ဗဟုသုတ

ဘဏ်နဲ့ ကညန ကြားမှာ ရတက်မအေး ဖြစ်နေရတဲ့ ကားအရစ်ကျဝယ်ထားသူများရဲ့ အဖြစ်

ဘဏ်နဲ့ ကညန ကြားမှာ ရတက်မအေး ဖြစ်နေရတဲ့ ကားအရစ်ကျဝယ်ထားသူများရဲ့ အဖြစ်

ကားအရစ်ကျပြီးလို့ ကားစာအုပ်တောင်လက်ထဲရောက်တာတနှစ်ပြည့်တော့မယ်။

အခုလိုင်စင်ဝင်တော့ အင်းစိန်လိုင်စင်ရုံးကပြောပါတယ်။ ဘဏ်က လိုင်စင်သက်တမ်းတိုးခွင့်ကို ပိတ်ထားပေးပါဆိုတဲ့ စာဝင်ထားပါသတဲ့ဗျာ။

စာဝင်ထားတာ ဘယ်လောက်ကြာနေလဲတော့ မသိဘူး ဘဏ်ဆိုတဲ့အမျိုးကလဲ ပိတ်ချင်တုန်းကသာပိတ်တာ အရစ်ကျအပြီးချေပြီးပေမယ့် ကညနကိုအကြောင်းမပြန်ကြားကြဘူးနော်။

အရစ်ကျချေပြီး အခုမှလိုင်စင်ဝင်မယ့်သူများ ဘဏ်ကိုမေးကြပါ။ ကညနမှာ ပိတ်ထားသလားဆိုတာ သေချာမေးဖို့ လိုပါလိမ့်မယ်။

တလမှ ငွေသွင်း နောက်မကျခဲ့ဖူးဘူး။ တလမှ လှမ်းတောင်းတာ မခံရအောင် ကြိုသွင်းပေးခဲ့တာပဲ။

ကိုယ့်ဖက်က မပျက်ကွက်သလို ဘဏ်တွေဘက်ကလည်း ကိုယ့်တာဝန်ကိုယ်ယူသင့်ပါတယ်ဗျာ။

တခြား လိုင်စင်ဝင်မယ့်သူများ သတိထားရအောင် ပို့စ်တင်ပေးတာပါ

Crd









Crd