News

“အင်တာပိုလ်က ချူဆွဲပေးထားတဲ့ ရဲချုပ်သန်းလှိုင် ခေါင်း ဆင်နင်းချိန်ရောက်တော့မယ် “

မိမိနိုင်ငံ၏ တရားဥပဒေများကိုသာမက နိုင်ငံတကာ တရားဥပဒေများကိုလည်း လေးစားလိုက်နာရမည်ဟု့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မကြာမကြာ ပြောလေ့ရှိသည်။

ဒီဇင်ဘာ ၂၅ တွင် မအလစောက်ကောင်စီရုံး၏ ညွှန့်ကြားချက်အရ ၂၀၁၀ကတည်းက တရားရေးမဏ္ဍိုင်ကြီးတွင် ဦးသန်းရွှေကိုယ်တိုင် ကြိုတင်နေရာချခဲ့သည့် ပြည်ထောင်စု့တရားသူကြီးချုပ် ထွန်းထွန်းဦးသည် တရားရေးဌာနမှ လူများ လိုက်နာရန်အတွက် ၂၇ ရက်နေ့တွင် လျို့ဝှက်စာထုတ်သည်။

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနားတရားရုံး ICJ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့် ဆင့်ခေါ်စာများကို လုံး၀ လက်ခံ‌ခြင်း မပြုရန် ဖြစ်သည်။

မကြာခင်က ပြည်ထဲရေး ဒုဝန်ကြီးတဖြစ်လဲ ရဲချုပ်သန်းလှိုင်သည် တူရကီနိုင်ငံတွင် ကျင်းပသော နိုင်ငံတကာ အင်တာပိုလ် အစည်းအဝေးသို့ တက်ရောက်ခါ ဆုတံဆိပ်များ လက်ခံရယူခဲ့သည်။ နိုင်ငံတကာ ရာဇဝတ် မူခင်းများအတွက် အင်တာပိုလ်အဖွဲ့ဝင် နိုင်ငံဖြစ်သည်နှင့်အညီ အင်တာပိုလ်အဖွဲ့ကြီးနှင့် ပူးပေါင်းလုပ်ဆောင်မည်ဟု့ ဝန်ခံကတိပေးခဲ့သည်။

ထိုကဲ့သို့ ရဲချုပ်သန်းလှိုင် အစည်းအဝေးတက်ရောက်မူ့ကို နိုင်ငံတကာမှ စောက်ကောင်စီအား တရားဝင်အစိုးရအဖြစ် လက်ခံသယောင်ယောင် စောက်ကောင်စီဘောမ မီဒီယာတို့မှတဆင့် နိုင်ငံရေးအရ ဆိုဒ်ဝါးထည့်ပြီး ဝါဒဖြန့်ခဲ့ကြသည်။ မအလကို ထောက်ခံသူ ကျပ်မပြည့်ဘောမများအကြားတွင်လည်း အကြီးအကျယ် ဂုဏ်ယူခဲ့သည်။

သို့သော် ယနေ့အချိန်တွင်တော့မအလနှင့် စောက်ကောင်စီတို့ သွေးလေ ခြောက်ခြားနေရပြီ။မြန့်မာတရားရေးသည်လည်း သန်းရွှေ၏တပည့် ထွန်းထွန်းဦးကြောင့် လမ်းဘေး ရောက်လေ၏။

မကြာခင် အင်တာပိုလ်ကတဆင့် တရားခံဖမ်းပေးရတော့မည့် သန်းလှိုင်သည်လည်း ခေါင်း ဆင်နင်းခံရသည့်ကိန်း ကျိန်းသေဆိုက်တော့ပါမည်။မအလထောက်ခံ ကျပ်မပြည့်များက အခု့မှ ဆုတံပေးခဲ့မူ့အား သဘောပေါက်ပြီး အင်တာပိုလ်အဖွဲ့ကြီးကို ဝိုင်းဆဲနေကြပေတော့သည်။

ကောင်းလေစွတကားး

ချစ်ကိုကြီး

၂၉.၁၂.၂၁