုံ့တဲ့ ဝေဒနာခံစားရတာကြောင့် တရားခွင်မှာ မေ့လဲသွားတာဖြစ်ပြီး အင်းစိန်ထောင်ဆေးရုံမှာ ဆက်လက်ကုသမှုခံယူနေရတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

သရုပ်ဆောင် လူမင်းကို အင်းစိန် ထောင်တွင်းတရားရုံးက ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်မှာ အလုပ်ကြမ်းနဲ့ထောင် ၃ နှစ် ကျခံစေဖို့ အမိန့် ချမှတ်လိုက်တယ်လို့ ရှေ့နေတွေကပြောကြပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ဖမ်းဆီးခံရပြီးနောက် အင်းစိန်ထောင်တွင်း တရားရုံးက ဒီကနေ့မှာ အမိန့်ချလိုက်တာပါ။

သရုပ်ဆောင် လူမင်းကို မတ်လထဲမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး ချုပ်ရက်တွေကို အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်တွေထဲကနေ ထုတ်နှုတ်ခံစားခွင့်ရမယ်လို့ ရှေ့နေတွေရဲ့ ပြောကြားချက်တွေအရသိရပါတယ်။

အကယ်ဒမီ လူမင်း ဟာ အနုပညာသက်တမ်း ၂၀ ကျော်ကာလမှာ အကယ်ဒမီ ၄ ဆုရရှိခဲ့ပြီး သူရရှိခဲ့တဲ့ကားတွေကတော့ ၂၀၀၂ ခုနှစ်မှာ ရွှေမှုန်ကြဲတဲ့မိုးကောင်းကင် ဇာတ်ကားမှာအမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ ခုနှစ်က ကျန်စစ်မင်းဇာတ်ကား အမျိုးသားဇာတ်ဆောင်ဆု နဲ့ ရုပ်ရှင်ဇာတ်ကားဆု၊ ၂၀၁၆ ခုနှစ်မှာပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ မှာအမျိုးသားဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။

Zawgyi

သ႐ုပ္ေဆာင္ ရဲတိုက္ ကို အလုပ္ၾကမ္းႏွင့္ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခံရေၾကာင္း တရား႐ုံးႏွင့္နီးစပ္သည့္အသိုင္းအဝိုင္းမွ သိရသည္။

သ႐ုပ္ေဆာင္ ရဲတိုက္ကို စြဲဆိုထားတဲ့ ပုဒ္မ ၅၀၅(က)နဲ႔ မူးယစ္ပုဒ္မ ၁၆ (ဂ) အမႈအနက္က ၅၀၅(က)အမႈကို ဒီကေန႔မွာ အမိန႔္ခ်လိုက္တာပါ။

ဒီဇင္ဘာ ၁၅ ရက္​ေန႔က သ႐ုပ္ေဆာင္ရဲတိုက္ကို ႐ုံးထုတ္စဥ္ တရား႐ုံးမွာ ေမ့လဲခဲ့တာ​ေၾကာင့္ အင္းစိန္ေဆး႐ုံသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈေပးခဲ့ရေသးတယ္လို႔သိရပါတယ္။

သ႐ုပ္ေဆာင္ရဲတိုက္ဟာ ဦးေႏွာက္က်ဳံ႕တဲ့ ေဝဒနာခံစားရတာေၾကာင့္ တရားခြင္မွာ ေမ့လဲသြားတာျဖစ္ၿပီး အင္းစိန္ေထာင္ေဆး႐ုံမွာ ဆက္လက္ကုသမႈခံယူေနရတယ္လို႔ သူ႔ရဲ႕ေရွ႕ေနက ေျပာပါတယ္။

သ႐ုပ္ေဆာင္ ဒါ႐ိုက္တာ လူမင္းလည္း အလုပ္ႏွင့္ ေထာင္ဒဏ္ (၃) ႏွစ္ ခ်မွတ္ခံရတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္