Local News

ဒေါ်အောင်ဆန်းစုကြည်အမှု ၂ ကို ဒီနေ့ အမိန့်ချဖို့ရှိ၊ သဘာဘေးစီမံဥပဒေပုဒ်မအတွက် ဒေါက်တာဇော်မြင့်မောင်လည်း ဗီဒီယိုကနေ သက်သေထွက်ဆိုဖို့ရှိနေ..

ဒေါ်အောင်ဆန်းစုကြည်အမှု ၂ ကို ဒီနေ့ အမိန့်ချဖို့ရှိ၊ သဘာဘေးစီမံဥပဒေပုဒ်မအတွက် ဒေါက်တာဇော်မြင့်မောင်လည်း ဗီဒီယိုကနေ သက်သေထွက်ဆိုဖို့ရှိနေ..

ဒေါ်အောင်ဆန်းစုကြည်အမှု ၂ ကို ဒီနေ့ အမိန့်ချဖို့ရှိ၊

သဘာဘေးစီမံဥပဒေပုဒ်မအတွက် ဒေါက်တာဇော်မြင့်မောင်လည်း ဗီဒီယိုကနေ သက်သေထွက်ဆိုဖို့ရှိနေ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မနဲ့

ဆက်သွယ်ရေးဥပဒေပုဒ်မ အမှုနှစ်ခုကို ဒီနေ့ ဒီဇင်ဘာလ ၂၇ ရက်မှာ

နေပြည်တော်အထူးတရားရုံးကနေ အမိန့်ချမှတ်ဖို့ရှိပါတယ်။

ဒီအမှုတွေကို ပြီးခဲ့တဲ့သီတင်းပတ် ရုံးချိန်းကတည်းက အပြီးသတ်အမိန့်ချဖို့ရှိခဲ့ပေမဲ့

တရားသူကြီးက အကြောင်းပြချက်မပေးဘဲ အခုသီတင်းပတ်ကို ရုံးချိန်း ထပ်ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။

နောက် ဒေါ်အောင်ဆန်းစုကြည်ရင်ဆိုင်နေရတဲ့ နောက်ထပ်အမှုတစ်ခုဖြစ်တဲ့ သဘာဝဘေးစီမံဥပဒေပုဒ်မအမှုအတွက်

ဒေါက်တာဇော်မြင့်မောင်ကို ဗီဒီယိုကွန်ဖရန်ဇင်းကနေ သက်သေအဖြစ် ထွက်ဆိုနိုင်တယ်ဆိုပြီ

း တရားသူကြီးက ပြီးခဲ့တဲ့တစ်ပတ် ရုံးချိန်းကတည်းက ဆုံးဖြတ်ထားပါတယ်။

ဒီနေ့ အမိန့်ချဖို့ရှိတဲ့အမှု ၂ ခုဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့တဲ့

မြနန်းဘုံသာလမ်းနေအိမ်ကိုဝင်ရောက်ရှာဖွေရာမှာ စကားပြောစက် ၁၀ လုံး နဲ့ Jammer တစ်စုံ

တွေ့လို့ဆိုပြီး ပို့ကုန်သွင်းကုန် ဥပဒေနဲ့ စတင်စွဲဆိုခဲ့တဲ့ ပထမဆုံးအမှုဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဘက်က ပထမဆုံးအမှုအဖြစ် ဒီပုဒ်မနဲ့

အမှုတပ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

အဲဒီစကားပြောစက်တွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့မတ်လမှာ ဆက်သွယ်ရေးဥပဒေနဲ့တရားထပ်စွဲခဲ့တာပါ။

ပို့ကုန်သွင်းကုန်ဥပဒေအရ ပြစ်မှုထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်တယ်ဆိုရင် ထောင် ၃ နှစ် ဒါမှမဟုတ်

ငွေဒဏ် ချမှတ်ခံရနိုင်ပြီး ဆက်သွယ်ရေးဥပဒေအရဆိုရင် ထောင် ၁ နှစ် ဒါမှမဟုတ် ငွေဒဏ် ချမှတ်ခံရနိုင်ချေ ရှိနေပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ စွပ်စွဲမှုတွေနဲ့တရားရင်ဆိုင်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သဘာဝဘေးစီမံပုဒ်မနဲ့

ပုဒ်မ ၅၀၅(ခ) တို့အတွက် အမိန့်ချမှတ်ခံထားပြီး ကျန်စွပ်စွဲခံအမှုတွေအတွက်

ထောင်ဝတ်စုံနဲ့ ကြားနာမှုတွေကိုတက်ရောက်နေရပါတယ်။

ပုံစာ -၂၀၂၀ ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့

ကော့မှူးမှာ ကိုယ်စားလှယ်လောင်း လျှောက်လွှာ

သွားရောက်တင်သွင်းချိန်တွေ့မြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည် (ပုံဟောင်းဖြစ်ပါတယ်)

ဓာတ်ပုံ – Getty Images