ထီးချိုင့်မြို့နယ်အတွင်း စကစ နှင့် ပေါင်းပြီး သစ်ခိုးထုတ်နေသည်ဟုဆိုသည့် သစ်ကွင်းကို ဒေသကာကွယ်ရေးအဖွဲ့မှ ဝင်စီးကာ စက်ယန္တယားများကို မိုင်းခွဲမီးရှို့ဖျက်ဆီး
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ငပိချောင်းကျေးရွာတွင် ပြည်သူ့အစိုးရလက်ထက်က ပိတ်ပင်တားဆီးထားသည့်
သစ်ထုတ်လုပ်ရေးမှာ အာဏာသိမ်းစစ်ကောင်စီနှင့်ပေါင်းပြီး လုပ်ငန်းပြန်လည်ပတ်နေ၍ဟုဆိုကာ
ဒေသကာကွယ်ရေးအဖွဲ့က စက်ယန္တရားများကို မိုင်းခွဲမီးရှို့ဖျက်ဆီးလိုက်သည်။
ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ထီးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ငပိချောင်းကျေးရွာရှိ
သစ်ထုတ်လုပ်ရေးကုမ္ပဏီ၏ သစ်တင်ကလပ် (၃)စီး၊ သစ်သယ်ယာဉ် (၂)စီး၊ သစ်တင်ကရိန်း
(၁)စီး၊ စီဘီသံခွန်(၁)စီး နှင့် စက်လှေ(၁)စီးတို့ကို မိုင်းခွဲမီးရှို့ဖျက်ဆီးခဲ့သည်ဟု ၂၀၂၁ခုနှစ်
ဒီဇင်ဘာလ(၂၇)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ သစ်ထုတ်လုပ်ရေးကုမ္ပဏီအား ဦးသိန်းစိန် သမ္မတဖြစ်စဉ်က သစ်တန်ပေါင်းများစွာကို
ထုတ်ယူခွင့်ပြုခဲ့ပြီး NLD အစိုးရလက်ထက်တွင် သစ်ထုတ်လုပ်ခွင့်ကို ပိတ်ပင်တားမြစ်ခဲ့သော်လည်း ယခု
၂၀၂၁ စစ်တပ်အာဏာသိမ်းသည်ကာလအတွင်း အာဏာသိမ်းစစ်ကောင်စီနှင့် ပေါင်းပြီး
သစ်ခိုးထုတ်နေသည့်အတွက် ယခုလို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
Photo: HPDF – Htee Phyu
#ddaychannel