News

“ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ ပို့လာရင် လက်မခံကြဖို့ လျှို့ဝှက် ညွှန်ကြားထား”

Breaking News- ICC တရားရုံးနှင့် အာဂျင်တီးနားတရားရုံးက ပေးပို့လာသော အကြောင်း ကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာ လက်မခံရန် မင်းအောင်လှိုင် လျှို့ဝှက်ညွှန်ကြား

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မင်းအောင်လှိုင်နှင့်စစ်ခေါင်းဆောင်များကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ၊ အာဂျင်တီးနားတရားရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပေးပို့လာသော အကြောင်းကြားစာ၊ ဖမ်းဆီးမိန့်၊ ဖမ်း၀ရမ်းနှင့်ဆင့်ခေါ်စာများကို လုံး၀ လက်ခံ‌ြ ခင်း မပြုရန် မင်းအောင်လှိုင်က ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ညွှန်ကြားချက်ကို နေပြည်တော်တရားလွှတ်တော်ချုပ်ထံသို့ ပေးပို့ထားပြီး တရားသူကြီးချုပ် ထွန်းထွန်းဦးကလည်း ၎င်း၏ တရားလွှတ်တော် ဝန်ထမ်းများကို မည်သည့်စာကိုမှ လက်မခံရန် လျှို့ဝှက် ညွှန်ကြားကြောင်း သိရှိရသည်။

ပြည်ပမှ ဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့်အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်း သိရှိရသည်။