News

“လက်နက်အင်အား မမျှတခြင်းကြောင့် YDF တပ်ရင်းစခန်းတစ်ခု ဝင်ရောက်စီးနင်းခံရ၍ သိန်းရာချီဆုံးရှုံးခဲ့ရ”

ဒီဇင်ဘာ ၂၉၊ PDF Newsflash

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YDF ​၏ တပ်ရင်းတစ်ခုအား ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး YDF တပ်သားများသည် စခန်းမှ ပြန်လည်ပစ်ခတ်ရင်း လက်နက်အင်အားမမျှသောကြောင့် စခန်းမှ စွန့်ခွာခဲ့ရကြောင်းသိရသည်။

အကြမ်းဖက်စစ်ကောင်စီမှ အဆိုပါ YDF တပ်ရင်းစခန်းရှိ ပစ္စည်းများအားလုံးကို ဖျက်ဆီးခဲ့ခြင်းကြောင့် သိန်းရာချီတန်ဖိုးရှိသော ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း YDF ကထုတ်ပြန်သည်။

YDF တပ်ဖွဲ့အနေဖြင့် အကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ရာ၌ ခွန်အား၊ ညဏအားများ ပေါင်းစပ်၍ လက်လုပ်တူမီး၊ လက်လုပ်ခေါက်ချိုး၊ လက်လုပ်လောင်ချာ၊ လက်လုပ်မိုင်းများဖြင့်သာ လက်ရှိအချိန်ထိ အသက်ကိုပဓာနမထားဘဲ ပြည်သူကို ကာကွယ်စောင့်ရှောက်နေပြီး ယောဒေသတွင် YDF နှင့် အကြမ်းစစ်ကောင်စီတပ်များ မကြာခဏတိုက်ပွဲများဖြစ်နေသော်လည်း မောင်းပြန်လက်နက်များ ရရှိခြင်း မရှိသေးသောကြောင့် YDF ရဲဘော်များ မဆုံးရှုံးသင့်ပဲ အသက်ဆုံးရှုံးမှုများ ရှိနေကြောင်းသိရသည်။

YDF တပ်ဖွဲ့ဝင်များ သည် အကြမ်းဖက်စစ်ကောင်စီတပ်သား အယောက်(၅၀၀)ကျော်ထိ ရှင်းလင်းသုတ်သင်ထားနိုင်သော်လည်း လက်နက်အင်အား မလုံလောက်မှုကြောင့် ရေရှည်တွင် အမှန်တစ်ကယ် ထိတွေ့တိုက်ပွဲဝင်နေရသော YDF ရဲဘော်များ စိတ်ဓာတ်ကျဆင်းလာပြီး တော်လှန်ရေးကို အကြီးအကျယ်ထိခိုက်လာနိုင်ကြောင်း YDF မှစိတ်မကောင်းစွာဖြင့် ထုတ်ပြန်သည်။

#PDFNewsflash