Local News

လူတချို့ရဲ့ စကားကြောင့် ဝမ်းနည်းသွားရတဲ့ ကျပ်(၅၀၀)တန်ထမင်းဆိုင် စေတနာရှင်လူငယ်များ

သင်္ဃန်းကျွန်း မြို့နယ်ထဲမှာ ကမ္ဘာ့ဈေးအသက်သာဆုံး ဒံပေါက်ကို ရောင်းချပေးခဲ့တဲ့ YGပရဟိတလူငယ်အဖွဲ့မှ လူငယ်တယောက်ရဲ့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာတဲ့ အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

လူတွေက ခက်တယ်ဗျာ။ ဒီနေ့အဝစား ၅၀၀ ထမင်း၊ဟင်းအပြင် အရံဟင်း ချဉ်ရည်ဟင်း တို့စရာ ငရုတ်သီးသုပ်ပေးတာတောင် ဒံပေါက်မဟုတ်ရင် မစားဘူးဆိုပြီး တချို့တွေ ပြောသွားကြတယ်။

ကျနော်တို့လည်း စိုက်ပြီးလှူရတာပါဗျာ။ အရင်းတောင် ပြန်မရပါဘူး။ အလှူရှင်ရှိတဲ့နေ့ နည်းနည်းပါးပါး ထပ်စိုက်ပြီး ဒံပေါက်လုပ်ပြီး ရောင်းပေးပါတယ်။

ဒါပေမယ့် အများစားလို့ရအောင် ထမင်းဟင်းလည်း ရောင်းပေးရပါမယ်။ ဒါတောင် တော်တော်စိုက်ပြီး လှူရတာပါ။ တကယ်အကောင်းဆုံးလုပ်ပြီး ရောင်းပေးတာပါ။ နားလည်ပေးစေချင်ပါတယ်။ SALMAN,YG ပရဟိတလူငယ်များ။ ဆိုပြီးရေးသားထားပါတယ်။

လူတချို့ရဲ့ စကားအသုံးအနှုန်းတွေကြောင့် ပရဟိတလုပ်တဲ့ လူငယ်တွေ ခံစားနေရတယ်လို့ သိရပါတယ်။လာစားတဲ့ လူတွေအနေနဲ့လည်း ကိုယ်မစားချင်ရင် ဒီအတိုင်း ပြန်သွားလို့ ရပေမယ့်လည်း ဒီလိုစကားမျိုး ဝေယျာဝစ္စလုပ်တဲ့သူကို မပြောသင့်ပါဘူး။

ပရဟိတ လူငယ်များအနေနဲ့လည်း ဘေးကပြောစကားတွေကို ခေါင်းထဲမထားဘဲ ပြည်သူတွေ သက်သာချောင်ချိစွာ စားသုံးနိုင်အောင်ဆက်လက် ဆောင်ရွက်ပေးပါလို့ တိုက်တွန်း လိုက်ရပါတယ်ခင်ဗျာ။

လှူဒါန်းကြတဲ့ စေတနာဇောတိကများနဲ့ ဝေယျာဝစ္စကုသိုလ် ယူကြတဲ့ လုပ်အားဒါနရှင်များ နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီးတော့ ပျော်ရွှင်ကြည်နူးရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဒီနေရာကနေ ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

လူတွေမှာလည်း စိတ်နေစိတ်ထား အမျိုးမျိုးရှိကြတာပါလေ။ လက်တောင်အတိုအရှည်မညီတာမို့ လူတစ်ချို့ရဲ့ ပြောစကားအချို့ကို ဥပက္ခာပြုပြီး ရှေ့ဆက်ကူညီနိုင်ဖို့ရာ ခွန်အားဖြစ်စေမယ့်စကားလုံးတွေကိုသာ အရေးစိုက်ကြစေချင်ပါတယ်လို့ပဲ ပရဟိတလူငယ်များကို ပြန်လည်ခွန်အားပေးလိုပါတယ်။

Crd…Edit..

သင်္ဃန်းကျွန်း မြို့နယ်ထဲမှာ ကမ္ဘာ့ဈေးအသက်သာဆုံး ဒံပေါက်ကို ရောင်းချပေးခဲ့တဲ့ YGပရဟိတလူငယ်အဖွဲ့မှ လူငယ်တယောက်ရဲ့ ဝမ်းနည်းစွာနဲ့ ရင်ဖွင့်လာတဲ့ အကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

လူတွေက ခက်တယ်ဗျာ။ ဒီနေ့အဝစား ၅၀၀ထမင်း၊ဟင်းအပြင် အရံဟင်း ချဉ်ရည်ဟင်း တို့စရာ ငရုတ်သီးသုပ်ပေးတာတောင် ဒံပေါက် မဟုတ်ရင် မစားဘူးဆိုပြီး တချို့တွေ ပြောသွားကြတယ်။

ကျနော်တို့လည်း စိုက်ပြီးလှူရတာပါဗျာ။ အရင်းတောင် ပြန်မရပါဘူး။ အလှူရှင်ရှိတဲ့နေ့ နည်းနည်းပါးပါး ထပ်စိုက်ပြီး ဒံပေါက်လုပ်ပြီး ရောင်းပေးပါတယ်။

ဒါပေမယ့် အများစားလို့ရအောင် ထမင်းဟင်းလည်း ရောင်းပေးရပါမယ်။ ဒါတောင်တော်တော်စိုက်ပြီး လှူရတာပါ။တကယ်အကောင်းဆုံးလုပ်ပြီးရောင်းပေးတာပါ။ နားလည်ပေးစေချင်ပါတယ်။ SALMAN,YG ပရဟိတလူငယ်များ။ ဆိုပြီးရေးသားထားပါတယ်။

လူတချို့ရဲ့ စကားအသုံးအနှုန်းတွေကြောင့် ပရဟိတလုပ်တဲ့ လူငယ်တွေ ခံစားနေရတယ်လို့ သိရပါတယ်။ လာစားတဲ့ လူတွေအနေနဲ့လည်းကိုယ်မစားချင်ရင် ဒီအတိုင်း ပြန်သွားလို့ ရပေမယ့်လည်း ဒီလိုစကားမျိုး ဝေယျာဝစ္စလုပ်တဲ့သူကို မပြောသင့်ပါဘူး။