ကျန်းမာရေး

“နေ့စဉ်စားသုံးနေကြတဲ့ ထမင်းထဲက အဆိပ်တွေကို ဘယ်လိုဖယ်ရှားကြရမလဲ…..?”

နယ်ဘက်ကို ခရီးထွက်တော့ လမ်းမှာလယ်ကွင်းတွေ စိမ်းလန်းစိုပြည်နေတာကိုတွေ့ရပါတယ်။လှလိုက်တာဗျာ၊မျက်စိကို အေးနေတာပဲ။ မျက်စိကောင်းဖို့အတွက် အစိမ်းရောင်လယ်ကွင်းကို မျက်စိတစ်ဆုံးကြည့်ပေးရတာမို့ မကြာခဏ သွားကြည့်ဖြစ်တယ်။လယ်ကွင်းကို ဖြတ်တိုက်တဲ့လေကိုလည်းရှူ ချင်တာပါတယ်။ရောက်ရင် တော်တော်နဲ့ မပြန်ချင်တော့ဘူး။ရန်ကုန်မှာ အဲဒီအရသာ မခံစားရဘူးလေ။

အရင်တုန်းက ကျနော် တန်ဖိုးထားခဲ့တဲ့ စပါးခင်းတွေကို အခုကျနော်ကြောက်လာပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီစပါးခင်းတွေက ကျနော်တို့ကိုရောဂါတွေပေးပြီး မြန်မြန်သေအောင်လုပ်နေတာကို သိသွားလို့ပါပဲ။ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်နဲ့ လောဘကြီးစိုးလာတဲ့ခေတ်မှာ ဆန်အထွက်နှုန်းကောင်းအောင်ပေါင်းသတ်ဆေး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေ တရားလွန်သုံးပြီး GMO နည်းစနစ်နဲ့စိုက်ပျိုးလာကြတဲ့အခါမှာ ဆန်တွေထဲမှာလူတွေနဲ့ မသင့်တဲ့ အဆိပ်တွေ အမျိုးစုံပါလာပါတယ်။

အခုဗျာ အနယ်နယ်အရပ်ရပ်မှာလေ့လာကြည့်ပါ၊ ကျောက်ကပ်ပျက်စီးတဲ့သူတွေ၊ အသည်းပျက်စီးတဲ့သူတွေ၊ ဦးနှောက်နဲ့အာရုံကြောရောဂါတွေ၊ ဆီးချိုရောဂါတွေ၊နှလုံးရောဂါတွေ စသည်ဖြင့် ရောဂါပေါင်းစုံဖြစ်နေကြတာ အများကြီးပဲ။မကျန်းမာတဲ့မိခင်က မွေးလိုက်တဲ့အော်တစင်ကလေးတွေလည်း များလာတယ်။ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံပေါင်း ၁၉၀ ရှိတဲ့အထဲမှာ မြန်မာနိုင်ငံရဲ့ကျန်းမာရေးအဆင့်က ၁၉၀ ဆိုတော့ကမ်းကုန်သွားပါပြီ။

မြန်မာဆိုတာက ဆန်ကို အဓိကစားတဲ့လူမျိူး။ဘအဲဒီဆန်ထဲမှာ အဆိပ်တွေအများကြီး ပါနေပြီဆိုတော့ သွားပြီပေါ့ဗျာ။ ကင်ဆာအဖြစ်ဆုံး နိုင်ငံအဖြစ်လည်း ဗိုလ်စွဲထားပါတယ်။နိုင်ငံခြားကလူတွေ မြန်မာ့ဆန်ကိုဝယ်မယ်ဆိုပြီး ဓာတ်ခွဲကြည့်တော့ ဂလူတင်တွေ၊ အာဆင်းနစ်တွေ၊ ပေါင်းသတ်ဆေးကြွင်းတွေ၊ ဓာတ်မြေသြဇာဆေးကြွင်းတွေနဲ့ ပိုးသတ်ဆေးကြွင်းတွေတွေ့တယ်လို့ဆိုပါတယ်။ ဂလူတင်အကြောင်းတော့အရင်အပတ်ကပြောပြီးပြီဆိုတော့ကျန်တဲ့အဆိပ်တွေအကြောင်းကိုဆက်ပြောပြပါမယ်။

အာဆင်းနစ်ဆိုတာ မြန်မာလိုတော့စိန်အဆိပ် ဖြစ်ပါတယ်။အာဆင်းနစ်ကဦးနှောက်နဲ့အာရုံကြောတွေကိုတဖြည်းဖြည်းဖျက်ဆီးတယ်။အခုလည်း အသက်ကြီးပိုင်းတွေမှာကတုန်ကယင်ဖြစ်နေကြတာ အများကြီးတွေ့ရတယ်။ ဒါကြောင့်ဆန်ထဲကအာဆင်းနစ်တွေကို ဖယ်ရှားပြီးမှ ချက်စားဖို့လိုပါတယ်။ ဝမ်းသာစရာကတော့အာဆင်းနစ်ဟာ ရေမှာ ပျော်ဝင်တယ်ဆိုတာပဲ ဖြစ်တယ်။

ဆန်ထဲက အာဆင်းနစ်ကို ထုတ်ဖို့အတွက်က ရိုးရိုးလေးပါပဲ။ ဆန်ကိုရေကြာကြာစိမ်ပြီး သေချာဆေးပေးရမယ်။ မနက်ချက်မယ့်ဆန်ကို ညကတည်းက စိမ်တာအကောင်းဆုံးပဲ။ရေများများနဲ့ စိမ်ဖို့တော့လိုတယ်။ ဒါဆိုရင်တော့ ထမင်းထဲမှာ အာဆင်းနစ်တွေမပါသလောက် လျော့သွားပြီဖြစ်ပါတယ်။ အကြွင်းအကျန်ရှိနေတတ်တဲ့ အာဆင်းနစ်တွေကိုတော့ ရေများများသောက်ပြီးဆီးလမ်းကြောင်းက နေစွန့်ထုတ်ဖို့လိုတယ်။ သစ်သီးစိမ်ရည် Detox water သောက်နိုင်ရင် ပိုပြီးကောင်းပါတယ်။ နောက်တစ်ပတ်မှာတော့ပေါင်းသတ်ဆေးကြွင်း၊ ဓာတ်မြေသြဇာဆေးကြွင်း၊ ပိုးသတ်ဆေးကြွင်းတွေကိုဘယ်လို ထုတ်ဖယ်ပစ်ရမယ်ဆိုတာ ဆက်ပြီးပြောပြပါဦးမယ်။မိတ်သင်္ဂဟများအားလုံးကျန်းမာရွှင်လန်းကြပါစေ…….

ချစ်ခင်လေးစားလျှက်…….⛳️

စာအုပ် – တစ်မျိုးသားလုံးကျန်းမာဖို့

သဘာဝဖြင့်ကယ်တင်ခြင်း

ရေးသူ – မင်းကျော်ဝင်း

sharing is caring