ဗဟုသုတ

၂မိုင်လောက်ကွာဝေးတဲ့ သခင်ရဲ့ သင်္ချိုင်းဂူကို နေ့စဉ်နေတိုင်း လာ‌ရောက်လည်ခဲ့တဲ့ ခွေးကလေး

၂မိုင်လောက်ကွာဝေးတဲ့ သခင်ရဲ့ သင်္ချိုင်းဂူကို နေ့စဉ်နေတိုင်း လာ‌ရောက်လည်ခဲ့တဲ့ ခွေးကလေး

ဖူလင်း လို့ ခေါ်တဲ့ ခွေးကလေးဟာ Sara Sechi ရဲ့ ဖခင် လီယိုနာဒိုနဲ့အတူ သူ့ရဲ့ဘဝကို မျှဝေခဲ့ပါတယ်။ ဖူလင်း နဲ့ လီယိုနာဒိုတို့ သူငယ်ချင်းကောင်းနှစ်ယောက်ဟာ အီတလီရဲ့ ကျေးလက်ဒေသမှာ နေထိုင်ကြပြီး တစ်ယောက် နဲ့ တစ်ယောက် အပြန်အလှန် ပျော်ရွှင်မှုတွေ ပေးစွမ်းခဲ့ပါတယ် ။ ”သူတို့တွေက အရမ်းချစ်ခင်ကြပြီး အမြဲတမ်းအတူဆော့ကစားကြတယ်” လို့ Sechi က Dodoမှာ ပြောကြားခဲ့ပါတယ်။

ဝမ်းနည်းစရာကောင်းတာက ဖူလင်း နဲ့ လီယိုနာဒို တို့ရဲ့အချိန်က မကြာသေးခင်ကဘဲ အဆုံးသတ်ရောက်လာခဲ့ပါတယ်။သို့ပေမဲ့လည်းသူတို့ရဲ့ချစ်ချင်း‌မေတ္တာဟာ ဆက်လက်တည်ရှိနေပါတယ်။ပြီးခဲ့တဲ့လမှာ လီယိုနာဒို ဟာ နာမကျန်းမှုနဲ့ အသက်သေဆုံးခဲ့ပါတယ်။လီယိုနာဒို ဆေးရုံးတက်နေတဲ့အတောအတွင်းမှာ သူ့ရဲ့မိသားစုတွေက ဖူလင်းကို ကြည့်ရှုစောင့်ရှောက်ခဲ့ပါတယ်။

”ကားတစ်စီးချဉ်းကပ်လာတိုင်း ဖူလင်းက ငါ့အဖေကားလို့ထင်ပြီး တံခါးဝကို အမြဲပြေးသွားခဲ့တယ်”လို့ Sechi ကပြောခဲ့ပါတယ်။ဖူလင်းခွေးလေးအနားကို လီယိုနာဒိုထွက်ခွာပြီးတဲ့နောက် ခွေးကလေးက သူငယ်ချင်းတွေထပ်မရှာတော့ပါဘူး။လီယိုနာဒိုရဲ့ ဈာပနာအခမ်းအနားအပြီးမှာ Sechi ကသူမရဲ့သားနဲ့အတူ သင်္ချိုင်းကို ပန်းသွားပို့ခဲ့ပါတယ်။သူတို့ရောက်တဲ့အချိန်မှာ ဖူလင်းခွေးကလေး ရောက်ရှိနေတာကို တွေ့တော့ အံ့သြသွားခဲ့ရပါတယ်။

မယုံနိုင်စရာကောင်းလောက်အောင် ဖူလင်းဟာလီယိုနာဒိုဂူဆီကိုကျေးလက်ဒေသမှ၂မိုင်နီးပါးလောက်လမ်းလျှောက်လာခဲ့ပါတယ်။ဖူလင်းဟာ တစ်ပတ်လောက် မတွေ့ရတဲ့ လီယိုနာဒို ဟာ အခုဒီမှာရောက်နေတာကို နားလည်းပုံရပါတယ်။”သင်္ချိုင်းဂူနားမှာ ဖူးလင်းကို တွေလိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။သူ့ကို အသုဘမှာလည်းမတွေ့ဘူး။

သူကိုဘယ်မှာရှာရမယ်ဆိုတာလည်း ကျွန်မမသိခဲ့ဘူး” လို့ Sechi ကပြောခဲ့ပါတယ်။သို့ပေမဲ့လည်း ဖူလင်းကို လီယိုနာဒိုရဲ့ ဂူနားမှာ တွေ့ရှိခဲ့ပါတယ်။နောက်နေ့တွေလည်း အိမ်နီးချင်းတွေက ဖူလင်းခွေးကလေးဟာ သူ့ရဲ့ မိတ်ဆွေဆီ သွားလည်နေတာကို တွေ့မြင်ခဲ့ပါတယ်။”ဖူလင်းကနေ့တိုင်း အဲ့ဒီ သင်္ချိုင်းဆီကို သွားတာထင်တယ်” လို့ Sechi က ပြောပါတယ်။

အဲ့ဒီလိုနဲ့ Sechi ဟာ ဖူလင်းကို သူမနဲ့ အတူ‌နေထိုင်ရန် အတူတကွ ဝမ်းနည်းပူဆွေးရန် နဲ့ မိသားစုတစ်စုအနေဖြင့် ပျော်ရွှင်ဖွယ်အမှတ်တရများ ဖန်တီးရန် ဘဝသစ်ကို ပြောင်းရွှေ့လိုက်ပါတယ်။