ဗဟုသုတ

ခန္ဓာကိုယ်ရဲ့အနံ့အသက်ဆိုးတွေကို အချိန်တိုအတွင်းပျောက်ကင်းစေနိုင်မယ့် သဘာဝပစ္စည်းများ

မင်္ဂလာပါ။ ရေဓာတ်အလွန်အကျွံ ဆုံးရှုံးသည့်အခါဒါမှမဟုတ် ချွေးအလွန်အကျွံထွက်သည့်အခါတွေက လူအများကြားထဲရောက်တဲ့အခါ အရှက်ရစရာဖြစ်စေပါတယ်။

ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့်ကော်ဖီတို့ကိုစားသုံးခြင်းဟာချွေးပိုထွက်စေပြီးချွေးနံ့ကိုလည်းပိုပြီးစူးရှစေပါတယ်။ဒါပေမယ့်လည်းအချို့ပစ္စည်းတွေကတော့ ချွေးထွက်တာကိုသက်သာစေနိုင်ပြီး ကိုယ်နံ့ဆိုးရွားခြင်းကိုလည်း သက်သာစေပါတယ်။

ဘယ်လိုသဘာဝပစ္စည်းတွေက ချွေးထွက်သက်သာစေမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။

(၁)အုန်းဆီ၊ အုန်းဆီတွေကခန္ဓာကိုယ်သင်းနံ့ကို မွှေးကြိုင်စေတဲ့ ထုတ်ကုန်တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်းခံရပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို လျော့ကျစေပြီး စူးရှတဲ့အနံ့ဆိုးတွေကို ဖျက်ဆီးပစ်ပါတယ်။ ရေချိုးပြီးတဲ့အခါအုန်းဆီကို ချိုင်းတစ်ဝိုက်မှာလိမ်းပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ထိရောက်စေပါတယ်။

(၂)သံပုယိုသီးနှင့် အခြားအချဉ်ဓာတ်ပါတဲ့ အသီးအနှံများ၊ အုန်းဆီလိုပဲသံပုယိုရည်ကလည်း ဘက်တီးရီးယားပေါက်ဖွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ခံတွင်းနံ့ကို ထိန်းချုပ်နိုင်ပါတယ်။ သံပုယိုရည်တစ်ခွက်ကို မနက်ခင်းမှာသောက်သုံးပေးနိုင်သလို သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ကာ ခြေဖနောင့်သို့မဟုတ် ချိုင်းတွေမှာပွတ်ပေးပြီး အခြောက်ခံကာရေချိုးလိုက်ပါ။

(၃)တမာစေ့များ၊ တမာစေ့တွေကဆေးဖက်ဝင် အမွှေးအကြိုင်တစ်ခုဖြစ်ပြီး ကိုယ်အနံ့အသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေကို အရှင်းဖယ်ရှားပစ်ကာ ချွေးထွက်တာကို လျော့ကျစေပါတယ်။

တမာစေ့မှရတဲ့အမှုန့်ကို ရေနဲ့ရောကာပျစ်အောင်လုပ်ပြီး ချိုင်းမှာလိမ်းကာ မိနစ်အနည်းငယ်လောက် ထားလိုက်ပါ။ ရေချိုးတဲ့အခါ ဆေးကြောပစ်လိုက်ပါ။ တစ်ပတ်လျှင်သုံးကြိမ်လုပ်ဆောင်ပေးပါက ရလဒ်ကောင်းတွေမြင်တွေ့ရမှာဖြစ်ပါတယ်။

(၄)နံနံပင်၊ နံနံပင်မှာရှိတဲ့သင်းရနံ့က ကိုယ်သင်းနံ့ကိုမွှေးကြိုင်စေကာ ခန္ဓာကိုယ်တွင်းကိုသန့်စင်ပစ်ပြီး ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့်နံနံပင်ကို အစားအသောက်တွေ စားသုံးတဲ့အခါမှာ ထည့်သွင်းကာစားသုံးနိုင်သလို အမြစ်တွေကိုအခြောက်ခံပြီး ရေနွေးကြမ်းအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။

(၅)ပူစီနံ၊ပူစီနံတွေမှာ အေးမြစေတဲ့အစွမ်းသတ္တိရှိတဲ့အတွက်ကြောင့် လတ်လတ်ဆတ်ဆတ်ဖြစ်ဖြစ်၊ အခြောက်ခံပြီးဖြစ်ဖြစ် စားသုံးပေးနိုင်သလို အဆီအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

(၆)သစ်ကြံပိုးခေါက်၊ သစ်ကြံပိုးခေါက်ကို အစားအစာတစ်ခုအနေနဲ့ ထည့်သွင်းစားသုံးပေးတတ်တဲ့ အကျင့်ကိုကြိုးစားပေးပါ။ ခံတွင်းမှအနံ့ဆိုးတွေကို ဖယ်ရှားနိုင်တဲ့အစွမ်းရှိပြီး နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အနံ့အသက်ကို ကောင်းမွန်လာစေကာ ချွေးအလွန်အကျွံထွက်ခြင်းကိုလည်း လျော့ကျစေပါတယ်။

(၇)လက်ဖက်စိမ်း၊ လက်ဖက်စိမ်းတွေမှာ သဘာဝအက်စစ်ဓာတ်ပါဝင်တာကြောင့် ချွေးထွက်လွန်ခြင်းကိုတိုက်ဖျက်ပေးကာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကိုလည်း ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် ရလဒ်ကောင်းတွေကို ရရှိစေကာ ကိုယ်အလေးချိန်လျော့ချလို သူများအတွက်လည်း အထူးကောင်းမွန်ပါတယ်။

Source to BrightSide

မင်္ဂလာပါ။ ရေဓာတ်အလွန်အကျွံ ဆုံးရှုံးသည့်အခါဒါမှမဟုတ် ချွေးအလွန်အကျွံထွက်သည့်အခါတွေက လူအများကြားထဲရောက်တဲ့အခါ အရှက်ရစရာဖြစ်စေပါတယ်။

ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် ကော်ဖီတို့ကိုစားသုံးခြင်းဟာ ချွေးပိုထွက်စေပြီး ချွေးနံ့ကိုလည်းပိုပြီးစူးရှစေပါတယ်။ ဒါပေမယ့်လည်းအချို့ပစ္စည်းတွေကတော့ ချွေးထွက်တာကိုသက်သာစေနိုင်ပြီး ကိုယ်နံ့ဆိုးရွားခြင်းကိုလည်း သက်သာစေပါတယ်။

ဘယ်လိုသဘာဝပစ္စည်းတွေက ချွေးထွက်သက်သာစေမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။

(၁)အုန်းဆီ၊ အုန်းဆီတွေက ခန္ဓာကိုယ်သင်းနံ့ကို မွှေးကြိုင်စေတဲ့ ထုတ်ကုန်တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်းခံရပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို လျော့ကျစေပြီ း စူးရှတဲ့အနံ့ဆိုးတွေကို ဖျက်ဆီးပစ်ပါတယ်။ ရေချိုးပြီးတဲ့အခါအုန်းဆီကို ချိုင်းတစ်ဝိုက်မှာလိမ်းပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ထိရောက်စေပါတယ်။

(၂)သံပုယိုသီးနှင့် အခြားအချဉ်ဓာတ်ပါတဲ့ အသီးအနှံများ၊ အုန်းဆီလိုပဲသံပုယိုရည်ကလည်း ဘက်တီးရီးယားပေါက်ဖွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ခံတွင်းနံ့ကို ထိန်းချုပ်နိုင်ပါတယ်။ သံပုယိုရည်တစ်ခွက်ကို မနက်ခင်းမှာသောက်သုံးပေးနိုင်သလို သံပုယိုသီးတစ်ခြမ်းကို အရည်ညှစ်ကာ ခြေဖနောင့်သို့မဟုတ် ချိုင်းတွေမှာပွတ်ပေးပြီး အခြောက်ခံကာရေချိုးလိုက်ပါ။

(၃)တမာစေ့များ၊ တမာစေ့တွေကဆေးဖက်ဝင် အမွှေးအကြိုင်တစ်ခုဖြစ်ပြီး ကိုယ်အနံ့အသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေကို အရှင်းဖယ်ရှားပစ်ကာ ချွေးထွက်တာကို လျော့ကျစေပါတယ်။

တမာစေ့မှရတဲ့အမှုန့်ကို ရေနဲ့ရောကာပျစ်အောင်လုပ်ပြီး ချိုင်းမှာလိမ်းကာ မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ရေချိုးတဲ့အခါ ဆေးကြောပစ်လိုက်ပါ။ တစ်ပတ်လျှင်သုံးကြိမ်လုပ်ဆောင်ပေးပါက ရလဒ်ကောင်းတွေမြင်တွေ့ရမှာဖြစ်ပါတယ်။