ဗဟုသုတ

ငွေတင်မက ဘွဲ့ဂုဏ်ပါ မရှိဘဲ သာသနာပြုနေသော ရဟန်းတော်လေးတစ်ပါး

ငွေတွင်မက ဘွဲ့ဂုဏ်ပါ မရှိဘဲသာသနာပြုနေသောရဟန်းတော်လေးတစ်ပါး ဘွဲ့ဂုဏ်ကို ရှေ့တန်းတင်နေသည့်လောကကြီး၌ ဘွဲ့ဂုဏ်မရှိလျှင်ဘယ်လိုသာသနာပြုလို့ရမလဲလို့ ညည်းတွားနေကြသော မျက်မှောက်ခေတ်ညီတော် နောင်တော်များအတွက် အတုယူကျင့်သုံးဖွယ်ကောင်းသည့် ရဟန်းတော်လေးအကြောင်းကိုမျှဝေတင်ပြခွင့်ပြုပါဘုရား။

ရဟန်းတော်လေး၏ ဘွဲ့တော်မှာ ဦးသီလ၊သက်တော်က(၃၀)ကျော်ပါ၊သူသည် အသက်(၂၀)အရွယ်၌ဒုလ္လဘမဲပေါက်၍ သာသနာဘောင်သို့ဝင်ရောက်ခဲ့သည်။ဝင်ရောက်ကာစ(၉)ရက်သာနေပြီး ကုသိုလ်ပါရမီဆည်းပူးရန် ရည်ရွယ်ခဲ့ပါသည်။သို့သော်ရဟန်းဖြစ်ပြီး(၂)ရက်ကျော်၌ပင်ဖားအောက်တောရဆရာတော်ကြီး၏ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားဒေသနာတော်ကျမ်းစာအုပ်ကို ဖတ်ရှု့မိရာမှ သံဝေဂကြီးမားစွာ ဖြစ်ပေါ်လာ၍ အသက်ထက်ဆုံး သာသနာတော်၌နေရန်ဆုံးဖြတ်ချက် ချခဲ့ပါသည်။

တက္ကသိုလ်ကျောင်းမပြီးဆုံးသေး၍ မိဘ၊မောင်နှမနှင့်သူငယ်ချင်းများက ကျောင်းပြီးမှ အမြဲဝတ်ရန်အမျိုးမျိုး တားမြစ်ပြောဆိုကြသော်လည်း သူ၏ယုံကြည်ချက်သဒ္ဓါတရားကို အနည်ငယ်လေးတောင် အားနည်းအောင်တစ်စုံတစ်ယောက်ကမျှ မလုပ်နိုင်ခဲ့ပါ။

သိကြားမင်းကြီးက လာရောက်ဖြားယောင်းပြောဆိုနားချရင်တောင်ရနိုင်လိမ့်မည် မဟုတ်ပါ။သူသည် ရဟန်းဖြစ်ရာ ကျောင်းတိုက်၌ (၂)လနီးပါးမျှဆရာသမားတို့၏ ဝတ်ကြီးဝတ်ငယ်များကို ဖြည့်ကျင့်လျက်ပရိတ်ကြီး(၁၁)သုတ်ကိုကျက်ခဲ့ပါသည်။အလွတ်ရပြီးနောက်ဖားအောက်တောရသို့တရားအားထုတ်ရန် ကြွရောက်ခဲ့ပါသည်။ ဝေးရပ်မြေခြားဖားအာက်တောရ၌ ရောက်ခါစ၌ ငွေမပြောနှင့်ကိုယ်ပိုင်သင်္ကန်း၊သပိတ်တောင်မရှိပါ။

ပါလာသမျှပစ္စည်းအားလုံးကို သံသယဖြစ်၍ စွန့်လိုက်ရသောကြောင့်ပါ။ထို့ကြောင့်ဖားအောက်တောရ၌ သပိတ်တစ်လုံးနှင့်သင်္ကန်း(၃)ထည်တို့ကိုငှား၍ သုံးခဲ့ရသည်။(၇)ရက်ခန့်ကြာသောအခါ၌သီတင်းသုံးဖော်နောင်တော်တစ်ပါးမှသူ့အားကြည်ညို၍သင်္ကန်းသုံးထည်နှင့်သပိတ်လှူပါသည်။ထိုအချိန်မှစ၍သာ သူ၏ ကိုယ်ပိုင်သပိတ် သင်္ကန်းလေးအဖြစ်အဓိဋ္ဌာန်တင်သုံးစွဲခွင့်ရ၍ တရားကို ကြိုးစားအားထုတ်ခဲ့သည်။

ဝါလကျွတ်သောအခါ၌ သီတင်းသုံးဖော်တစ်ဦးနှင့်အတူတောရကျောင်းများ၌ လှည့်လည်၍ တရားအားထုတ်ခဲ့ပါသည်။တရားအားထုတ်သောလည်း တရားထူးမရ၍ သူသည် ပရိယတ္တိစာပေသင်ကြားရန် ဆန္ဒဖြစ်လာပါသည်။ထို့ကြောင့် ဝိနည်းတော်နှင့်အညီ စာပေသင်ကြားခွင့်ရမည့် ဖားအောက်တောရကျောင်းသို့ ပြန်ရောက်လာပြီး ပရိယတ္တိစာပေများကို ကြိုးစား၍သင်ယူခဲ့ပါသည်။

ထို့နောက် မဟာမြိုင်ကျောင်း၊ သာသနာ့ဝန်ဆောင်နှင့် မဟာဝိဟာရကျောင်းများသို့ ကြွရောက်၍ စာပေများကို ကြိုးစားသင်ယူခဲ့ပါသည်။ သူသည် ပင်ကိုယ်ဉာဏ်ထက်မြက်၍ ဝီရိယကောင်းသောကြောင့် စာပေများကို အလွယ်တကူပင်သင်ယူနားလည်ခဲ့ပါသည်။ သီတင်းသုံးရာကျောင်းတိုက်တိုင်း၌ဝိနည်းတော်ကို အလေးဂရုပြုဖြည့်ကျင့်သောကြောင့်သီတင်းသုံးဖော်များ၏ အတုယူဖွယ် ရဟန်းတော်လေးတစ်ပါးဖြစ်ခဲ့ပါသည်။

မဟာဝိဟာရကျောင်းတိုက်၌ ဓုတင်သင်တန်း၊ သိမ်သင်တန်းအပါအဝင် ဝိနည်းစာဝါ၊ ရူပသိဒ္ဓိ အစရှိသော စာဝါများကိုလည်း (၂) နှစ်နီးပါးမျှ ပို့ချပေးရင်း ကျောင်းတိုက်အုပ်ချုပ်ရေးလုပ်ငန်းများ၌ ဝိုင်းဝန်းကူညီ၍ ပါရမီဖြည့်ခဲ့ပါသည်။ထိုကဲ့သို့သော စာသင်တိုက်၌ ဝိုင်းဝန်းကူညီ၍ ပါရမီဖြည့်ခဲ့သောလည်း သူသည် စာမေးပွဲဖြေဆိုမှု မရှိတော့၍ ဘာဂုဏ်ဘာဘွဲ့မှ မရရှိခဲ့ပါ။

ထို့နောက် ဇာတိချက်ကြွေမွေးရပ်မြေမြို့၏ မနီမဝေး၌မိဘများ လှူဒါန်းသော အိမ်ခြေ(၂၀) ကျော်သာရှိသောရေပတ်လည်ဝိုင်းနေသော ကျွန်းရွာလေး၌ စာသင်တိုက်လေးကိုတပည့် ကိုရင်(၄)ပါးနှင့် အတူ သက်တော်(၂၉) နှစ်ကျော်အရွယ်၌ ထူထောင်ခဲ့ပါသည်။ ပစ္စည်းလေးပါးထောက်ပံ့သူရှိမှသာ သနာပြုမယ်လို့ တစ်ခါမှ သူမစဉ်းစားဘူးခဲ့ပါ။

သူစဉ်းစားမိသည်က ကျောင်းတိုက်ထူထောင်တဲ့အခါဆွမ်းခံစားမည်၊ သစ်ပင်အောက်မှာ နေရင်း စာချပေးမည်၊တပည့်တွေကို ဝိနည်းဆောင်၊ဓုတင်ဆောင်ဖြစ်အောင်လုပ်၍ ဝိနည်းကျွမ်းကျင်အောင် သင်ပေးမည်၊လူတွေကို ဝိနည်းတရားဟောပေးမည်၊ သာသနာကိုသီလတရားဖြင့် အကောင်းဆုံး အလှဆင်နိုင်အောင်ကြိုးစားမည် စသည်ဖြင့်သာ စဉ်းစားခဲ့ဖူးလေသည်။

ငွေအသပြာ တစ်ကျပ်မရှိ၊ဘွဲ့ဂုဏ်မရှိ၊ ပစ္စည်းလေးပါးဒါယကာ၊ဒါယိကာမ တစ်ယောက်မျှမရှိဘဲ ရေလယ်ခေါင်ကျွန်းမြေပေါ်၌ စာသင်တိုက်လုပ်ရဲသည်မှာ သာမန်ယုံကြည်ချက်ကြောင့်တော့ မဟုတ်နိုင်ပါ။သူသည်တပည့်လေးများကို ရောင့်ရဲခြင်းတရားနှင့်ဝိနည်းကို အထူးဖြည့်ကျင့်စေ၍ စာပေများကို သင်ကြားပို့ချပါသည်။

ထိုသို့တပည့်လေးများဖြင့် နေထိုင်၍ ဝါဆိုချိန်ရောက်သောအခါ၌ရဟန်းသာမဏေ(၃၇)ပါးပင် ရှိလာသည်။ဒုတိယဝါ၌ကား(၆၇)ပါးဖြစ်လာခဲ့သည်။အလွန်ဆင်းရဲသော ကျွန်ရွာသေးသေးလေး၌ ရွှေငွေမရှိ၊ဘွဲ့ဂုဏ်မရှိ၊ပစ္စည်းလေးပါးအမာခံ ကျောင်းဒကာ မရှိဘဲသံဃား(၆၇)ပါးဖြင့် မည်ကဲ့သို့ရပ်တည်မည်နည်း။

ဦးသီလသည် မိမိတပည့်လေးများ ပစ္စည်းလေးပါးအတွက် ဘုရားရှင်အမွေပေးထားသော သပိတ်တော်ကိုသာအားထားခဲ့ပါသည်။မိမိတို့ကျွန်းရွာလေး၌ နေ့စဉ်ဆွမ်းခံခြင်းဖြင့်၎င်း၊ ကျွန်းရွာလေးမှ မိနစ်(၃၀) စက်လှေမောင်းရသောမြို့သို့ (၁၅)ရက်တကြိမ်ဆွမ်းခံစိမ်းကြွခြင်းဖြင့်၎င်း၊ဆွမ်းကိစ္စကို ဖြေရှင်းခဲ့ရသည်။သင်္ကန်းအတွက် တစ်စုံရလျှင်ပင် တစ်နှစ်လုံးဝတ်လို့ရသည့်အတွက် ကြောင့်ကြစိုက်စရာမရှိခဲ့ပါ။

အများအားဖြင့်ဖားအောက်တောရမှ သီတင်းသုံးဖော်များလှူဒါန်းသောသင်္ကန်း၊ဆပ်ပြာမှုန့်အစရှိသော ပစ္စည်းများဖြင့်ပင်ချွေတာ၍သုံးစွဲမျှတခဲ့ရသည်။ စာသင်သားလေးများအတွက်စာအုပ်စာတမ်းကို သူ၏ဆွေမျိုးများထံမှ၎င်း၊ဝိနည်းလေးစားသောသူ၏သီတင်းသုံးဖော်များထံမှ၎င်းအလှူခံ၍ အဆင်ပြေအောင် စီမံခဲ့ရသည်။လူများကို သနားအောင်ပြောဆို၍၎င်း၊ ကြော်ငြာ၍၎င်းအလှူခံခြင်းကို ကိုယ်တိုင်၎င်း၊ ကပ္ပိယများကို၎င်း လုံးဝမပြုလုပ်ခိုင်းခဲ့ပါ။ တပည့်များကိုသာ သာသနာအလုပ်ကိုကြိုးစားအားထုတ်စေခဲ့ပါသည်။

ကျောင်းထူထောင်ခါစသံဃာ(၁၀)ပါးကျော်မျှရှိစဉ်သံဃာအားလုံး ထိုင်ခုံလေးနှင့် နေကြပါသည်။ရဟန်းသာမဏေပါမကျန် တိုက်သံဃာအားလုံး ညစဉ်ညတိုင်းစာကျက်၊စာချပြီးတိုင်း လွင်တီးခေါင်၌ ဂုဏ်တော်နှင့်မေတ္တာပွားများပြီး ထိုင်ခုံလေးနှင့် ကျိန်းစက်ခဲ့ကြလေသည်။သူတို့၏ဘဝလေး၌ ပစ္စည်းဂုဏ်လာဘ်နှင့်အကောင်းစား စားဖွယ်၊ ဝတ်ဖွယ်၊နေဖွယ်များမရှိခဲ့ပါ။

နေ့ခင်နေ့လယ်အပူဒဏ်ကို ခံနိုင်ရုံ ဝါးကျောင်းလေးများ၌၎င်း၊သစ်ရိပ်ဝါးရိပ်များ၌၎င်း နေထိုင်သီတင်းသုံး၍ စာချစာသင်စာကျက်ခဲ့ကြရသည်။ထိုကဲ့သို့ သစ်ပင်ရင်း၌နေ၍ စာချစာသင်လုပ်နေရခြင်းကိုပင်ဆရာတပည့်များအားလုံးသည် ဖခမည်းတော်မင်းကြီး၏ထီးမွေနန်းမွေကို ထိုက်တန်စွာ ရရှိလိုက်သောအိမ်ရှေ့မင်းသားလေးကဲ့သို့ အလွန်ပျော်ရွှင်နေကြသည်။

ဦးသီလ၏ သာသနာပြုလုပ်ငန်းလေးသည် ဘုန်းကံကြီးမားသော ဆရာတော်များနှင့်နှိုင်းစာလျှင် မကြီးကျယ်လှပါ။သို့သော်လည်း မှောင်မိုက်နေသောလကွယ်ညကြီး၌ပိုးစုန်းကြူးလေးသည် သူ့အလင်းလေးနှင့် လောကကြီးကိုစွမ်းနိုင်သလောက် အလင်းဆောင်၍ အကျိုးပြုနေသလိုသူ၏သာသနာပြုလုပ်ငန်းလေးသည်လည်း ဗုဒ္ဓအလိုတော်ကျကိုယ့်ကျင့်ဝိနည်းကို မဏ္ဍိုင်ပြု၍ သာသနာအလုပ်ကို စွမ်းနိုင်သလောက် အားထုတ်နေ၍ လောကနှင့်သာသနာအတွက်အကျိုးတစ်စုံတစ်ရာရှိနေမည် ဖြစ်ပါတော့၏။

ရေပတ်လည်ဝိုင်းနေသော ကျွန်းရွာလေး၌ဦးသီလနှင့်တပည့်လေးများသည် နိုင်ရာဝန်ထမ်းလျက် သာသနာအလုပ်ကို ပျော်ရွှင်ချမ်းမြေ့စွာ ကြိုးစားနေကြသည်။ သို့သော်လည်း ကံကြမ္မာ၏ မျက်နှာသာပေးခြင်းကိုတော့ မခံရပေ။ နှစ်စဉ်မိုးရာသီရောက်တိုင် မိုးရွာ,လေတိုက်,ရေကြီးမှုဒဏ်ကို ဝါးတဲကျောင်းလေးများဖြင့် တောင့်ခံခဲ့ရသည်။ကျောင်းဝင်းတစ်ခုလုံးသာမက မှီခိုရာ ကျွန်းရွာလေးလည်းတစ်ကျွန်းလုံး ရေမြုပ်၍ ပင်လယ်ပြင်ကြီးသဖွယ်ဖြစ်နေတော့သည်။

ထိုကဲ့သို့ မိုးရွာ,ရေကြီး တစ်ကျွန်းလုံး ရေကြီးနေသော်လည်း ဆရာ တပည့်အပေါင်းတို့သည်ခံစားမှု အတွေ့အကြုံ အသစ်ဖြင့်သာသနာအလုပ်ကိုမပျက်မကွက် ဆက်လက်၍ အားထုတ်ခဲ့ကြသည်။တစ်လနီးပါး ရေကြီးပြီးနောက် ရေပြန်ကျချိန်၌ကားမြစ်ကမ်းပါးများသည် နေ့စဉ်ရက်ဆက်ကာ ပြိုကျပါတော့သည်။ ပထမဆုံး ဝါဆိုရာနှစ်, မိုးတွင်းကာလ၌ပင်ပေတစ်ရာကျော် နှစ်ရာနီးပါး ကမ်းပြိုခဲ့လေသည်။

ထိုကဲ့သို့ အခက်အခဲလေးများဖြင့် တွေ့ကြုံနေရသော်လည်း ဆရာ,တပည့်(၃၇)ပါးတို့သည် စိတ်ပျက်အားငယ်မှု ဖြစ်ရမှန်းပင်သတိမပြုမိခဲ့ကြပါ။ ကြုံတွေ့ရသောအဖြစ်အပျက်လေးများကို ပြုံးရွှင်စွာ ကျော်ဖြတ်ရင်းစာသင်,စာချ,ဘုရားဝတ်တတ်,တရားထိုင်လုပ်ငန်းများဖြင့် နေ့စဉ်လုပ်ငန်းကြီးကို လည်ပတ်နေခဲ့ကြသည်။ရေကြီးမှုကြောင့် ဆွမ်းခံတော့ မထွက်နိုင်တော့ကြပါ။သံဃာများကိုယ်စား ကပ္ပိယများသာ လှေဖြင့်ဆွမ်းခံပေးကြရသည်။

ါလကျွတ်သောအခါ၌ ထိုမှဤမှ သံဃာအသစ်များရောက်ရှိလာ၍ သံဃာ(၅၀)ကျော်လာခဲ့သည်။ ဒုတိယနှစ်ဝါဆိုချိန်၌ကား ကိုရင်ငယ်လေးများ ထပ်မံရောက်ရှိလာ၍ဝါဆိုသံဃာ(၆၇)ပါးဖြစ်လာပါသည်။ ထိုသို့ ကိုရင်အသစ်များထပ်မံရောက်ရှိလာသလို ဝါတွင်းကာလ၌လည်း မိုးကြီး,လေကြီးရေကြီးမှုများနှင့် ထပ်မံကြုံတွ့ရပြန်လေသည်။ထို့ပြင် မြစ်ကမ်းပြိုကျမှုကလည်း ပို၍ ဆိုးလာပြန်သည်။

ဦးသီလသည်ထိုကဲ့သို့အခြေအနေမျိုး၌ ခေါင်းဆောင်တစ်ပါးအနေဖြင့် ဆုံးဖြတ်ချက်တစ်ခုကို ပြတ်ပြတ်သားသားချမှတ်ခဲ့ပါသည်။ဆုံးဖြတ်ချက်ကား ရေလယ်ကျွန်းမှ အခြားတစ်နေရာသို့ပြောင်းရွှေ့၍ကျောင်းတိုက်အသစ်ထူထောင်ရန်ဖြစ်လေသည်။ဆင်းရဲမှုဒဏ်ကိုကြောက်ရွံ့လို့ မဟုတ်သလိုကျွန်းရွာလေးကို မေတ္တာမရှိလို့လည်း မဟုတ်ပါ။

သူချစ်မြတ်နိုးသော တပည့်လေးများ၏ အသက်အန္တရာယ်မထိခိုက်ရန်နှင့် အနာဂတ်သာသနာခရီးလမ်းကို ရေရှည်လျှောက်လှမ်းနိုင်ရန် အတွက်ကြောင့်သာ သူကြိုးကြိုးစားစားထူထောင်ခဲ့ရသော အသိုက်အမြုံလေးကို စွန့်ခွာ၍ အခြားတစ်နေရာသို့ ပြောင်းရွှေ့ရန် ထိုကဲ့သို့သော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ရလေတော့သည်။

ဦးသီလသည် အခြားတစ်နေရာ၌ ကျောင်းတိုက်အသစ်ကို ထပ်မံထူထောင်ရန် ဆုံးဖြတ်ချက်ချခဲ့သော်လည်း ငွေမရှိ,ဘွဲ့ဂုဏ်မရှိသည့် သူ့ဘဝမှာ အားကိုးစရာ ငွေကြေးချမ်းသာသောအလှူရှင်များလည်း မရှိခဲ့ပါ။ သူ့အားကိုးသည်ကား သူ့နှလုံးသား၌ တည်ဆောက်ထားသော ယုံကြည်ချက်သဒ္ဓါတရားသာတည်း။

‘‘ဣဇ္ဈတိ, ဘိက္ခဝေ, သီလဝတော စေတောပဏိဓိ ဝိသုဒ္ဓတ္တာ’’(သီလရှိသောသူ၏ စိတ်ဖြင့်လိုလားတောင်းတချက်မှန်သမျှသည်သီလ၏စင်ကြယ်သန့်ရှင်းသည်၏အဖြစ်ကြောင့် မချွတ်ဧကန်ပြည့်စုံရ၏။) ဆိုတဲ့ မြတ်စွားဘုရား တရားတော်ကိုယုံကြည်ချက်အပြည့်ဖြင့် သစ်ရိပ်,ဝါးရိပ်,တောရိပ်,တောင်ရိပ်ရှိသောနေရာဒေသ၌ ကျောင်းသစ်ထူထောင်ရန် နေရာရှာဖွေရန် စီစဉ်လေတော့၏။

ဦးသီလသည် အကြောင်းညီညွတ်တိုင်း ကျောင်းသစ်မြေနေရာကို စုံးစမ်းနေခဲ့သည်။ တစ်ခါတစ်လေစာချပြီးတာနှင့် ကပ္ပိယကိုခေါ်၍ စက်လှေဖြင့် မြစ်ကြောင်းအတိုင်းမောင်းခိုင်းကာသူသဘောကျမည့်တောရိပ်တောင်ရိပ်နေရာသို့ရောက်ပါကရပ်ခိုင်း၍ တောင်ဆင်းတောင်တတ်တောကြားတောင်ကြားသို့ သွာ း၍ သေ သေချာချာလေ့လာလေ့ရှိပါသည်။

တစ်နေ့၌ကား မြေနေရာလေ့လာရင်း မြို့နှင့်(၂)နာရီ စက်လှေခရီးမောင်းရသော ရွာလေးတစ်ရွာနား၌ရှိသော ဂငယ်ကွေ့တောင်တန်းလေ၏တောင်ခြေ၌တောရိပ်ကောင်းသော (၁၀)ဧကကျယ်ဝန်းသောမြေနေရာကို တွေ့၍ သဘောကျသွားပါသည်။ ထိုနေရာလေးသည် ကမ်းပြိုမှုမရှိနိုင်သော ကျောက်သားကမ်းပါးဖြစ်နေပြီးဆိတ်ငြိမ်သည့်အပြင် ရွာနှင့်လည်း မနီးမဝေး(၁၅)မိနစ်ခရီးလောက်သာ ဝေးကွာ၍ ဆွမ်းခံလို့ အဆင်ပြေနိုင်ပါသည်။ထို့ပြင်မြို့သို့လည်း စက်လှေရှိရင် သွားရလွယ်ကူ၏။ထို့ကြောင့်သူသည် ထိုနေရာလေးကို ရွေးချယ်ခဲ့လေ၏။

ထို့ကြောင့်ဂေါစရံဂါမ် ရွာကျောင်းဆရာတော်အား ဂါရဝပြုရန် သွားရောက်ကန့်တော့ရင်း အခြေအနေကိုအကဲခတ်စုံးစမ်းကြည့်ရာအဆင်မပြေမှုများစွာနှင့် တွေ့ကြုံခဲ့ရ၍ လက်လျှော့လိုက်ရလေသည်။သို့သော်လည်းဦးသီလသည် ဝါလကျွတ်လျှင် ကျောင်းသစ်ထူထောင်ဖို့ရန်အတွက် စိတ်ဆန္ဒပြင်းပြလျက်ပင် သာသနာအလုပ်ကိုမပျက်မကွက် ဆက်လက် အားထုတ်နေခဲ့သည်

။တစ်နေ့၌ကား သူ၏သီတင်းသုံးဖော် ရိပ်သာဆရာတော်လေးတစ်ပါးမှ တောတောင်ကောင်းသော နေရာလေးတစ်ခု၌ ရိပ်သာလုပ်ဖို့ရန်အတွက်တွေ့ထားသည့် နေရာလေးရှိ၏။ ထိုနေရာလေးကို ကြည့်ချင်ရင် ကြွလာခဲ့လို့ ဖိတ်မံလာသည်။ ထို့ကြောင့်ဦးသီလသည် စာဝါအားလပ်သည့် နေ့လေး၌ကြွရောက်၍ လေ့လာခဲ့ပါသည်။

ထိုနေရာလေးသည် တောင်ထိပ်၌ တည်နေသောဆံတော်ရှင်စေတီတော်ကိုဦးတိုက်လျက်အရှေ့အနောက်သွယ်တန်းနေသောစိမ့်စမ်းလျှိုမြောင်တောရိပ်တောင်ရိပ်ကြားလေး၌တည်ရှိနေသည်။ ရွာနှင့်မနီးမဝေး တောင်ကုန်လေး၌ဖြစ်သည့်အပြင် တောင်တက် ကားလမ်းလေးလည်း ရှိနေ၍လမ်းပန်းဆက်သွယ်ရေးလည်း အဆင်ပြေလှပါသည်။

ရွာသည်လည်း သီခြား တစ်ရွာတည်းမဟုတ်ဘဲ ရွာပေါင်းများစွာဆက်နေသော ရွာတန်းရှည်ကြီးများ ဖြစ်နေ၍ ဆွမ်းခံဖို့အတွက်အလွန်အဆင်ပြေလှပါသည်။ သောက်ရေသုံးရေအတွက်လည်းတသွင်သွင်စီးဆင်နေသော စမ်းချောင်းလေးများရှိနေ၍အဆင့်သင့်ဖြစ်နေပါ၏။ထို့ပြင် ရွာချင်းဆက် ကတ္တရာလမ်းကြီးများနှင့်မဝေးသည့်အပြင် ဆေးရုံ,ဆေးပေးခန်းရှိသော နယ်မြို့လေးနှင့်လည်း (၁၅)မိနစ်ကျော် ကားလမ်းခရီးသာ ဖြစ်၍ သံဃာများအရေးပေါ်ကျန်မာရေးကိစ္စအတွက်လည်း စိတ်အေးရပါသည်။

ကျောင်းသစ် ထူထောင်ရန်အတွက်လည်း ရွာခံဆရာတော်များနှင့်အဆင်ပြေသဖြင့် ထိုနေရာလေးကို ရွေးချယ်ခဲ့ပြန်သည်။ ထို့ကြောင့် ဦးသီလသည် သူ့၏ သာသနာပြုလုပ်ငန်းများကို စေတနာအပြည့်ဖြင့် လုပ်အားပါမက ငွေအားပါ ဝင်ရောက်၍ပါရမီဖြည့်နေသော ကပ္ပိယအစ်မရင်းအား ထိုနေရာလေးကို ကျောင်းသစ်ထူထောင်ရန်အတွက် ဝိနည်းတော်နှင့်အပ်စပ်အောင်စီမံနိုင်ရင် စီမံပေးဖို့ ပြောခဲ့ပါသည်။

သူ၏အစ်မသည် သူဖြစ်ချင်သောဆန္ဒများကို တစ်ယောက်တည်းနိုင်က တစ်ယောက်တည်းတာဝန်ယူ၍ စီမံပေးတတ်ပြီး မနိုင်ပါက စေတနာသဒ္ဓါတရားရှိသော ဖိတ်မံထားသော ရန်ကုန်မှ အလှူရှင်များနှင့် တိုင်ပင်၍ ဝိနည်းနှင့်အပ်စပ်အောင်စီမံပေးလေ့ရှိပါသည်။ဝါလမကျွတ်မီပင်( ၈)ဧကနီးပါးကျယ်ဝန်သည့်ထိုကျောင်းသစ်မြေကို ရရှိခဲ့ပါသည်။

နောက်ပိုင်းမှ သူသိရသည်မှာအလှူရှင်များသည် သူ့အစ်မအား လှူမည်ဟုဖိတ်မံထားကြသော်လည်း အကြောင်းအကျိုးမညီညွတ်၍ကျောင်းမြေစီမံချိန်၌လှူဒါန်းသူအချို့ မပါဝင်နိုင်ခဲ့ကြသေးပါ။ထို့ကြောင့်သူ၏အစ်မသည် ရှိသမျှလက်ဝတ်ရတနာအားလုံးကိုရောင်း၍စီမံခဲ့ရလေသည်။ ထို့ကြောင့်ထိုအစ်မ၌ဝတ်စရာ နားကပ်ပင်မကျန်ဟူ၏။

ဦးသီလသည်ဝါလကျွတ်သည်နှင့်ထိုကျောင်းသစ်သို့ပြောင်းရွှေ့နိုင်ရန်အတွက်ရည်ရွယ်ထားသည်။ရန်ကုန်မှရှေ့နေမိသာစုမှဝါးကျောင်းကြီးတစ်လုံး ဆောက်လုပ်လှူဒါန်းမည်ဖြစ်၍လည်း ပြောင်းဖို့ အဆင်ပြေပါသည်။ထိုကျောင်းသစ်တည်ရှိရာ တောင်ခြေနေ ရွာသူရွာသားများကလည်း ဝါးကျောင်းလေးတစ်လုံးကို ကြိုတင်ဆောက်လုပ်ပေးထားကြသည်။ ကုဋီအတွက်ဘိလပ်မြေအိပ်ခွံလေးများဖြင့်ကာ၍ လွင်တီးခေါင်ကုဋီအဖြစ်စီမံပေးထားကြသည်။

တောချုံထူထပ်ပြီး ခြင်ပေါ၍ ကုဋီတတ်ရင်းခန္ဓအိမ်ကို လှုပ်ရမ်းနေရသည်။ဦးသီလသည် ရှေးဦးစွာ မိမိနှင့်အတူ ဘုန်းကြီးတစ်ပါး၊ကိုရင် (၉)ပါး စုစုပေါင် း(၁၁)ပါးသာ စတင်၍ ပြောင်းရွှေ့ခဲ့ပါသည်။နေစရာကျောင်းကား အဆင်မပြေသေးပါ။ ဝါးကျောင်းလေးသည် (၈) ပါးလောက်သာ ကျောခင်းအိပ်၍ ဆန့်ရုံလောက်သာဖြစ်၍သူနှင့်အတူ ကိုရင်(၂)ပါးမှာ သစ်ပင်ရင်းကို ကျောင်းအဖြစ်သဘောထား၍ နေထိုင်ကြရသည်။

ရှေ့နေမိသာစုလှူမည့် ဝါးကျောင်းကြီးကို ရေရှည်စီမံကိန်းအနေဖြင့် လိုက်ပါလာသောဘုန်းကြီးနှင့် အလှူရှင်ဒကာမကြီးတို့တိုင်ပင်မိ၍ အုတ်ခံဖောင်ဒေးရှင်းချ၊အုတ်တိုင်တက်ကာဘင့်တန်းလုပ်၍ ဝါးခင်းဖတ်မိုးထားရန် စီမံကြပါသည်။အဆင်ပြေပါက တိုက်ကျောင်းလေး ဖြစ်လာရန်အတွက်ရည်ရွယ်ထားကြပါသည်။ထိုရည်ရွယ်ထားသည့်အတိုင်းပင်နောင်(၁)နှစ်ကျော်၌ အလှူရှင်မိသာစု၏ သဒ္ဓါတရားအကျိုးပေးလာမှုကြောင့် နှစ်ထပ်တိုက်ကျောင်းလေး ဖြစ်လာပါလိမ့်မည်။

ထိုနှစ်ထပ်ကျောင်းမပြီးသေးချိန်၌ တောင်ခြေရွာသူရွာသားတို့သည်သံဃာများနေထိုင်ရန်နောက်ထပ်ဝါးကျောင်းလေးတစ်လုံးကိုဆောက်လုပ်လှူဒါန်ကြပြန်သည်။ ထိုကျောင်းလေးလည်း (၁၁)ပါးလောက်သာ ဆန့်၍နောက်ထပ်ရောက်လာသော သံဃာများနှင့် မလုံလောက်ဖြစ်နေပြန်သည်။

ထုံးစံအတိုင်း ဦးသီလနှင့်ကိုရင်အချို့ကားသစ်ပင်အောက်၌ နေရမြဲပင် ဖြစ်သည်။အရုဏ်ဆွမ်းအတွက်ဆန်အနည်းငယ်သာရှိ၍ကိုရင်ငယ်လေးများကိုသာ ဆွမ်းပြုတ်တိုက်စေ၍ ဦးသီလနှင့်ကိုရင်ကြီးများကာ ဆွမ်းခံပြီး အရုဏ်နှင့်နေ့ဆွမ်းကိုတစ်ခါတည်းပေါင်း၍ စားကြရသည်။ဆွမ်းစားပြီးမှသာ စာသင်စာကျက်လုပ်ငန်းကို ပြုလုပ်ကြပါသည်။

ညနေစာသင်လုပ်ငန်းပြီးဆုံးချိန်၌ကား ကျောင်းလမ်းဖောက်ခြင်း, ကျောင်းမြေနေရာများကို သန့်ရှင်းခြင်းစသည်ကို ပြုလုပ်ကြရလေ၏။ညအချိန်၌ကားမီးစက်မရှိသေး၍ စာမကျက်ရဘဲဘုရားဝတ်တတ်ပြီးသည်နှင့် သြဝါနာယူကြရပါသည်။ပြီးနောက် ဦးသီလနှင့်အတူလိုက်ပါလာသော ဘုန်းကြီးနှင့်ကိုရင်ငယ်လေးများသည် ဝါးကျောင်းလေး၌တရားနှလုံးသွင်းပြီးကျိန်းစက်အနားယူ၍သူနှင့်ကိုရင်ကြီးအချို့မှာသစ်ပင်အောက်သွား၍ ထိုင်ခုံလေးများနှင့်ထိုင်၍တရားနှလုံးသွင်ကားကျိန်းစက်ကြရလေ၏။

သူသည်နေ့စဉ်ကိုရင် များကို ခေါင်းဆောင်၍ ဆွမ်းခံကြွပါသည်။ ဆွမ်းဟင်းများ အလျှံပယ်ရ၍ သာသနာပြုရန်အတွက်အားတတ်မိခဲ့သည်။ထို့ကြောင့် နေစရာမရှိရင် သစ်ပင်အောက်မှာပဲနေပြီးစာသင်စာချလို့ရတယ်လို့ နှလုံးသွင်းပြီးစာသင်သားများကိုရေလယ်ကျောင်းမှအားလုံးပြောင်းရွှေ့စေခဲ့ပါသည်။ဤသို့လျှင်ဝါကျွတ်ပြီး (၁)လကျော်လောက်မှာပင် သံဃာ(၆၀)ကျော်တို့ကြွရောက် သီတင်းသုံးနိုင်ခဲ့လေ၏။

ဦးသီလသည် နေစရာမရှိရင် သစ်ပင်အောက်မှာပဲနေပြီး စာသင်စာချလို့ရတယ်လို့ နှလုံးသွင်းပြီး စာသင်သားများကိုရေလယ်ကျောင်းမှ အားလုံးပြောင်းရွှေ့စေခဲ့ပါသည်။ဤသို့လျှင်ဝါကျွတ်ပြီး(၁)လကျော်လောက်မှာပင် သံဃာ(၆၀)ကျော်တို့ကြွရောက်သီတင်းသုံးနိုင်ခဲ့လေ၏။”သံဃာရှိရင် ကျန်တာရှိတယ်”ဆိုတဲ့အတိုင်းသံဃာတော်တို့၏ ဘုန်းကံကြောင့် နောက်ထပ်ဝါးကျောင်းကြီးတစ်လုံးနှင့် သစ်သားကျောင်းလေး တစ်လုံးမကြာမီပင် ပေါ်ပေါက်လာပါသည်။

သူ၏မယ်တော်နှင့်အစ်မများကကျောင်းအတွင်းစမ်းကျောင်းလေး၌ရေသိမ်ကျောင်းလေးဆောက်လုပ်လှူဒါန်းထား၍ဥပုသ်ကံစသည်ကိုလွယ်ကူစွာ ဆောင်ရွက်နိုင်ခဲ့လေ၏။ကျောင်းတွင်းလမ်း အလှူရှင်များလည်း ပေါ်ပေါက်လာပါသည်။သိမ်တော်ကြီးဖောင်ဒေးရှင်းချနိုင်ရန်အတွက် အလှူရှင်လည်းပေါ်လာပါသည်။

စာသင်စာချ သံဃာတော်များသည် မိမိတို့၏စာသင်စာချအလုပ်ကိုလည်း ကြိုးစားကြရပါသည်။ထူထောင်ခါစ ကျောင်းသစ်ဖြစ်၍လည်းကျောင်းလမ်းဖောက်ခြင်း၊ သိမ်တည်ဆောက်နိုင်ရန်အတွက် သိမ်မြေနေရာ တောင်ကုန်းလေးကို ညီညာအောင် ပြုလုပ်ခြင်းအစရှိသည့်ကျောင်းတည်ဆောက်ရေးလုပ်ငန်းများတွင်ဝိနည်းတော်နှင့် အပ်စပ်မည့် အရာများ၌ အလှူရှင်များကုန်ကျမှု သက်သာအောင် အားလပ်ချိန်များ၌ ဝိုင်းဝန်း၍လုပ်အားဒါန ပြုကြပါသည်။

ဦးသီလသည် တောင်ကုန်းတောင်ကြား၌တည်ထောင်ရသော ကျောင်းလေးဖြစ်၍ တပည့်လေးများမြွေကိုက်ခြင်းစသော အန္တရာယ်များကင်းအောင်တပည့်များအားပရိတ်တော်များကိုနေ့စဉ်ပူဇော်စေပါသည်။သူကိုယ်တိုင်လည်းနေ့စဉ်နံနက်(၃)နာရီခွဲထ၍ ပရိတ်နှင့်ပဋ္ဌာန်းတရားတော်များကိုပူဇော်ခဲ့လေသည်။ တပည့်လေးများအား အထူးသဖြင့်ရောင့်ရဲခြင်းတရားနှင့်သီလတရားကိုသာ အထူးတိုက်တွန်းဟောကြား၍ မေတ္တာနှင့်ဂုဏ်တော်များကို လက်ကိုင်ထားဖို့ရန်အမြဲလိုလို သြဝါဒပေးလေ့ရှိပါသည်။

ထိုပရိတ်,ပဋ္ဌာန်း,ဂုဏ်တော်,သစ္စာစသောတရားတော်မျာ၏ အစွမ်းသတ္တိကြောင့်ပင် ဆိုရပါမည်။ကိုရင်တစ်ပါးသည် သံဃာများအတွက် ဖျော်ရည်လုပ်ရန်မရမ်းသီးခူးရင်း မြင့်မားသော မရမ်းပင်ပေါ်မှ ပြုတ်ကျခဲ့ရာမြေကြီးအောက် မရောက်ခင် မေ့သွားပါသော်လည်းဘေးအန္တရာယ်တစ်စုံတစ်ရာ မရှိခဲ့ပါ။

အနည်းဆုံး ပွန်းပဲ့ရာပင် မထင်ခဲ့ပါ။ရဟန်းသာမဏေများ တဖြည်းဖြည်းများလာသောကြောင့်ဝါမဆိုမီပင် (၁၀၀)နီးပါးရှိလာခဲ့သည်။ အဆောက်အဦးမရှိသေး ၍ ဆောက်လုပ်ပြီးစ ရှေ့နေမိသာစုလှူဒါန်းသော တိုက်ကျောင်းလေးအပေါ်ထပ်၌ မလောက်၍ ဝရံတာ၌ပင် ထွက်အိပ်ကြရသည်။

ထိုအခါကလည်းကိုရင်လေးတစ်ပါးသည်ညသန်းခေါင်အချိန်၌ကျောင်းအပေါ်ထပ်မှအိပ်ရင်းလိမ့်ကျခဲ့ပါသေးသည်။သို့သော်လည်းထိုကိုရင်လေးသည်ဘေးအန္ တရာယ်တစ်စုံတစ်ရာ မဖြစ်ဘဲ သူ့မှာသူ ပြန်ထလာပြီးကျောင်းပေါ်ပြန်တက်လာကာ ပြန်အိပ်ပျော်သွားသည်ဟုနောက်မှ သီတင်းသုံးဖော်များသိခဲ့ရသည်။

ထိုကျသောနေရာမှာ အုတ်,သံ,သစ်တုံး သစ်ပိုင်းစသောဆောက်လက်စပစ္စည်းအကြွင်းအကျန်များဖြင့် ပြည့်နေပါသည်။ပရိတ်,ပဋ္ဌာန်းတရားတို့၏ အာနု ဘော်ပင်ဖြစ်ပါလိမ့်မည်။

ရေလယ်ကျွန်းမှ ကျောင်းပြောင်းရွှေ့ပြီး (၃)လကျော်အချိန်၌ ဝိနည်းဝါသနာပါသော ဦးသီလသည် ဝိနည်းသာသနာထွန်းလင်းဖို့ရန် အတွက် အထောက်အကူဖြစ်စေနိုင်မည့်(ဝိနည်းဆွေးနွေးပွဲကြီး)ကို အဆောက်အဦးမပြည့်စုံသည့်ကြားကပင်ဆရာတော်သံဃာတော်များကိုပင့်ဖိတ်၍ ပြုလုပ်နိုင်ခဲ့ပါသည်။သစ်ပင်အောက်လေး၌ ကျင်းပသော ထိုပွဲသို့သံဃာ(၂၀၀)နီးပါး တက်ရောက်ချီးမြှောက်ခဲ့ကြပါသည်။

ကြွရောက်လာကြသော ဆရာတော်သံဃာတော်များဖြင့်ပင်ဝိနည်းဆွေးနွေးပွဲအပြီး ညနေခင်းအချိန်၌ သိမ်သမုတ်နိုင်ရန်အတွက် သိမ်နုတ်တော်မူခဲ့ကြပါသည်။ထိုကြွရောက်လာကြသော ဆရာတော်သံဃာတော်များသည် ဝိနည်းလေးစားကြပြီး သာသနာကို ချစ်မြတ်နိုးသူများဖြစ်၍ ပစ္စည်းလာဘ်လာဘ တစ်စုံတစ်ရာအတွက် ကြွရောက်လာခြင်းမဟုတ်ဘဲ ကိုယ့်စရိတ်ဖြင့်ကိုယ်သာ ကြွလာကြပြီးဝိနည်းသာသနာအတွက် အားပေးချီးမြှောက်ခဲ့ကြခြင်းပင်ဖြစ်ပါသည်။

လေးစားကြည်ညိုစရာ ကောင်းလေစွ။ကျောင်းထူထောင်ပြီး (၂) နှစ်ကျော်ချိန်၌လည်းဝိနည်းချစ်မြတ်နိုးသောဆရာတော် သံဃာတော် (၁၀၀) ကျော်တို့ဖြင့် သိမ်တော်ကြီးကို သမုတ်နိုင်ခဲ့ပါသည်။ထိုသိမ်သမုတ်ပွဲ၌လည်းငွေကြေးကုန်ကျမှု မရှိခဲ့ပါ။ ဆရာတော်သံဃာတော်များ သာသနာစိတ်အပြည့်ဖြင့် ချီးမြှောက်ခဲ့ကြပါ၏။


ကွောငြးသံဃာမွားအားလုံးသညြ ရှငှနေေိူဂျဂိမွားနှငြ့သာသနာနှငြ့မအပစြပသြော ပဈစညြးမွားကို ကိုငတြှယြ သုံးဆောငခြှငြးကို လုံးဝ ပှုလုပခြှငြ့ မရှိပါ။ ဖုနြးမွားကိုလညြး ကိုငဆြောငခြှငြ့မပှုခဲ့ပါ။ဦးသီလတို့ကွောငြးလေး၌ ကပျပိယအဖှဲ့ ဂေါပကအဖှဲ့တို့သီးခှား မရှိပါ။ သူ၏အဈမရငြးကသာ ကပျပိယအဖှဈ စီမံဆောငရြှကပွေးပါသညွ။ ထို့ကှောငွ့ အမှားကှောငွးလို မခမွှးသာပါ။

သို့သွာလညွး ကှောငွးတိုကမွှ ဖှဈပေါလွာသော လဟုဘဏွသံဃိက ပဈစညြးမွားကို ပနပြှော၍ ပဈစညြးလေးပါးနှငြ့စာကှညွ့မကှမွှနပွါမကနွှ ကှောငွးတိုကမွှ တာဝနယွူ၍အတကနြိုငဆြုံး လှူဒါနြးပေးပါသညြ။ ညနခငြေးအခွိနြ ဘုရားဝတြ,တရားနာပှီးခှိနွ၌ကား အလှူရှငရွှိပါက ကှံရညစွသောဖှောရွညကွိုတိုကွ၍ မရှိပါက ကှောငွးခှံထှကွ မရမွးသီးဖှောရွညလွေးကိုနေ့စဉမြပှတြ အဆာပှရေုံ တိုကပြါသေး၏။

ဤသို့လျှင် ဦးသီလသည် ငွေတွင်မက ဘွဲ့ဂုဏ်ပါမရှိပါသော်လည်း သူချစ်မြတ်နိုးသော တပည့်လေးများအပေါ်စေတနာမေတ္တာထား၍ ဂရုစိုက် စောင့်ရှောက်ကာနေ့စဉ်ရက်ဆက် သာသနာအလုပ်ကို ကြိုးစားနိုင်ခဲ့ပါသည်။ထို့ကြောင့် သူထူထောင်ခဲ့သော တောတောင်ကြားကကျောင်းလေးသည် ကျေးရွာနယ်လေးဖြစ်ပါသော်လည်းဒုတိယနှစ်၌ ဝါဆိုသံဃာ(၁၁၈)ပါး၊ တတိယနှစ်၌(၁၂၁)၊စတုတ္ထနှစ်၌ (၁၂၅)ပါး၊ ပဉ္စမနှစ်ဖြစ်သည့် ယခုနှစ်၌ကား(၁၂၈)ပါးတို့သည် ဝါဆိုဝါကပ်၍ ပရိယတ်,ပဋိပတ်အကျင့်မြတ်များကို အားထုတ်နိုင်ခဲ့ကြပါသည်။

သူကိုယ်တိုင် ဘွဲ့ဂုဏ်မယူခဲ့သော်လည်း တပည့်လေးများအနာဂတ်သာသနာကို ကျယ်ကျယ်ပြန့်ပြန့် ပြုနိုင်ရန်အတွက်ရည်မှန်ကား စာမေပွဲများကို ဖြေဆိုခွင့် ပြုခဲ့ပါသည်။ စာမေးပွဲမဖြေလိုသော တပည့်လေးများအတွက်လည်း ဝိနည်းတော်ကိုအထူးသင်ပေး၍ ပါဠိသဒ္ဒါနှင့်အဘိဓမ္မာများကိုလည်း သင်ယူနိုင်အောင် စီမံထားပါသည်။ ယခုဆိုလျှင် ထိုတောရကျောင်းလေး၌မူလတန်း၊ပထမငယ်တန်း၊ပထမလတ်တန်၊ပထမကြီးတန်းနှင့်ဓမ္မာစရိယဘွဲ့ရသူများပင် ပေါ်ပေါက်ခဲ့သလို သာမဏေကျော်ဘွဲ့ရသူ တစ်ဦးလည်း ပေါ်ပေါက်ခဲ့ပါသည်။

ယခုနှစ်၌ စတင်၍ ကျင်းပမည့် အဘိဝိနယာစရိယစာမေးပွဲအတွက်လည်း ဝိနည်းပါဠိအဋ္ဌကထာဋီကာ စာဝါများကိုလည်း ပို့ချပေးလျက်ရှိပါသည်။ ထို့ပြင် ပါဠိပါရဂူစာချဘုန်းကြီးတစ်ပါးလည်း ထပ်မံရောက်ရှိလာပြီး ဦးသီလထံ၌ ဝိနည်းအထူးလေ့လာရင်း စာများကို ကူညီပို့ချပေးလျက်ရှိပါသည်။ထို့ကြောင့် နောက်နှစ်များ၌ ပါဠိပါရဂူစာသင်သားများကိုလည်းသင်ကြားပေးဖို့ရန်အတွက် ကြိုးစားသွားဖို့ အစီအစဉ်ရှိပါ၏။

ကျောင်းထူထောင်သည့်(၃)လတာ ကာလမှစ၍နှစ်စဉ်နှစ်တိုင်း ဝိနယသာကစ္ဆာ (ခေါ်) ဝိနည်းဆွေးနွေးပွဲကြီးကို ကျင်းပနိုင်ခဲ့ပါသည်။ ယခုနှစ်ပြာသိုလပြည်ကျော်(၆)ရက်နေ့၌လည်း ဆဋ္ဌမအကြိမ်မြောက် ကျင်းပဖို့ စီစဉ်နေကြပါသည်။

ငွေတွင်မက ဘွဲ့ဂုဏ်ပါ မရှိသော ရဟန်းတော်လေးတစ်ပါးထူထောင်ထားသော စိမ့်စမ်းလျှိုမြောင်တောတောင်ကြားကတောရကျောင်းလေး၌ (၅)နှစ်တာကာလ လက်ရှိအချိန်၌ကားရဟန်း(၆၅)ပါးနှင့် သာမဏေ(၇၈)ပါး၊ စုစုပေါင်း(၁၄၃)ပါးတို့သည်ပစ္စည်းလေးပါး ပူပန်စရာမလိုဘဲ ဝိနည်းကိုယ်ကျင့်သီလကိုမဏ္ဍိုင်ပြု၍ သာသနာအလုပ်ကို ပျော်ရွှင်ချမ်းမြေ့စွာဖြင့်ကြိုးစားအားထုတ်လျက် ရှိနေကြပါတော့၏။

မှတ်ချက်။ ။ကာယကံရှင် မကြိုက်၍ ဘွဲ့တော်နှင့်နေရိပ်လိပ်စာ အတိအကျမထည့်ထားပါ။သို့သော်သူ့အကြောင်းကို သိနေသော လူရှင်ရဟန်းများအတွက်တော့ ပြောစရာ စကားမရှိပါ။ဂုဏ်လာဘ်မရှိလျှင်ဘယ်လို သာသနာပြုမလဲလို့ ညည်းတွားနေကြသည့်သာသနာ့ညီတော်နောင်တော်များအတွက် အတုယူအားကျစေလို၍ ဤအကြောင်းကို ရေးသားလိုက်ပါသည်။နားလည်ခွင့်လွှတ်နိုင်ကြပါစေ။ရွှင်လန်းချမ်းမြေ့ကြပါစေ။