ဗဟုသုတ

Online ပေါ်ကနေ ကြိုးမဲ့နားကြပ်ကို မှာယူခဲ့ပေမဲ့လည်း ဆင်တွေအသုံးပြုလို့ရလောက်တဲ့အထိ ဧရာမနားကြပ်ဖြစ်နေခဲ့

Online ပေါ်ကနေ ကြိုးမဲ့နားကြပ်ကို မှာယူခဲ့ပေမဲ့လည်း ဆင်တွေအသုံးပြုလို့ရလောက်တဲ့အထိ ဧရာမနားကြပ်ဖြစ်နေခဲ့

ကျွန်တော်တို့အများစုက အွန်လိုင်း စတိုးတစ်ခုမှာ ဆွဲဆောင်မှုရှိတဲ့ကုန်ပစ္စည်းရုပ်ပုံများကို ဝယ်ယူခြင်းဖြင့် လှည့်စားခံခဲ့ဖူးပါတယ်။ မလေးရှားအမျိုးသမီးတစ်ဦးဟာ Shopee ရောင်းချသူထံမှ နားကြပ်တစ်စုံကို မှာယူတဲ့အခါ ၎င်းရဲ့အရွယ်အစားဟာ အသုံးမပြုနိုင်အောင် အလွန်ကြီးမားတဲ့နားကြပ်တစ်ခု ရရှိခဲ့ပါတယ်။

၎င်းအမျိုးသမီးက Facebook စာမျက်နှာတစ်ခုမှာ အလွန်ကြီးမားတဲ့နားကြပ်ရဲ့ ဓာတ်ပုံကို မျှဝေခဲ့ပါတယ်။ ၎င်း အမျိုးသမီးက “ဒီဟာက ဆင်တွေအတွက် လုပ်ထားဒါလား” ဆိုပြီး Caption ပေးခဲ့ပါတယ်။ အခြားသော Netizen တွေက ၎င်းကို နှိပ်နယ်ခြင်းအတွက် အသုံးပြုရန် အကြံပြုခဲ့ပါတယ်။

Netizen တွေက များစွာသော အကြံဉာဏ်တွေပေးလာသော်လည်း ကိုယ်မျှော်မှန်ထားတဲ့အတိုင်း မရရှိခဲ့တဲ့အတွက် သူမဝမ်းနည်းနေခဲ့ရပါတယ်။