Local News

ကားကိုရွှံ့ဖြင့်ဖုံးအုပ်ပြီး မောင်းနှင်ကာ လမ်းစည်းကမ်းချိုဖောက်ရာကျတာကြောင့် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသား

ကားကိုရွှံ့ဖြင့်ဖုံးအုပ်ပြီး မောင်းနှင်ကာ လမ်းစည်းကမ်းချိုဖောက်ရာကျတာကြောင့် ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အမျိုးသား

Channel 3 Thailand သတင်းထဲမှာ Chonburi ပြည်နယ်ရှိ Pattaya မြို့ရဲ့ ကျော်ကြားတဲ့ လမ်းအလယ်မှာ ထူးဆန်းတဲ့ အဖြူရောင် Toyota ကားတစ်စီးကို ဖော်ပြခဲ့ပါတယ်။၎င်းကားကို အသက် ၄၉ နှစ်အရွယ်ဒေသခံစီးပွားရေးလုပ်ငန်းရှင် Mr Prasert Panuektong ကပိုင်ဆိုင်ထားတာပါ။

သူဟာသူ့ကိုယ်ပိုင်ကားကို ၎င်း“ ပုံစံ” ဖြင့် ပြုပြင်ရန်ဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။ ဖြတ်သွားဖြတ်လာသူများကသူ့ရဲ့စီးနင်းမှုပုံစံ နဲ့အတူ ဓာတ်ပုံရိုက်ကူးခြင်းကို ကြိုက်နှစ်သက်ကြောင်း သူက ထပ်မံပြောကြားခဲ့ပါတယ်။ ဒေသခံရဲက မစ္စတာ Panuektong ဟာ ယာဉ်အသွားအလာဥပဒေ ၂ ခုကို အမှန်တကယ်ချိုးဖောက်ခဲ့တယ်လို့ ပြောကြားပါတယ်။

တစ်ခုမှာ လမ်းတစ်လျှောက် မြက်များဖြင့် လမ်းမမြင်နိုင်‌အောင် ပြုလုပ်နေတာဖြစ်ပြီး နောက်တစ်ခုကတော့ ရွှံ့ များ ကျနေတာတွေက အခြားလူများကို ထိခိုက်စေနိုင်တာကြောင့် ရဲတပ်ဖွဲ့က မစ္စတာ Panuektong ဖမ်းဆီးခဲ့လိုက်ပါတယ်။

Zawgyi



