News

“ယခင်က ၁၀ တန်းအောင်သာလက်ခံတဲ့ စကစ လေတပ်က ယခု (၆ ) တန်းအောင်မှစတင်ခေါ်ယူ”

စစ်ကောင်စီက ၄င်း၏လက်အောက်ခံ လေတပ်သို့ဝင်ရောက်လိုပါက ၆ တန်းအောင်မှစတင်ဝင်ရောက်နိုင် သည်ဟု ကြေငြာချက်ထုတ်ပြန်ကာတပ်သားသစ်စု ဆောင်းနေကြောင်း သိရသည်။

ယခင်စစ်အာဏာမသိမ်းမီကာလများတွင် စစ်ကောင် စီ၏ရေတပ်နှင့်လေတပ်သို့ဝင်ရောက်လိုပါက ပညာအ ရည်အချင်း အထက်တန်းတက်ရောက်ဖူးသူများကိုသာစုဆောင်းခြင်းဖြစ်ပြီး ယခုဝင်ရောက်လိုသူနည်းပါးနေသဖြင့် ၆ တန်းအောင်များထိပါခေါ်ယူနေခြင်းဖြစ်ကြောင်းသိရသည်။

” အရင်က ရေနဲ့လေဆိုရင် အနည်းဆုံးဆယ်တန်း ထိတက်ဖူးတဲ့သူတွေကိုစုရတာပေါ့။ ဆယ်တန်းမတက်ဖူးတဲ့ ၉တန်းတို့ ၉တန်းအောင်တို့ဆိုရင် ကျနော်တို့က ဆယ်တန်းတက်ဖူးတဲ့ထောက်ခံစာရအောင် အတုလိုက်လုပ်ရတယ်။အဲ့တာမှ လေ တပ်စုဆောင်းရေးကလက်ခံတာ။ ဆယ်တန်းအောင်တွေဆိုရင်ပိုကြိုက်တာပေါ့။

ခုက အဲ့ဒီပညာအရည်အချင်းနဲ့ ဝင်မယ့်သူမရှိတော့လို့လား နည်းလာလို့လားဘဲ အတန်းလျှော့ပေးလိုက်တာဖြစ်မယ်။ ၆ တန်း က အရင်က ကြည်းတပ်တောင်တိုက်ခိုက်ရေးတပ်လောက်ဘဲစုလို့ရတာ။လက်ရုံးတပ်ဆိုရင် စုလို့မရဘူး” ဟု စစ်သားသစ်နယ်လှည့်စုဆောင်းနေသူတဦး က ဧရာ ဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် စစ်ကောင်စီမှ ဆယ်တန်းအောင်မြင်ပြီး သက် ဆိုင်ရာစစ်ဘက်တက္ကသိုလ်များကိုသာ ၄င်းတို့ ၏ဝါဒဖြန့်သတင်းစာမှခေါ်ယူခြင်းဖြစ်ပြီး ယခုကဲ့သို့ တပ်သားသစ်အဆင့်အား သတင်းစာမှ ခေါ်ယူခြင်းသည် ယခုမှကြုံဘူးခြင်းဖြစ်ကြောင်း ၄င်းကဆက်လက်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ၄င်းတို့၏လက်အောက်ခံ တပ်များသို့ ဝင်ရောက်သူနည်းပါးနေသဖြင့် နည်း မျိုးစုံဖြင့်လိုက် လံစုဆောင်းနေပြီး ​လေတပ်အပြင်ကြည်းတပ်သားစု ဆောင်းမှုများတွင်လည်း ၄ တန်း အောင်ထိစုဆောင်းနိုင်ရန် အတန်းလျှော့ပေးထားကြောင်း သိရသည်။​

Credit: ဧရာဝတီတိုင်းမ်