အိပ်မပျော်တဲ့ မိတ်ဆွေများအတွက် ကျမလုပ်နေကြနည်းလေးပေးပါရစေ။ အိပ်ဆေးသောက်အိပ်ချင်းဟာ ရေရှည်မှာမကောင်းပါဘူး။ဒီနိုင်ငံမှာဆိုအိပ်ဆေး လုံးဝ မပေးပါဘူး
အရင်ကတော့ နွားနို့ ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှအိပ်ရင်အိပ်ပျော်တယ်ဆိုလို့သောက်ကြည့်ပါတယ်။ မဆိုးပါဘူး
ဒါပေမဲ့ နွားနို့သိပ်မကြိုက်တတ်တဲ့ ကျမအတွက် သိပ်အဆင်မပြေပါဘူး။ ဒါနဲ့ အညာမှာနေတဲ့ မွေးသမိခင်ကိုမေးရတော့တာပေါ့
သမီးရေ အိပ်မပျော်ရင် ရေနွေးထဲကို ပူတီနာ(ပူစီနံ)အရွက် ၅ရွက် ၆ရွက်ကိုထည့်ပြီးခပ်နွေးနွေးလေးအနေအထားရောက်ရင်သောက်ပြီးအိပ်ယာထဲဝင်လိုက်ပါတဲ့။ ခဏနေရင် အိပ်ပျော်သွားလိုက်မယ်တဲ့
တကယ်ကို အဟုတ် အိပ်ဆေးကောင်းလေးပါ။အခုတော့အိမ်မှာ ပူတီနာကို အခင်းဖြစ်အောင်စိုက်ထား လိုက်ပါတော့တယ်
သြော် နောက်တစ်ခုက ပူတီနာ အရည်ကို သောက်ချင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်းကြစေပါတယ်တဲ့။ မိတ်ဆွေများလိုသလို အသုံးပြုနိုင်ကြပါစေ
Credit Wai Lwin
Zawgyi
အိပ်မပျော်တဲ့မိတ်ဆွေများအတွက် ကျမလုပ်နေကြနည်းလေးပေးပါရစေ။ အိပ်ဆေးသောက်အိပ်ချင်းဟာ ရေရှည်မှာမကောင်းပါဘူး။ ဒီနိုင်ငံမှာဆိုအိပ်ဆေး လုံးဝ မပေးပါဘူး
အရင်ကတော့ နွားနို့ ပူပူလေးကို မအိပ်ခင် နာရီဝက်လောက်အလိုမှာ သောက်လိုက်ပြီးမှ အိပ်ရင်အိပ်ပျော်တယ်ဆိုလို့ သောက်ကြည့်ပါတယ်။မဆိုးပါဘူး