ဗဟုသုတ

“သင်ဖုန်းကိုင်တဲ့ပုံစံက ဖော်ပြနေတဲ့ သင့်ရဲ့အကျင့်စရိုက်များ❤”

▪️𝗔

(လက်တစ်ဖက်တည်းဖြင့် ကိုင်ပြီး လက်မဖြင့်နှိပ်သူ)

ခန့်မှန်းရခက်ပါတယ်။ အာရုံခံစားမှုအား ကောင်းပါတယ်။ ပြိုင်ဖက်ကင်း sexy ကျပါတယ်။ အမှတ်သညာ ကြီးပါတယ်။ မိမိကြိုက်နှစ်သက်ရာကို စွန့်လွှတ်ဖို့ ခက်ခဲပါတယ်။ လျှို့ဝှက်တတ်ပါတယ်။ အလုပ်အလွန် ကြိုးစားပါတယ်။ အလုပ်ကို လေးစားတတ်ပါတယ်။ အိုင်ဒီယာ ကောင်းပါတယ်။ ချက်ဆိုနားခွက်က မီးတောက်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း များပါတယ်။ တီထွင်ဆန်းသစ်မှု ကောင်းပါတယ်။ ညှို့ဓာတ်ပြင်းပါတယ်။

အတွင်းစိတ်

သင်ဟာ အမှန်တကယ်ဆိုရင် အလွယ်တကူ လိုက်လျောတတ်သူတစ်ယောက် မဟုတ်ပါဘူး။ ဘယ်သူက သင့်အပေါ် အမှန်တကယ်ကောင်းတယ် မကောင်းဘူးဆိုတာ အသေအချာသိပါတယ်။ ကောင်းမွန်စွာ ထိန်းချုပ်တတ်ပြီး အချစ်နှင့်အမုန်း သေသေချာချာ ကွဲကွဲပြားပြား သိသူပါ။ အခြားသူက သင့်အပေါ်မှာ တရားလွန်မလုပ်ရင် သင်ဘက်က အမောက်ထောင်ပြမှာ မဟုတ်ပါဘူး။ တစ်ခါတရံမှာ တစ်ပါးသူအပေါ် အမှီပြုချင်ရင်လည်း သင့်ဘက်ကနေ ဟန်ဆောင်နေမှာလည်း မဟုတ်ပါဘူး။ တစ်ခါတစ်လေ နှုတ်မြန်တတ်ပြီး စိတ်ထဲမှာမပါပဲ ပြောလိုက်မိတတ်ပါတယ်။ သင့်စိတ်ထဲမှာ ကမ္ဘာကြီးကို ငြိမ်းချမ်းစေလိုပြီး လူတွေကိုလည်း စိတ်ချမ်းမြေ့စေလိုပါတယ်။

အချစ်စိတ်

သင်အခြားလူအပေါ် ယုံကြည်မိပြီဆိုရင် အဲ့ဒီလူအပေါ်ကို အပြစ်မမြင်တတ်ပါဘူး။ သင့်ကိုယ်သင်လည်း အရမ်းကို ကာကွယ်တတ်တဲ့သူပါ။ တစ်ခါခံစားရဖူးပါက နောက်တစ်ကြိမ်ဒီလို ထပ်ဖြစ်မှာကို မလိုလားသလို မဖြစ်အောင်လည်း ကြိုတင်ကာကွယ်လေ့ ရှိပါတယ်။ နောက်တစ်ကြိမ် ယုံကြည်ဖို့လည်း ခက်ခဲသွားပါတယ်။ အချစ်ကိုတန်ဖိုးထားပြီး မိမိချစ်တဲ့သူအတွက် တစ်သက်လုံး အနစ်နာခံ ချစ်တတ်ပါတယ်။

▪️𝗕

(ဘယ်ဘက်လက်မှ ဖုန်းကိုကိုင်ထားပြီး ညာဘက်လက်မှ လက်မဖြင့် အသုံးပြုသူ)

ခံစားမှုပြင်းထန်သူဖြစ်ပါတယ်။ စိတ်ကူးယဉ်တတ်သူတစ်ဦး ဖြစ်ပါတယ်။ အာရုံခံစားမှုအား ကောင်းပါတယ်။ အခြားသူများကို ကူညီတတ်ပါတယ်။ လုံခြုံမှု အားနည်းပါတယ်။ ကိုယ်ချင်းစာစိတ် အလွန်ကြီးပါတယ်။ လှိုက်လှိုက်လှဲလှဲ ရှိပါတယ်။ အသေးစိတ် လေ့လာမှု အားနည်းပါတယ်။ စိတ်လောသူတစ်ဦးလည်း ဖြစ်ပါတယ်။ အတွေ့အကြုံ ကြွယ်၀ပါတယ်။ သိလိုစိတ်အား ကြီးပါတယ်။ စွန့်စားရတာကိုနှစ်သက်ပါတယ်။ ကလေးဆန်ပါတယ်။ ကိုယ်ကိုယ်ကို ယုံကြည်မှုအား ကြီးပါတယ်။

အတွင်းစိတ်

ကာကွယ်ခံရတာကိုနှစ်သက်ပါတယ်။ ကိုယ့်အပေါ် စိတ်ရင်းမှန်နဲ့ ဆက်ဆံသူကို လိုချင်တတ်ပါတယ်။ တစ်ခါတစ်လေမှာ သင်ကသိပ်ကို သဘောကောင်းလွန်းအားကြီးလို့ အခြားသူများရဲ့ အသုံးချမှုကို ခံရတတ်ပါတယ်။ ဒါပေမယ့် အချစ် နဲ့ အမုန်းကိုတော့ သေချာခွဲခြားသိပြီး ခံစားချက်အတိုင်း တုန့်ပြန်တတ်ပါတယ်။

အချစ်စိတ်

သင်ကစိတ်ထဲမှာ ရှိတဲ့အတိုင်း ထုတ်ဖော်မှုအပိုင်းမှာ အားနည်းတတ်ပါတယ်။ စိတ်ထဲမှာ ကြိုက်နှစ်သက်သော်လည်း အခြားသူက မိမိကြိုက်နှစ်သက်နေတယ် ဆိုတာကို ခံစားလို့မရနိုင် ဖြစ်တတ်ပါတယ်။ သင်က မရိုးမသား လုပ်တာ မဟုတ်သော်လည်း တကယ်ဖော်ပြနိုင်စွမ်းကတော့ အားနည်းတယ်လို့ပဲ ဆိုပါရစေ။ တစ်ခါတစ်ရံ စိတ်အတွင်း ခံစားချက်ကို ထုတ်ဖော်လေ့ မရှိပဲ သိမ်းထားတတ်ပါတယ်။ ဒေါသ မရှိတာတော့မဟုတ်ပဲ အချစ်ကြောင့် မိမိစိတ်ကို ချိုးနှိမ်ထားတတ်ပါတယ်။ သင်က အခြားသူ အပေါ်မှာ ကောင်းတာ အကျင့်ဖြစ်နေတော့ တကိုယ်ကောင်းဆန်တယ်ဆိုတာ ဘာလဲဆိုတာတောင် မေ့နေသူပါ။

▪️𝗖

(လက်နှစ်ဖက်ဖြင့် ဖုန်းကိုင်ပြီး လက်မဖြင့်ဖုန်းကို အသုံးပြုသူ)

တီထွင်မှုစွမ်းအားကြီးမားပါတယ်။ စွဲဆောင်မှုကောင်းပြီး အပေါင်းအသင်းများပါတယ်။ သဘောထားကြီးပါတယ်။ သင်ယူတာလည်း မြန်ဆန်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းဟာလည်း သူ့ရဲ့တစ်ခုတည်းသော စန်းလို့လည်း ပြောနိုင်ပါတယ်။ မာနကြီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အလုပ်အပေါ်တန်ဖိုးထားပြီး အလုပ်ကိုသေချုာ ဇောက်ချလုပ်တတ်ပါတယ်။ ဘ၀ရည်မှန်းချက် ကြီးသူတစ်ဦးလည်း ဖြစ်ပါတယ်။

အတွင်းစိတ်

အတွင်းစိတ်က အရမ်းကိုပျော့ညံ့ပါတယ်။ တစ်ခါတစ်ရံ လုပ်ချင်သော်လည်း စိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။ ရည်မှန်းချက် ကြီးမားသော်လည်း ကျရှုံးမှာကို အလွန်စိုးရိမ်သူပါ။ ဘေးနားမှာ နားလည်တတ်ပြီး အားပေးမည့် သူတစ်ယောက် အမြဲလိုအပ်ပါတယ်။ သင်လိုချင်တာက အမှန်တကယ်ဆိုရင် အများကြီး မဟုတ်ပါဘူး။ သင့်ကို နားလည်ပေးမယ့်သူတစ်ယောက် ရှိနေချင်တာပါ။ အမှန်တကယ်က မိမိကိုနားလည်ပေးပြီး မိမိလုပ်ချင်တာကို အားပေးမယ့်သူတစ်ယောက်ရှိရင် သင့်ဘ၀ကပြည့်စုံပါပြီ။

အချစ်စိတ်

အစဉ်းစားလွန်တတ်ပါတယ်။ အရင်ကဇာတ်လမ်းလိုမျိုး ပြန်လည် ခံစားရမှာမျိုးကို ကြောက်ရွံတတ်ပါတယ်။ကိုယ့်ကို ဂရုစိုက်မယ့်သူ ရှိတာတောင် တစ်ခါတစ်ရံမှာ တွေဝေနေတတ်ပါတယ်။ အရမ်းချစ်တတ်တဲ့အတွက်လည်း ချစ်သူမုန်းတီးသွားမှာကို အင်မတန် စိုးရိမ်တတ်သူတွေပါ။ ဒါကြောင့် ချစ်သူတွေ အနိုင်ကျင့်တာ ခံရတတ်ပြီး မိမိကတော့ ဘာမှမဖြစ်သလို ဟန်ဆောင်နေတတ်ပါတယ်။ တစ်ယောက်တည်း နေရမှာကို ကြောက်တဲ့အတွက် ကိုယ့်ဘက်ကတော့ အမြဲအလျော့ပေးနေရတယ်လို့ပဲ ဆိုချင်ပါတယ်။

▪️𝗗

(ဖုန်းကိုလက်တစ်ဖက်က ကိုင်ထားပြီး အခြားတစ်ဖက်က လက်ညှိုးကိုအသုံးပြုကာ ဖုန်းသုံးတတ်သူ)

ဥာဏ်ထက်မြက်ပါတယ်။ တီထွင်လိုစိတ်ကြီးမားပါတယ်။ ခံစားချက်အတိုင်း ဖော်ပြတတ်ပါတယ်။ စကားကြွယ်၀သူ တစ်ဦးလည်းဖြစ်ပါတယ်။ တုန့်ပြန်မှုမြန်ဆန်ပါတယ်။ အလှအပနှင့် အနုပညာအပေါ် စိတ်၀င်စားသူလည်း ဖြစ်ပါတယ်။ အခြားသူများကို နားလည်တတ်ပြီး တစ်ခါတစ်ရံ အခြားသူများ၏ ခံစားချက်ကို ဂရုစိုက်လွန်းတတ်ပါတယ်။

အတွင်းစိတ်

သင်ဟာတစ်ခါတစ်ရံမှာ တိတ်တဆိတ် နေတတ်ပါတယ်။ ဒါဟာအမှန်ဆို သင့်ရဲ့နွေးထွေးသော အပြုအမူတစ်ခုပါ။ အခြားသူများ ကိုယ့်အတွက် ဒဏ်ရာရမှာ စိုးတဲ့အတွက် ကိုယ်ပဲအနစ်နာခံလိုက်တဲ့ သဘောပါ။ သင့်ကိုကြည့်ရတာ နားလည်ရခက်ခဲမယ်လို့ ထင်ရသော်လည်း သင်က အမှန်တကယ်ဆို နားလည်ရခက်တဲ့လူ တစ်ဦးတော့ မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာ တုန့်ပြန်မှု မြန်လွန်းတာကြောင့် အခြားသူများကိုတော့ စိတ်ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ သင့်အိပ်မက်ကတော့ သင့်ကို နားလည်ပေးမယ့်သူတစ်ဦး ရှိနေဖို့အတွက်ပါပဲ။

အချစ်စိတ်

သင်က ငြိမ်သက်တဲ့အချစ် အေးချမ်းတဲ့အချစ်ကိုပဲလိုချင်သူ တစ်ဦးဖြစ်ပါတယ်။ သွားနေကျ နေရာတစ်ခုဟာ သင့်အတွက်တော့ စိတ်ပျော်ရွှင်မှု ပေးနိုင်တဲ့ အကောင်းဆုံးနေရာပါပဲ။ သင့်ရဲ့ အားနည်းချက်ကတော့ စိတ်ပျော့တာပဲ ဖြစ်ပါတယ်။ ကိုယ့်ကို ဘယ်လောက်ထိ ထိခိုက်စော်ကားခဲ့သူ ဖြစ်ပါစေ သူ့ဘက်က ခေါင်းလေးငုံ့ပြီး တောင်းပန်လိုက်ရင် ချက်ခြင်း ကျေအေးပေးတတ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေ ကိုယ့်သူငယ်ချင်းတွေ မျက်ရည်ကျတာကို လုံး၀မကြည့်ရက်တဲ့သူပါ။ သူတို့ကပဲ ကိုယ့်ကို မျက်ရည်နဲ့ အနိုင်ယူသွားမှာပါပဲ။

𝘾𝙧𝙚𝙙𝙞𝙩 𝙩𝙤 𝙊𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙐𝙥𝙡𝙤𝙖𝙙𝙚𝙧